နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် အတွက် ဒီနှစ်က အရင်နှစ်တွေနဲ့ မတူကွဲပြားတဲ့နှစ် ဖြစ်လာမယ်လို့ ယုံကြည်နေတဲ့ ဂါဘရီရယ် | ပရီးမီးယားလိဂ်

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ် ကတော့ ဒီနှစ်မှာ သူတို့ အသင်း အနေနဲ့ ဆင်ခြေပေးလို့ မရတော့ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် အတွက် ဒီနှစ်က အရင်နှစ်တွေနဲ့ မတူကွဲပြားတဲ့နှစ် ဖြစ်လာမယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဂါဘရီရယ်က ရာသီသစ်နဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ဆင်ခြေတွေ ပေးလို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလ အတွင်းမှာ ကျွန်တော်တို့ တတ်စွမ်းသမျှ အရာရာကို လုပ်ခဲ့ပါတယ်။ ကံတရားရဲ့ ဖေးမမှုလည်း အနည်းငယ်တော့ ကင်းမဲ့ခဲ့ပါတယ်။ ဒါပေမယ့် ကလပ် အသင်းနဲ့ အတူ ကျွန်တော် ယုံကြည်တာက ကျွန်တော်တို့ဟာ ဆုဖလားတွေကို သိမ်းပိုက်ပြနိုင်စွမ်း ရှိတယ် ဆိုတာပါပဲ။ ကြီးမားတဲ့ ဆုဖလား‌တွေပေါ့။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ဆုဖလားတွေနဲ့ အရမ်း နီးစပ်ခဲ့ပေမယ့် ချွတ်ချော်ခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ကလပ် အသင်း အပေါ် ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။” လို့ ဂါဘရီရယ်က ဆိုပါတယ်။

ဆက်လက်ပြီး ဂါဘရီရယ်က “အသင်းကို တိုးတက်သထက် တိုးတက်လာအောင် သူတို့ လုပ်ဆောင်နေပြီး ဒီရာသီမှာ ဆုဖလားတွေ အတွက် ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော် ဒီကလပ်မှာ ၅ နှစ်တာ‌ ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်း ပြီးသွားပါပြီ။ ဒီနေရာမှာ တိုးတက်မှုတွေ ဆက်တိုက် ဖြစ်နေတယ် ဆိုတာ မြင်ရပါတယ်။ လာမယ့် နှစ်က အသင်း အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆုဖလားတွေကို သိမ်းပိုက်နိုင်မယ် လို့လည်း ကျွန်တော်တို့ ယုံကြည်တယ်။ အဲ့ဒီ အတွက်လည်း အခွင့်အ‌ရေး ကြီးကြီးမားမားတွေ ရှိနေပါလိမ့်မယ်။” လို့ ဆိုပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ်တော့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားမှာ ဖြစ်ပြီး ပွဲကြပ်တွေ ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ လာမယ့် ရာသီ ပြင်ဆင်မှုတွေနဲ့ ပတ်သတ်ပြီး ဖွင့်ဟလာတဲ့ ဂါဘရီရယ်

ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ် ကတော့ ၂၀၂၀ ခုနှစ်မှာ လိုင်လီ ကနေ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အာဆင်နယ်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂါဘီက အာဆင်နယ်နဲ့ ၅ နှစ်တာ ကာလ အတွင်းမှာ ကွန်မြူနတီဒိုင်း တစ်ကြိမ်က လွဲရင် ဆုဖလား အောင်မြင်မှု ရယူထားနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာ အာဆင်နယ်က ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ စင်ကာပူ နိုင်ငံကို ရောက်ရှိနေပြီးတော့ မီဒီယာတွေက ဂါဘရီရယ်ကို ဆော်ဒီ ကလပ်တွေနဲ့ သတင်းထွက်ခဲ့ခြင်းနဲ့ ရာသီသစ် အခြေအနေတွေ အတွက် မေးမြန်းခဲ့ရာမှာ အခုလိုပဲ ဆက်လက် ဖြေကြားသွားခဲ့ပါတယ်။

ဂါဘီက “ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တာတွေ ကျွန်တော် မကြားခဲ့သလို၊ ကမ်းလှမ်းမှုတွေလည်း မရခဲ့ပါဘူး။ လူတော်များများ ကတော့ အဲဒီအကြောင်းအရာတွေကို အင်တာနက် ပေါ်မှာ ပြောကြပါတယ်။ ကျွန်တော် ကတော့ အာဆင်နယ် ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းတိုးခဲ့တာပါ။ ကျွန်တော် ဒီအသင်းမှာ ၅ နှစ် ရှိပြီ ဖြစ်တာကြောင့် အသင်းက ဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာ သိပါတယ်။ ကျွန်တော် ဆုဖလားတွေ ရယူဖို ဒီအသင်းမှာ ရှိနေတာ ဖြစ်ပြီး ဒီရာသီမှာ ကွဲပြား ခြားနားတာတွေ ဖြစ်လာလိမ့်မယ် လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် ကတော့ ရာသီကြို ပွဲစဉ်တွေ အဖြစ် အေစီမီလန်၊ နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါး၊ ဘီလ်ဘာအို တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ်တော့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားမှာ ဖြစ်ပြီး ပွဲကြပ်တွေ ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်