နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစွန်ခံစစ်ကစားသမားတစ်ဦး ခေါ်ယူမယ့် ဘာစီလိုနာ၊ ယာမယ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံးလို့ ချီးကျူးလိုက်တဲ့ ဂယ်ရီ လိုင်နီကာ | လာလီဂါ

ဇူလိုင်လ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် နောက်ခံလူသစ် တစ်ဦးကို ထပ်မံ အလိုရှိနေကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ ဘေယာ လေဗာကူဆင်က အလက်ဟန်ဒရို ဂရီမဲလ်ဒိုနဲ့ အင်တာမီလန်က ဒန်ဇဲလ် ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာ အတွက် စာရင်း မသွင်းနိုင်သေးကြောင်း သိရပါတယ်။ ဒါ့အပြင် ယိုအန် ဂါစီယာက အသင်းရဲ့ အစိတ်အပိုင်း မဟုတ်သေးပေမယ့်လည်း ကလပ်ရဲ့ လစာ ပြဿနာတွေကို ဖြေရှင်းဖို့ ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေကြောင်း The Mirror က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်ဘက်တစ် ကတော့ အန်တိုနီ အတွက် ပေါင်သန်း ၃၀ တန်ကြေး ရှိတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ရုန်းကန်နေရကြောင်း iNews က ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း အက်တလက်တီကိုမက်ဒရစ်က ဘရာဇီးလ် တောင်ပံကစားသမားကို ခေါ်ယူဖို့ လက်တလော ရေပန်းအစားဆုံး အသင်း အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

နေရာစုံမှာ ကစားနိုင်တဲ့ ချဲလ်ဆီး နောက်ခံလူ ရီနာတို ဗိုင်ဂါ ကတော့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတည်ပြုခဲ့ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ဒီကစားသမား အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) လိုချင်နေပါတယ်။

အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားခဲ့ပြီး လာလီဂါ ကလပ် မှာတော့ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားနေပါတယ်။
ယာမယ်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ချီးကျူး ပြောဆိုလာခဲ့တဲ့ ဂယ်ရီ လိုင်နီကာ

ရီးရဲလ်မက်ဒရစ် ကတော့ အင်တာမီလန် ကွင်းလယ် ကစားသမား နီကိုလို ဘာရယ်လာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကစားသမားရဲ့ တန်ကြေးက ယူရို သန်း ၆၀ အထက် ရှိနေတာကြောင့် လက်လျှော့သွားဖွယ် ရှိနေပါတယ်။ ဇာဘီ အလွန်ဆိုရဲ့ အသင်း ကတော့ ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ထိပ်တန်း ကစားသမားတွေ ကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေတဲ့ တခြားသော ကစားသမား ကတော့ ဘေယန်မြူးနစ် နောက်ခံလူ ဒါယော့တ် အူပါမီကာနို ဖြစ်ပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ကစားသမားနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးတွေ တိုးတက်မှု နှေးကွေးနေတာကြောင့် လော့စ်ဘလန်ကို တို့က အခွင့်အရေးယူဖို့ ကြိုးစားလာတာ ဖြစ်ကြောင်း သိရပါတယ်။

ရိုဒီရီဂို ကတော့ အပန်းဖြေ ခရီးစဉ်မှာပဲ ရှိနေဆဲ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် အတွက် ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ရိုဒရီဂို အနေနဲ့ ဆန်တီယာဂို ဘာနေဗျူးမှာ ဆက်ရှိနေချင်သည့် တိုင်အောင် ရီးရဲလ်မက်ဒရစ် ကတော့ ဘရာဇီးလ်သား အတွက် သူတို့ မျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ရောင်းသွားမှာ ဖြစ်ပါတယ်။

လူကာ မိုဒရစ် ထွက်ခွာသွားပြီးနောက် ကီလီယန် အမ်ဘာပေးဟာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ကစားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားခဲ့ပြီး လာလီဂါ ကလပ် မှာတော့ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားနေပါတယ်။ အမ်ဘာပေးဟာ ကျောနံပါတ် ၁၀ ကိုတော့ ပြင်သစ် လက်ရွေးစင် အသင်းမှာ ဝတ်ဆင် ကစားနေပါတယ်။

လာမင်း ယာမယ် ကတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဘောလုံး သုံးသပ်သူ ဂယ်ရီ လိုင်နီကာက ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် ယာမယ်ဟာ မက်ဆီနဲ့ မာရာဒိုနာ တို့လို ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်