ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒီကနေ့ မနက်အစောပိုင်းမှာပဲ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကင်မရွန်း တောင်ပံကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း+ အပိုဆုကြေး ပေါင် ၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၃၀ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်ထဲမှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို သိရပါတယ်။
ယူနိုက်တက် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဘရိုင်ယန် အမ်ဘူမို ကတော့ သူ့ရဲ့ အိပ်မက် အသင်းကို ပြောင်းရွှေ့လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး ရလာချင်းပဲ ကျွန်တော်ရဲ့ အိပ်မက် ကလပ် အတွက် လက်မှတ်ထိုးခွင့် ရမယ့် အခွင့်အရေးကို အရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်က ဒီအသင်း ဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာတာပါ။” လို့ အမ်ဘူမိုက ပြောခဲ့ပါတယ်။
အမ်ဘူမို ကတော့ မားသီးယက်စ် ကူညာနဲ့ ဒီယေဂို လီယွန်တို့ ရောက်ရှိလာပြီးနောက် ဒီနွေရာသီမှာ နည်းပြ ရူဘင် အမော်ရင်ရဲ့ တတိယမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ကင်မရွန်း လက်ရွေးစင် အတွက် ယူနိုက်တက်က ပထမဦးဆုံး ကမ်းလှမ်းမှု အပြီး ၇ ပတ် အကြာမှာ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ကနဦး ပေါင် ၆၅ သန်း+ အပိုဆုကြေး ပေါင် ၆ သန်းနဲ့ ယူနိုက်တက်ရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ တစ်ပတ်က လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အမ်ဘူမိုက “ကျွန်တော့်ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အမြဲတမ်း မနေ့ကထက် ပိုကောင်းနေဖို့ပါပဲ။ ကျွန်တော်က ဒီနေရာမှာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ စိတ်ဓာတ် ခွန်အားနဲ့ စရိုက် လက္ခဏာတွေ ရှိနေသူပါ။ ရူဘင် အမော်ရင် ဆီကနေ သင်ယူပြီး ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ တွဲကစားရမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီမှာ ဖန်တီးနေတဲ့ ပတ်ဝန်းကျင် အကြောင်းနဲ့ အနာဂတ် အတွက် ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေ ရှိတယ် ဆိုတာ လူတိုင်းက ကျွန်တော့်ကို ပြောပြကြတယ်။ ဒါက မယုံနိုင်စရာ အားကစားကွင်းကြီးနဲ့ အံ့သြစရာကောင်းတဲ့ ပရိသတ်တွေနဲ့ ကြီးမားတဲ့ ကလပ်အသင်းပါ။ အကြီးမားဆုံး ဆုဖလားတွေကို စိန်ခေါ်ဖို့ တကယ်ကို စိတ်ပိုင်းဖြတ်ထားပါတယ်။”
အမ်ဘူမိုက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ၄၂ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းကာ ၈ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်၊ စပါးနဲ့ တခြားသော ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး အမ်ဘူမို ကိုယ်တိုင်က ယူနိုက်တက် ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ယူနိုက်တက်ရဲ့ ဘောလုံး ဒါရိုက်တန် ဂျေဆန် ဝီလ်ကော့စ်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ပရီးမီးယားလိဂ်မှာ ဘရိုင်ယန်ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှု မှတ်တမ်းက ထူးခြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ လိုက်လျောညီထွေရှိမှုက သူ့ကို အင်္ဂလန်မှာ နောက်ဆုံး (၃) ရာသီအတွင်း အအောင်မြင်ဆုံး ကစားသမားတွေထဲ ရောက်သွားစေခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ပရောဂျက်နဲ့ ကလပ်မှာ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဘရိုင်ယန်ရဲ့ ယုံကြည်ချက်က သူဟာ မန်ချက်စတာယူနိုက်တက် အတွက် ပြီးပြည့်စုံတဲ့ အံဝင်ခွင်ကျမှု ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။” လို့ ဂျေဆန် ဝီလ်ကော့စ်က ပြောပါတယ်။
တစ်ဖက်မှာလည်း အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးဟာ ဘရန့်ဖို့ဒ် အသင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ အမ်ဘူမို မတိုင်ခင် မှာတော့ ဘရန့်ဖို့ဒ်ဟာ အိုင်ဗန် တိုနေးကို အဲလ်အာလီဆီ ရောင်းချပြီး ပေါင် သန်း ၄၀ အဖြစ် အမြင့်ဆုံး ရရှိထားခဲ့တာ ဖြစ်ပါတယ်။
အမ်ဘူမိုဟာ မန်ချက်စတာယူနိုက်တက်မှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ် အတွက် သရဲနီတွေရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.