နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဂျက်ဆန်၊ ဒေါက်ဂလပ်စ် လူးဝစ်ကို ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေတဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နီကိုးလက်စ် ဂျက်ဆန် ကတော့ ဥရောပ ပြိုင်ပွဲ မကစားရတဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက တန်ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်ထားတာကြောင့် ဂျက်ဆန် အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ် ကနေ အလွယ်တကူ ထွက်ခွာခွင့်တော့ ရရှိမှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂိုကို အနည်းဆုံး ပေါင် ၈၅ သန်း ရရှိမှ ရောင်းထုတ်ချင်တာကြောင့် အာဆင်နယ်က သူတို့ စိတ်ဝင်စားမှုကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ် ယူနိုက်တက် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ကို ခေါ်ယူရေး ရန်ပုံငွေ ရှာဖွေဖို့ အတွက် လူးဝစ္စ ဒီးယက်ဇ်၊ ဒါဝင် နူညက်ဇ်နဲ့ ဟာဗေး အဲလီယော့တ် တို့ကို ရောင်းချဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ကတော့ အိဆက်ခ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ အတွက် ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲထားသလို ချဲလ်ဆီး ကလည်း ဇာဗီ ဆိုင်မွန်စ်နဲ့ ဂျာရဲလ် ဟာတို တို့ကို ခေါ်ယူရဦးမှာ ဖြစ်တာကြောင့် အိဆက်ခ်ကို ပစ်မှတ် အဖြစ် မသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ဒီနွေရာသီမှာ ခေါ်ယူဖို့ အိပ်မက်က အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် PSR စည်းမျဉ်းတွေကြောင့် စာချုပ်ချုပ်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း သိရပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ရဲ့ ကွင်းလယ် ဖန်တီးရှင် အီဘာရီချီ အီးဇီး ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ မျှော်လင့်ထားကြောင်း သူရဲ့ သူငယ်ချင်းတွေကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ အဲဗာတန်နှင့် ဝုဗ် တို့ကတော့ မိုနာကို တိုက်စစ်မှူး မီကာ ဘီရက်သ်ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒီကစားသမားကို ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့တော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) အထိ ပေးချေရဖို့တော့ ရှိနေပါတယ်။

ချဲလ်ဆီးရဲ့ ဒီနွေရာသီမှာ ခေါ်ယူဖို့ အိပ်မက်က အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် PSR စည်းမျဉ်းတွေကြောင့် စာချုပ်ချုပ်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ် ကနေ ထွက်ခွာချင်နေပြီ ဖြစ်တဲ့ ဒေါက်ဂလပ်စ် လူးဝစ်

ယိုအာနေး ဝစ်ဆာ အတွက် နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ ဘရန့်ဖို့ဒ် ကတော့ ကစားသမားနဲ့ ထပ်မံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ လိုင်ယွန် ဂိုးသမား လူးကပ်စ် ပါရီအား ပေါင် ၁၅.၆ သန်း (ဒေါ်လာ ၂၁ သန်း) နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြပါတယ်။

ဝက်စ်ဟမ်း ကတော့ ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ အပြောင်းအရွှေ့ကို သဘောတူညီမှု ရရှိဖို တွန်းအားပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကစားသမားက တူရင် ကလပ်နဲ့ လေ့ကျင့်ခန်း မဆင်းတော့ပဲ အသင်း ကနေ ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေသလို တစ်ဖက် မှာလည်း တော့တင်ဟမ်ဟော့စပါး ဒီအပြောင်းအရွှေ့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မေဂျာလိဂ် ကလပ် အဲလ်အေ အက်ဖ်စီ ဥက္ကဌ ကတော့ ဆွန်ဟောင်မင်ကို ခေါ်ယူရေး ကြယ်ပွင့် စီမံကိန်း အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ တောင်ကိုရီးယား အသင်းခေါင်းဆောင် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ နည်းပြ သောမက်စ် ဖရန့်ခ်နဲ့ ဆွေးနွေးပြီး မကြာခင်မှာ ဆုံးဖြတ်ချက်ချသွားဖို့ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်