နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ် ဂျူနီယာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ရှိနေတဲ့ ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကတော့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အဲလ်ဟီလာက ဗင်နီးစီးယပ်စ်ကို ယူရို သန်း ၃၅၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပြီး ၅ နှစ် စာချုပ် အတွက် လုပ်ခ လစာ အဖြစ် ယူရို ၁ ဘီလီယံ ပေးချေဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့က ဘာစီလိုနာက နေမာကို ပီအက်စ်ဂျီ ကနေ ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် အကြီးအကဲတွေက ကမ္ဘာကျော် ကစားသမားတွေ သူတို့လိဂ်ဆီ ရောက်ရှိလာစေဖို့ ငွေကြေး အင်အားကို အသုံးချကာ ကြိုးပမ်းနေပြီး ဗင်နီးစီယပ်စ် ကိုတော့ ဒီတစ်ကြိမ်မှာ အဲလ်ဟီလာက ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ အဲလ်ဟီလာ ကတော့ ၂၀၂၃ ခုနှစ်က ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေးကို ယူရို သန်း ၃၀၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် အောင်မြင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ရဲ့ လိုက်လျောရ ခက်တဲ့ အခြေအနေကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက အခွင့်ကောင်းယူဖို့ စီစဉ်နေတာလည်း ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်မှာပဲ လုပ်ခလစာ တိုးမြှင့် ရယူလိုနေတဲ့ ဗင်နီးစီးယပ်စ်

ဗင်နီးစီးယပ်စ် ကတော့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်လက် ကစားချင်နေပေမယ့် လာလီဂါ ကလပ် ဘက်ကတော့ ကစားသမား တောင်းဆိုထားတဲ့ လုပ်ခလစာကြောင့် အခက်တွေ့နေပါတယ်။ ဗင်နီးစီးယပ်စ်ဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံး ဖြစ်စေမယ့် နှုန်းထားတစ်ရပ်နဲ့ သက်တမ်းတိုးဖို့ တောင်းဆိုထားပြီး တစ်နှစ်ကို ယူရို သန်း ၃၀ အထိ လိုချင်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ရဲ့ လိုက်လျောရ ခက်တဲ့ အခြေအနေကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက အခွင့်ကောင်းယူဖို့ စီစဉ်နေတာလည်း ဖြစ်ကြောင်း သိရပါတယ်။

ဗင်နီးစီးယပ်စ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ် အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာလည်း ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အချိန်ထိ ဆက်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးမှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်းလည်း ဖော်ပြကြပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ဗင်နီးစီးယပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ ဆန္ဒ မရှိပါဘူး။ ဒါကြောင့် ဘရာဇီးလ်သား အနေနဲ့ စာချုပ်သစ် မချုပ်ဘူး ဆိုရင် ဒီနွေရာသီမှာပဲ ရီးရဲလ်မက်ဒရစ်က သေချာပေါက် ရောင်းထုတ်ဖို့ စီစဉ်လျက် ရှိကြောင်း စပိန်မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗင်နီးစီးယပ်စ်ကို သက်တမ်း တိုးမယ် ဆိုရင်လည်း အနည်းဆုံး ၂၀၃၀ ခုနှစ် အထိ သက်တမ်းတိုးချင်နေတာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ လက်ရှိ အချိန်ထိ ဗင်နီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် အဆင်မပြေသေးကြောင်း အတည်ပြုထားပါတယ်။ဗင်နီဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ အဓိက ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသလို တစ်ဦးချင်း အောင်မြင်မှု ဆုတံဆိပ်တွေလည်း ရရှိထားပါတယ်။ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်မှာ အမှတ်ပေးဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ ကတော့ ဆုဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ထားခဲ့ရသလို ဗင်နီးစီးယပ်စ် အနေနဲ့လည်း ကလပ် ကမ္ဘာ့ဖလားမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်