ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ လုံလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် အပြောင်းရွှေ့ ဈေးကွက်ထဲမှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ အခု လက်ရှိလည်း ချဲလ်ဆီးက လိုက်ပ်ဇစ် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို တခြား ကလပ်တွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် နယ်သာလန် ကြယ်ပွင့်လေးကို ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက မျက်စိကျနေပေမယ့် ခေါ်ယူဖို့ တုန့်ဆိုင်းနေတာကြောင့် ချဲလ်ဆီးက လက်ဦးမှု ရယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဇာဗီ ဆိုင်မွန်စ်ရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစားသမားကို ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကတ်တာလန် ငွေကြေးပိုင်း အခက်အခဲတွေ ရှိနေတာကြောင့် ဆီမွန်စ်ကို လက်လျှော့သွားခဲ့ပြီး ရက်ရှ်ဖို့ဒ် ကိုသာ အငှား+အပြီးသတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီး တို့ကလည်း ဆိုင်မွန်စ်ကို ချဉ်းကပ်ခဲ့သေးပေမယ့် ကနဦး စုံစမ်းမေးမြန်းတဲ့ အဆင့်သာ ရှိခဲ့သလို ဘေယန်မြူးနစ် ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်ကို ပိုမို ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် အာဆင်နယ်က လီအန်ဒရို ထရော့ဆက်ဒ်ကိုပါ ချိန်ရွယ်နေပါတယ်။

တစ်ခုရှိတာက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ဇာဗီ ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့ထဲ ကနေ ထွက်ခွာသွားခြင်း မရှိသေးပဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဂျာမနီက လာတဲ့ သတင်းတွေ မှာတော့ ချဲလ်ဆီးက ပြိုင်ဘက် ကလပ်တွေရဲ့ စဉ်းစားချင့်ချိန်နေမှုကို အခွင့်ကောင်းယူကာ အခုတစ်ပတ် အတွင်းမှာ ဆိုင်မွန်စ်ရဲ့ အေးဂျင့်နဲ့ ထပ်မံ ဆက်သွယ်ဖို့ ရှိနေကြောင်း ဖော်ပြပါတယ်။ လိုက်ပ်ဇစ် ကတော့ ပြီးခဲ့တဲ့ ရာသီက ဥရောပ ဝင်ခွင့် မရခဲ့တာကြောင့် အဓိက ကစားသမား တချို့ကို ရောင်းထုတ်ရဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေး များများစားစား တောင်းဆိုလို့ ရနိုင်မယ့် အင်္ဂလိပ် ကလပ်တွေဆီသာ အပြောင်းအရွှေ့ လမ်းကြောင်းတွေကို ဦးတည်နေပါတယ်။
ဇာဗီ ဆိုင်မွန်စ်ရဲ့ လက်ရှိ ဈေးကွက် တန်ကြေးဟာ ယူရို သန်း ၇၀ ဝန်းကျင် ရှိနေပေမယ့် ချဲလ်ဆီး ကတော့ အဲဒီထက်နည်းတဲ့ ပမာဏနဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းမယ့် သဘော ရှိပါတယ်။ ချဲလ်ဆီးတို့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ဖို့ အဓိက အားသာချက်က အင်္ဂလန်မှာ ကစားချင်နေတဲ့ ကစားသမားရဲ့ စိတ်ဆန္ဒ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ကစားသမားက လန်ဒန် ကလပ် တစ်ခုခုကို ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားနေကြောင်း သိရပါတယ်။ စပိန် သတင်းစာ Fichajes ကတော့ လိုက်ပ်ဇစ် အနေနဲ့ ဇာဗီ ဆိုင်မွန်ကို ယူရို သန်း ၁၁၀ (ပေါင် ၉၅ သန်း) လောက် ရမှသာ လက်လွှတ်သွားဖို့ ရှိနေကြောင်း ဖော်ပြပါတယ်။
နောက်တစ်ချက် ချဲလ်ဆီးကို စွန့်ခွာနိုင်ခြေ ရှိနေတဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ရဲ့ အနာဂတ် ဖြစ်ပြီး ဒီကစားသမားသာ အသင်း ပြောင်းသွားခဲ့ရင်တော့ ဇာဗီ ဆိုင်မွန်စ်ရဲ့ လားရာက သေချာပေါက် စတန်းဖို့ဒ်ဘရစ်ချ်ဆီ ဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာ ဂျက်ဆန်ကို အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဒါရီယို အက်ဆူဂို၊ လီယမ် ဒီလက်ပ်၊ မာမာဒူ ဆား၊ ယာအို ပက်ဒရိုနဲ့ ဂျေမီ ဂစ်တန်စ် တို့ အတွက် ပေါင်သန်း ၁၇၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.