နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေမှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ သေချာတဲ့ နီးကိုးလက်စ် ဂျက်ဆန်၊ မော်တန် ဂျူးလ်မန်း ကို အပြိုင် စိတ်ဝင်စားနေတဲ့ မန်ချက်စတာ မြို့ခံ နှစ်သင်း | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နီကိုးလက်စ် ဂျက်ဆန် ကတော့ ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း FootballTransfers က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ ဂျက်ဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သတ်မှတ်ထားပါတယ်။

စပို့တင်း ကွင်းလယ် ကစားသမား မော်တန် ဂျူးလ်မန်း ကိုတော့ ပရီးမီးယားလိဂ် မန်ချက်စတာ မြို့ခံ နှစ်သင်းက အပြိုင် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ သတင်းစာ A BOLA က ဖော်ပြပါတယ်။
မော်တန် ဂျူးလ်မန်း အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ သတ်မှတ်ထားတဲ့ စပို့တင်းလစ္စဘွန်း

စပို့တင်း ကွင်းလယ် ကစားသမား မော်တန် ဂျူးလ်မန်း ကိုတော့ ပရီးမီးယားလိဂ် မန်ချက်စတာ မြို့ခံ နှစ်သင်းက အပြိုင် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ သတင်းစာ A BOLA က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ် ကလည်း ဒီကစားသမားကို စုံစမ်းမေးမြန်းထားပေမယ့် ပေါ်တူဂီ ကလပ် ဘက်ကတော့ တန်ကြေး ယူရို သန်း ၈၀ (ပေါင် ၆၉.၃ သန်း) သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် အသင်း တာဝန်ရှိသူတွေ ကတော့ မကြာခင်မှာ သက်တမ်း ကုန်ဆုံးမယ့် အီဘရာဟီမာ ကိုနာတေးကို စာချုပ်သက်တမ်းတိုးဖို့ အပြင်းအထန် ဆွေးနွေးဖို့ စီစဉ်ထားကြောင်း L’Équipe က ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အန်းဒရစ်ခ်ကို ရောင်းထုတ်ပြီး ကိုနာတေးကို ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေပေမယ့် တရားဝင် ကမ်းလှမ်းထားခြင်းတော့ မရှိသေးပါဘူး။

ပီအက်စ်ဂျီ ကတော့ ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ အတွက် မန်ချက်စတာစီးတီးနှင့် ယူနိုက်တက် တို့နဲ့ အပြိုင် ကြိုးပမ်းဖို့ ရှိနေကြောင်း Maisfutebol က ဖော်ပြပါတယ်။ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားရဲ့ အနာဂတ်နှင့် ပတ်သက်လို့ မသေချာမရေရာမှုတွေ ရှိနေချိန်မှာ ပြင်သစ် ကလပ်က ကော်စတာကို ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အီတလီသား ကတော့ ပဲရစ် ကလပ်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပြီး ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီး အတွက် ပစ်မှတ် အဖြစ် ပေါ်ထွက်လျက် ရှိနေပါတယ်။

ယိုကီးရက်စ်နဲ့ ပတ်သတ်လို့ အာဆင်နယ်နဲ့ စပိုတင်းလစ္စဘွန်းတို့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ထပ်ဆောင်းကြေးနဲ့ ပတ်သတ်လို့ လက်ရှိ အချိန်ထိ အဆင်မပြေ‌ဖြစ်နေသေးပေမယ့် မကြာခင်မှာ ပြေလည်သွားလိမ့်မယ်လို့ အာဆင်နယ် ဘက်က ယုံကြည်နေပါတယ်။ ဒီကြားထဲမှာ ယူနိုက်တက်က စပိုတင်းလစ္စဘွန်းဆီ ချိတ်ဆက်မှုတွေ လုပ်ခဲ့သေးပေမယ့် ဆွီဒင်သား ဘက်က အာဆင်နယ် ကသာ အဓိက ဦးစားပေး ဖြစ်ကြောင်း တုံပြန်ခဲ့ထားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မားနဲ့ ပြန်လည် ဆုံစည်းဖို့ အိပ်မက်မက်နေပြီး ယူရို သန်း ၁၇၀ (ပေါင် ၁၄၇.၄ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သတင်းတွေ တက်လာပါတယ်။ တစ်ဖက်မှာလည်း ချဲလ်ဆီးက လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဒီကစားသမား ကတော့ တန်ကြေး ယူရို သန်း ၁၁၀ ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကလည်း ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း လက်ရှိ မှာတော့ အက်စတွန်ဗီလာက ဂျက်ကော့ဘ် ရမ်ဆေးကို အစားထိုး ပစ်မှတ် အဖြစ် ရှုမြင်ထားကြောင်း သိရပါတယ်။

အလက်ဇန္တား အိဆက်ခ် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်မြင် ယူဆချက် အားလုံး အပေါ် တည်ငြိမ်မှု အပြည့် ရှိနေကြောင်း The Telegraph က ဖော်ပြပါတယ်။ နယူးကာဆယ် ဥက္ကဌ နဲ့ တွဲဖက် ပိုင်ရှင်တို့ အပါအဝင် နယူးကာဆယ်လ် ယူနိုက်တက် ထိပ်တန်း အရာရှိ အားလုံးက အိဆက်ခ်ကို ရောင်းချလိုခြင်း မရှိကြောင်း အခိုင်အမာ ပြောဆိုနေကြပါတယ်။

ဝက်စ်ဟမ်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရှက်တာဒိုးနတ် ကွင်းလယ်လူ ဂျော်ဂျီ ဆူဒါကော့ဗ်ကို ဆက်သွယ်ခဲ့ကြောင်း အလန် နစ်ဆန်က ဖော်ပြခဲ့ပါတယ်။ ဟမ်းမားတွေ ကတော့ အသင်း ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေတဲ့ ယူကရိန်း လက်ရွေးစင် ကစားသမားကို ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်