ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ စတက်ဖ်နို ပီအိုလီနဲ့ လမ်းခွဲခဲ့ပြီးနောက် ဂျော့ဂျ် ဂျီးဆပ်စ်ကို နည်းပြ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဂျော့ဂျ် ဂျီးဆပ်စ် ကတော့ တခြားသူ မဟုတ်ပဲ အဲလ်နာဆာရဲ့ မဟာ ပြိုင်ဘက် အဲလ်ဟီလာနဲ့ အတူ အဓိက ဆုဖလား ၅ လုံး ရယူနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အဲလ်နာဆာရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂျော့ဂျ် ဂျီးဆပ်စ်က သူ့အနေနဲ့ ဒီအလုပ်ကို လက်ခံခဲ့ခြင်း အကြောင်းရင်းနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပြီး အဓိက ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုကြောင့် ဖြစ်ကြောင်း ပြောဆိုလာခဲ့တာပါ။ “ကျွန်တော် ဆော်ဒီအာရေဗျကို ကြိုက်ပါတယ်။ ဒီနိုင်ငံဟာ ဘောလုံး အတွက် သာမက အနာဂတ် အတွက်ပါ အရေးပါပါတယ်။ ပြန်လာရတာ အရမ်းပဲ ပျော်ရွှင်မိပါတယ်။” လို့ ဂျော့ဂျ် ဂျီးဆပ်စ်က အဲလ်နာဆာနဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဂျီးဆပ်စ်က ရော်နယ်ဒိုရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုဖို့ မဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ “ခရစ္စတီယာနို ရော်နယ်ဒို မရှိရင် ကျွန်တော် ဒီကို ရောက်မလာဘူး ဆိုတာ သေချာပါတယ်။ ဒီစေ့ဆော်မှုက မြင့်မားပါတယ်။ အဲလ်နာဆာ အသင်းက ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုလိုပေါ့။ သူကစားတဲ့ ကလပ် အသင်းတွေမှာ အရာရာ အောင်မြင်ခဲ့သူပါ။ ဒီမှာတော့ သူ ဘာကိုမှ လက်တွေ့ကျကျ မလုပ်ဆောင်ပြရသေးပါဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို ကူညီနိုင်ပါလိမ့်မယ်။ ကျွန်တော် တို့က ဘာသာစကားလည်း တူတယ်။ ဒါက လွယ်ကူစေပြီး ကျွန်တော် တို့က ပေါ်တူဂီသားတွေပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
အဲလ်နာဆာက ဂျော့ဂျ် ဂျီးဆပ်စ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က နည်းပြ အဖြစ် တရားဝင် ခန့်အပ်ပြီး အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီသား နည်းပြဟာ အဲလ်နာဆာနဲ့ ၁ နှစ်စာ ချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အောင်မြင်မှု ရယူပေးနိုင်တဲ့ အပေါ် မူတည်ပြီး စာချုပ်သက်တမ်း တိုးသွားဖွယ်တော့ ရှိပါတယ်။
ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြ အဖြစ် တတိယအကြိမ်မြောက် လုပ်ကိုင်မှာ ဖြစ်ပြီး ယခင် နှစ်ကြိမ် ကတော့ အဲလ်ဟီလာကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြဟာ အဲလ်ဟီလာ အတွက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဆော်ဒီပရိုလိဂ် ဖလား တစ်ကြိမ် ရယူပေးနိုင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီ ကတော့ ဒုတိယပဲ ရရှိခဲ့ပါတယ်။ တခြားသော အောင်မြင်မှုတွေ အဖြစ် အဲလ်ဟီလာနဲ့ အတူ ဆော်ဒီဘုရင်ဖလား ၁ ကြိမ်နဲ့ ဆော်ဒီစူပါဖလား ၃ ကြိမ် ရရှိခဲ့ဖူးပါတယ်။
ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ယခင်က ပေါ်တူဂီ ထိပ်တန်း ကလပ် ၃ သင်း ဖြစ်တဲ့ ဘရာဂါ၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းနဲ့ ဘရာဇီးလ် ထိပ်သီး ဖလာမင်ဂို တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဂျီးဆပ်စ်ဟာ ဘင်ဖီကာနဲ့ ဖလာမင်ဂို တို့မှာတော့ သူ့ရဲ့ နည်းပြ ဘဝ အမြင့်ဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲလ်နာဆာ ကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာ နည်းပြတွေ အကြိမ်ကြိမ် အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံး ၅ နှစ် အတွင်း ဆော်ဒီ စူပါဖလား တစ်ကြိမ်နဲ့ အာရပ်ကလပ်ချန်ပီယံဖလား တစ်ကြိမ်သာ ရရှိထားခဲ့ပါတယ်။ ဒါကြောင့် နည်းပြသစ် ဂျော့ဂျ် ဂျီးဆပ်စ် အနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ အစဉ်အလာ ကြီးမားတဲ့ ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ အဲလ်နာဆာကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည် ရယူပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.