ဇူလိုင်လ ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း UOL က ဖော်ပြပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ကတော့ ကတ်တာလိုးနီးယားကို ပြောင်းရွှေ့ဖို့ တော်တော်လေး ဖြစ်နိုင်ခြေတော့ နည်းပါတယ်။
ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟို ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် နှစ်ခုက စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အနေနဲ့ ကလပ်မှာ ဆက်ရှိချင်နေတဲ့ ဗဟိုနောက်ခံလူရဲ့ ဆန္ဒကို လက်ခံထားပေမယ့် အသင်းက ယူရို သန်း ၄၀ နဲ့ အထက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့တော့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချူအာမန်နီ ကိုတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက ကျေနပ်အားရလျက် ရှိကြောင်း သိရပါတယ်။ MARCA ရဲ့ ဖော်ပြချက်အရ ပြင်သစ် လက်ရွေးစင် ကစားသမား အတွက် နွေရာသီ အပြောင်းအရွှေ့ သတင်းထွက်မှု မှန်သမျှကို ရီးရဲလ်မက်ဒရစ်က ပြတ်ပြတ်သားသား ပယ်ချထားကြောင်း သိရပါတယ်။
ဗင်နီးစီးယပ်စ် ဂျူနီယာ အတွက် ဆော်ဒီအာရေးဗျရဲ့ ကမ်းလှမ်းမှု ယူရို သန်း ၃၅၀ ကို ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက လက်ခံဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ Fichajes ရဲ့ အဆိုအရ ဆော်ဒီပရိုလိဂ်ဟာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ၊ လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးနဲ့ ကီလီယန် အမ်ဘာပေး တို့လို့ ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အီဘရာဟီမာ ကိုနာတေးကို ရောင်းချဖို့ ဆန္ဒမရှိသလို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။ Football Insider ကတော့ လစ်ဗာပူးလ်ဟာ ရီးရဲမက်ဒရစ် ပစ်မှတ် အတွက် ပေါင် သန်း ၄၀ နဲ့ အထက် ကမ်းလှမ်းမှုတွေ ကိုသာ နားထောင်သွားမှာ ဖြစ်ပါတယ်။
လက်စ် ပါးလ်မက်စ်မှာ အငှားနဲ့ သွားရောက် ကစားချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ စတီဖန် ဘက်ဂျ်စီတစ်ကို ရေယို ဗလက်ကာနို၊ ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာ တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။
နာပိုလီ ကတော့ ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်တာကြောင့် တခြားသော ကလပ် ၄ သင်းရဲ့ ပစ်မှတ် အဖြစ် ဆက်လက် ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ CaughtOffside ရဲ့ ဖော်ပြချက်အရ ဥရုဂွေး လက်ရွေးစင်ကို ဆော်ဒီအာရေဗျ ထိပ်သီးတွေ ဖြစ်တဲ့ အဲလ်ဟီလာနဲ့ အဲလ်နာဆာ၊ အေစီမီလန်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကစားသမားသစ် ဖရန်ကို မက်စတန်တူအိုနို ကတော့ တစ်ဦးချင်း ဆုတံဆိပ်တွေထက် ဆုဖလားတွေသာ ရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မက်စတန်တူအိုနိုက ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကြီးမားဆုံး ကလပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ယိုအန် လာပေါ်တာနဲ့ ဒေကို အပေါ် ယုံကြည်မှု အပြည့်ရှိခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ရင် သေချာပေါက် မှတ်ပုံတင်ခွင့် ရရှိရမယ် ဆိုတဲ့ တခြားကစားသမားတွေရဲ့ တောင်းဆိုချက်မျိုးကို ရက်ရှ်ဖို့ဒ် အနေနဲ့ တောင်းဆိုခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.