နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရင်းဝုဒ်ကို စပိန်မြေဆီ ပြန်လည် ခေါ်ဆောင်ချင်နေတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

မာဆေးလ် အတွက် ခြေစွမ်းပြနေတဲ့ အင်္ဂလန် တိုက်စစ် ကစားသမား မေဆန် ဂရင်းဝုဒ် ကတော့ လာလီဂါကို ပြန်လည် ရောက်ရှိလာဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂရင်းဝုဒ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လာလီဂါ ကလပ် ဖြစ်တဲ့ ဂီတာဖေးမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားဖူးသူ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးမှာ ၃၆ ပွဲ ကစားပြီး ၁၀ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် အဲဒီအချိန်တုန်းက ထိပ်တန်း ကလပ်တွေရဲ့ မျက်စိကျခြင်း ခံခဲ့ရပေမယ့် မာဆေးလ် ကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။ မာဆေးလ် မှာလည်း အကောင်းဆုံး ပုံစံတစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အင်္ဂလန်သားက ၃၆ ပွဲ ကစားရာမှာ ၂၂ ဂိုး အထိ သွင်းကာ ၅ ဂိုး ဖန်တီးနိုင်ခဲ့ပြီး လီဂူးဝမ်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ စပိန် သတင်း ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ Fichajes ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုမက်ဒရစ်ဟာ မာဆေးလ် တိုက်စစ် ကစားသမား မေဆန် ဂရင်းဝုဒ် အတွက် ကုန်ကျစရိတ်တွေကို စတင် တွက်ချက်နေပြီးတော့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဖော်ပြပါတယ်။ အသက် ၂၃ နှစ် အရွယ် တိုက်စစ် ကစားသမားက ပြီးခဲ့တဲ့ ရာသီကမှ လီဂူးဝမ်း ကလပ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဒီနွေရာသီမှာပဲ အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတုန်းက ဂီတာဖေးမှာ တစ်ရာသီ အငှားနဲ့ ကစားခဲ့ဖူးတဲ့ သူ့ရဲ့ လာလီဂါ အတွေ့အကြုံတွေကြောင့် တီကိုက ခေါ်ယူချင်နေတာ‌လည်း ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ကလပ် ကတော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ မက်တေးယို ရူဂါရီ၊ အဲလက်စ် ဘေနာ၊ ဂျွန်နီ ကာဒိုဆိုနဲ့ တီယာဂို အဲလ်မာဒါ တို့ကို ခေါ်ယူခဲ့ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ကမှ မာဆေးလ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုထားတဲ့ မေဆန် ဂရင်းဝုဒ်

ဂရင်းဝုဒ်ဟာ မာဆေးလ်ကို ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည် ပိုဆောင်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး လိုင်လီ ကနေ အင်္ဂလန် လက်ရွေးစင် အိန်ဂျယ် ဂိုးမက်စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်အောင် အဓိက အခန်းကဏ္ဍ ကနေ ကူညီခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိမှာ မာဆေးလ်က အာဆင်နယ် တိုက်စစ်မှူးဟောင်း ပီယာ အမ်းမရစ်ခ် အော်ဘာမီယန်းကို နှစ်နှစ် စာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ ရှိနေပါသေးတယ်။ နည်းပြ ရော်ဘတ်တို ဒီဇာဘီ အနေနဲ့ ဂရင်းဝုဒ်နဲ့ အော်ဘာမီယန်းကို တိုက်စစ်မှာ တွဲဖက် အသုံးပြုသွားဖွယ် ရှိနေပြီး အင်္ဂလန်သားကို အက်တလက်တီကိုမက်ဒရစ်ဆီ လက်လွှတ်သွားပါ့မလား ဆိုတဲ့ အခြေအနေ ကိုတော့ စောင့်ကြည့်ရဦးမှာပါ။

မာဆေးလ်ဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ အဆင့် ၂ ရခဲ့ပေမယ့် ချန်ပီယံ ပီအက်စ်ဂျီနဲ့ ၁၉ မှတ် အထိ ကွာဟခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာတော့ မာဆေးလ်က ပီအက်စ်ဂျီကို စိန်ခေါ်ပြီး လီဂူးဝမ်း ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ကလပ် ကတော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ မက်တေးယို ရူဂါရီ၊ အဲလက်စ် ဘေနာ၊ ဂျွန်နီ ကာဒိုဆိုနဲ့ တီယာဂို အဲလ်မာဒါ တို့ကို ခေါ်ယူခဲ့ထားခဲ့ပါတယ်။ ဒါ့အပြင် တီကိုက ပြီးခဲ့တဲ့ ဇွန်လက အငှားနဲ့ လာရောက် ကစားခဲ့ကြတဲ့ ကလီမန့် လန်းဂ်လတ်နဲ့ ဟွမ် မူဆို တို့ကို အပြီးသတ် စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ တစ်ဖက် မှာလည်း တီကိုက ရိန်နီလ်ဒို၊ ရိုဒရီဂို ရီကွယ်လ်မီ၊ အိန်ဂျယ် ကော်ရီယာ၊ နီနို၊ အီတာဘီ၊ မိုလ်ဒိုဗန် တို့လို ကစားသမား အများအပြားနဲ့ လမ်းခွဲထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်