နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုးမားမှာ အငှားထွက်ကစားဖို့ ရှိနေတဲ့ ဖာဂူဆန်ကို ဘရိုက်တန်မှာ အောင်မြင်မယ်လို့ ယုံကြည်နေတဲ့ ဟက်ဇ်လာ | စီးရီးအေ

အီဗန် ဖာဂူဆန် ကတော့ စီးရီးအေ ကလပ် ရိုးမားကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ Here We Go ထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖေဘီယန် ဟက်ဇ်လာ ကတော့ အိုင်ယာလန်သားဟာ ဘရိုက်တန်မှာ အောင်မြင် ရရှိနိုင်သေးကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ဖာဂူဆန်ဟာ စီးရီးအေ ကလပ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်နေပြီး ရိုးမား အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ရှိထားကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ် အိုင်ယာလန် လက်ရွေးစင် အနေနဲ့ အီတလီ နိုင်ငံ မြို့တော်မှာ ဆေးစစ်မှု မခံယူခင် ရိုးမား ပရိသတ်တွေရဲ့ သူရဲကောင်း တစ်ဦးသဖွယ် ကြိုဆိုခဲ့ခြင်းကို ခံခဲ့ရပါတယ်။

ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ဒဏ်ရာပြဿနာ အနည်းငယ် ရှိခဲ့ပြီး ဒါက သူရဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် အဟန့်အတား ဖြစ်ခဲ့ရသလို ပွဲကစားချိန် ကိုလည်း ထိခိုက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဇင်ယော်တွေရဲ့ နည်းပြ ဖေဘီယန် ဟက်ဇလာ ကတော့ ဖာဂူဆန်ဟာ သူ့ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေထဲမှာ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်နေဆဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

စီးရီးအေ ကလပ် ကတော့ သူတို့ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အီဗန် ဖာဂူဆန် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဒုတိယနှစ်ဝက် ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ အချိန်ကထက် ပိုပြီးခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီတွေမှာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတဲ့ ဖာဂူဆန်

ဟက်ဇ်လာက Argusနဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ အတွက်၊ ကစားသမား တစ်ဦးချင်းစီမှာ သူတို့ကို ဖွံ့ဖြိုးတိုးတက်စေမယ့် ပတ်ဝန်းကျင် ရှိဖို့ အမြဲတမ်း အရေးကြီးပါတယ်။ အငှားချတာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ကျွန်တော် တို့ရဲ့ ကစားသမား တစ်ဦးပါ။ သူက ကျွန်တော် တို့ဆီကို အရည်အသွေးကောင်းတွေ ယူဆောင်လာဆဲ ဖြစ်ပါတယ်။ သူဟာ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ပြီး သူကစားချိန် ပိုရလာတဲ့အခါ တစ်နေ့ သူပြန်လာပြီး ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမှာ သေချာပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။‌

စီးရီးအေ ကလပ် ကတော့ သူတို့ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အီဗန် ဖာဂူဆန် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဒုတိယနှစ်ဝက် ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ အချိန်ကထက် ပိုပြီးခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဖာဂူဆန်ဟာ ဂရေဟမ် ပေါ်တာရဲ့ ဝက်စ်ဟမ်း အတွက် ပထမလူစာရင်းမှာ တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ကျန် ၇ ပွဲမှာ အရန် ကစားသမား အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် လူငယ် ကြယ်ပွင့်လေးဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဘရိုက်တန်ကို စတင် ရောက်ရှိခဲ့ပြီးတော့ နောက်ရာသီမှာတော့ အသင်း အတွက် ၂၅ ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာဂူဆန်က အဲဒီရာသီမှာ ၁၀ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် တစ်ချိန်မှာ တောက်ပလာမယ့် ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာတော့ ဖာဂူဆန်က ဘရိုက်တန် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ အထိ ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ ဒုတိယ ရာသီ ဝက်မှာတော့ ဝက်စ်ဟမ်းကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။  ရိုးမားဟာ မနေ့ကပဲ လန်းစ် အသင်းရဲ့ ကွင်းလယ်လူ နီးလ် အဲလ် အေနာအူရီကို ပေါင် သန်း ၂၀ နဲ့ ခေါ်ယူခဲ့ပြီးနောက် အီဗန် ဖာဂူဆန်ဟာ ဂတ်စ်ပီရီနီရဲ့ အသင်း အတွက် ဒီနွေရာသီ ဒုတိယမြောက် ခေါ်ယူမှုလည်း ဖြစ်လာတော့မှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်