နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော့စ်ကီရာနဲ့ ခံစစ် အင်အားကို မြှင့်တင်နိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မတိုင်ခင် ခံစစ်ပိုင်း အတွက် ခရစ္စသီယန် မော့စ်ကီရာကို ခေါ်ယူပြီး အင်အား ဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကစားသမား အတွက် အာဆင်နယ်က ဗလင်စီယာကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း (ယူရို ၁၅ သန်း) သာ ပေးချေခဲ့ရပြီးတော့ မြောက်လန်ဒန် ကလပ်နဲ့ ၁၂ လ သက်တမ်းတိုးခွင့်ပါရှိတဲ့ ၅ နှစ် စာချုပ်ချုပ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် စပိန် ကစားသမားဟာ မာတင် ဇူဘီမန်ဒီ၊ ကီပါ အရစ်ဇာဘာလာဂါ၊ ခရစ်ရှန် နောဂတ်နဲ့ နိုနီ မာဒူခေး တို့ပြီးရင် ဒီရာသီ အာဆင်နယ်ရဲ့ ပဥ္စမမြောက် ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

မော့စ်ကီရာ ကတော့ မီခဲလ် အာတေးတားရဲ့ အသင်း အတွက် ခံစစ် နေရာစုံမှာ ကစားပေးနိုင်သူ ဖြစ်ပြီးတော့ ညာအစွန် ခံစစ် သို့မဟုတ် ဗဟိုခံစစ်မှာ အဓိက ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် မော့စ်ကီရာ ရောက်ရှိလာမှုက အသင်း ကနေ ထွက်ခွာသွားတဲ့ တာကာဟဲရိုး တိုမီယာဆု နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်သလို ဝီလီယမ် ဆလီဘာရဲ့ အရန် အဖြစ် အသုံးတော်ခံဖို့လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ 

စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီက ဗလင်စီယာ အတွက် တခြားသော ကစားသမားတွေထက် ဘောလုံး ပေးပို့မှု ၁၈၂၂ ကြိမ် အောင်မြင်ခဲ့ပြီးတော့ aerial duels won ၃၂ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖြတ်ထုတ်မှု အပိုင်း မှာလည်း မော့စ်ကီရာက ဂျိုဆေး ဂါရာ (အကြိမ် ၄၀) ၊ ဆီဇာ တာရက်ဂါ (၃၇ ကြိမ်) တို့ပြီးရင် ၃၆ ကြိမ်နဲ့ အများဆုံး စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မော့စ်ကီရာဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဗလင်စီယာ အတွက် သူစတင် ပွဲထွက်ကစားခွင့်ရချိန်က စပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပွဲပေါင်း ၉၀ ကစားထားခဲ့ပါတယ်။

ဒီလို ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်း အပေါ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ခရစ္စသီယန်ကို အာဆင်နယ် ကနေ ကြိုဆိုခွင့်ရလို့ ဝမ်းသာပါတယ်။ အသက် ၂၁ နှစ် အရွယ် နောက်ခံလူ ခရစ္စသီယန်ဟာ လာလီဂါမှာ ထူးခြားတဲ့ အတွေ့အကြုံတွေနဲ့ တသမတ်တည်း ကောင်းကောင်း စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။” လို့ အာတေးတးက ဆိုပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
ကစားသမား ၅ ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ ဝန်းကျင် အသုံးပြုထားတဲ့ အာဆင်နယ်

ဆက်လက်ပြီး “သူဟာ ဥာဏ်ရည် ထက်မြက်တဲ့ ကစားသမား ဖြစ်ပြီး ဗဟိုခံစစ်နဲ့ အစွန်ခံစစ် နှစ်ဖက်စလုံးမှာ ကစားနိုင်သူပါ။ သူဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အရည်အချင်း ရှိပြီး ကြီးမားတဲ့ အလားအလာတွေ ရှိတဲ့ လူငယ်ကစားသမား ဖြစ်ပါတယ်။ နောက်ရာသီ အတွက် ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ သူက ကျွန်တော်တို့ အသင်း အတွက် ကောင်းကောင်း အံဝင်ခွင်ကျဖြစ်သွားမှာပါ။ ခရစ္စသီယန်က ကျွန်တော်တို့ အသင်းမှာ အရည်အသွေးကောင်းတွေ ဖြည့်ပေးနိုင်ပြီး သူ့အနေနဲ့ အိမ်လိုမျိုး ခံစားရစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံး ခရစ္စသီယန်နဲ့ သူ့ရဲ့ မိသားစုကို ကလပ် ကနေ ကြိုဆိုပါတယ်။” လို့ အာတေးတားက ပြောကြားသွားခဲ့ပါတယ်။

ဂန်းနား ကစားသမားသစ် မော့စ်ကီရာဟာ ကျောနံပါတ် ၃ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး အာဆင်နယ်နဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်က စွမ်းအင်တွေ အများကြီးနဲ့ ကစားသမား တစ်ယောက်ပါ။ ငယ်ရွယ်ပါတယ်။ ဒါကြောင့်မလို့ ပေးစွမ်းနိုင်တာတွေ အများကြီး ရှိနေပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ တက်ကြွ‌ပြီး ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဒါတွေ အားလုံးရဲ့ အထက် မှာတော့ ကျွန်တော် တိုးတက်ချင်ပါတယ်။ ဒီအရာကပဲ အသင်းရဲ့ လူစာရင်း အတွက် ယှဉ်ပြိုင်မှုကောင်း‌တွေကို ပေးစွမ်းနိုင်မှာပါ။ ကျွန်တော် တကယ်ကို ပျော်ရွှင်ရပါတယ်။” လို့ မော့စ်ကီရာက ပြောကြားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ စပိန်သားက “ဗလင်စီယာ မှာတုန်းက ဂန်းနားဟောင်းတွေ ဖြစ်ကြတဲ့ ပေါ်လစ္စတာ၊ ယူဆက်ဖ် မူဆာချီ တို့နဲ့ ကျွန်တော့် အကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ အာဆင်နယ်က ခြားနားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေပြီး မှော်ဆန်တဲ့ အကြောင်းကို ဂါဘရီရယ် ပေါ်လစ္စတာက အမြဲပြောလေ့ရှိသလို မူဆာချီက ကလည်း ဒီအသင်းရဲ့ ခမ်းနားကြီးကျယ်မှု အကြောင်းတွေကို ပြောပြခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၅ ဦး အထိ ခေါ်ယူထားနိုင်ပြီး ပြောင်းရွှေ့ကြေး အနေနဲ့တော့ ပေါင် သန်း ၁၂၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူပြီးချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အသုံးစရိတ်က ပေါင် သန်း ၁၈၀ ဝန်းကျင်အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်