နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မသေချာတဲ့ အနာဂတ် အတွက် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့တဲ့ ရိုဒရီဂို | လာလီဂါ

ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မသေချာတော့တဲ့ ရိုဒရီဂို ကတော့ ကလပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရိုဒရီဂို ကတော့ နည်းပြသစ် ဇာဘီ အလွန်ဆို ရောက်ရှိလာပြီးနောက် လာလီဂါ ကလပ်မှာ ဆက်ရှိနေဖို့ မသေချာတော့သူလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ စပိန်သား နည်းပြ လက်အောက်မှာ မိနစ် အနည်းငယ်သာ ကစားခဲ့ရပြီး သူဟာ ဒီနွေရာသီ ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ ပထမဆုံးပွဲမှာ စတင် ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ပွဲချိန် ၂၇ မိနစ်သာ ကစားခဲ့ရပါတယ်။ အဲဒီနောက် ရိုဒရီဂိုက နောက်ထပ် ၅ ပွဲ ဆက်တိုက် အရန်ခုံမှာ ထိုင်ခဲ့ရပြီး အနာဂတ်နဲ့ ပတ်သတ်ပြီး မသေချာမှုတွေမှာ ပိုများလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုဒရီဂိုကို ကမ္ဘာပေါ်က ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေပြီး ဒီအထဲမှာ အာဆင်နယ်က ထိပ်ဆုံးက ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ နိုနီ မာဒူခေးကို ခေါ်ယူထားနိုင်ပေမယ့် အခွင့်အရေး ရရင်လည်း ရိုဒရီဂိုကို ခေါ်ယူဖို့ အဆင်သင့် ရှိနေပါတယ်။ လောလောဆယ် မှာ‌တော့ ရိုဒရီဂိုကို အာဆင်နယ် အပြင် မန်ချက်စတာစီးတီး၊ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကလည်း ချိတ်ဆက်နေပါတယ်။

ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၆ နှစ်တာ ကာလ အတွင်း ကောင်းမွန်တဲ့ ရာသီတွေကို ဖြတ်သန်းခဲ့ရပေမယ့် တခြားသော စူပါစတား ကစားသမားတွေနဲ့ ယှဉ်ရင်တော့ ရုန်းကန်ခဲ့ရတယ်လို့ ပြောရပါမယ်။ ဒီလို အခြေအနေတွေ ကလည်း ရီးရဲလ်မက်ဒရစ်တို့ ရိုဒရီဂိုကို ရောင်းချလိုတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

လာလီဂါ ကလပ် ကတော့ ရိုဒရီဂို အတွက် ယူရို သန်း ၁၀၀ အထိ တောင်းဆိုဖွယ် ရှိနေပြီး အဆိုပါစျေးနှုန်းကို ညှိနှိုင်းမှုတွင် လျှော့ချရန် သဘောတူဖွယ်ရှိသည်။
မကြာခင်မှာ ရိုဒရီဂိုရဲ့ အနာဂတ် အတွက် ဆုံးဖြတ်သွားမယ့် ရီးရဲလ်မက်ဒရစ်

ဖာဘရီဇီယို ရိုမာနို ကတော့ ရိုဒရီဂိုဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး သူ့ရဲ့ အနာဂတ်ကို အာရုံစိုက်နေကာ ရှေ့ဆက်ရမယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မကြာခင်မှာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်သွားမှာ ဖြစ်ပြီး အပြောင်းအရွှေ့တံခါး ကိုလည်း ပိတ်ထားမှာ မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက ရိုဒရီဂို အနေနဲ့ အလွန်ဆိုရဲ့ လက်အောက် အသင်းမှာ ဆက်နေပြီး တိုက်ပွဲဝင်မယ် ဆိုရင်လည်း ကြိုဆိုမှာ ဖြစ်ပေမယ့် ကလပ် ဘက်က သူတောင်းဆိုတဲ့ အရာတွေကို လိုက်လျောတော့မှာ မဟုတ်ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။

အရေးကြီးတာက ရိုဒရီဂိုဟာ မက်ဒရစ်ကို ချစ်မြတ်နိုးနေဆဲ ဖြစ်ပြီး သူ့ အနေနဲ့ ကလပ် အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေအရတော့ ဘရာဇီးလ်သားရဲ့ လာလီဂါ ကလပ် အတွက် အရေးပါမှုက လုံးဝ ပျောက်ဆုံးနေတာ သိသာပါတယ်။ တစ်ဖက် မှာလည်း ရိုဒရီဂို အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် ခေါ်ယူချင်တဲ့ အသင်းတွေ အဆင်သင့် ရှိနေပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာအပိုင်းကို ညှိနှိုင်းဖို့ တော်တော်လေး ခက်ခဲဦးမှာပါ။ လာလီဂါ ကလပ် ကတော့ ရိုဒရီဂို အတွက် ယူရို သန်း ၁၀၀ အထိ တောင်းဆိုဖွယ် ရှိနေပြီး အဆိုပါစျေးနှုန်းကို ညှိနှိုင်းမှုတွင် လျှော့ချရန် သဘောတူဖွယ်ရှိသည်။ အကယ်၍ ရိုဒရီဂိုသာ အမှန်တကယ် အသင်း ကနေ ထွက်ခွာမယ် ဆိုရင်တော့ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ အပြောင်းအရွှေ့ အထမြောက်ဖွယ်လည်း ရှိနေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်