နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အားကစားဒါရိုက်တာသစ် အန်ဒရီယာ ဘာတာနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချက်ပြုတ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာနဲ့ အတူ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချက်ပြုတ်နေပြီ ဖြစ်ပါတယ်။ မနေ့က မနက်ပိုင်းမှာ အာဆင်နယ်က သူတို့ အသည်းအသန် လိုက်နေခဲ့တဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် အတွက် စပို့တင်းလစ္စဘွန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း မှာတော့ ဂန်းနားတွေဟာ ဗလင်စီယာက စပိန် နောက်ခံလူ ခရစ္စတီယန် မော့စ်ကီယာကို ယူရို သန်း ၂၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြန်ပါတယ်။

မော့စ်ကီယာ ကတော့ ဗလင်စီယာ လူငယ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီက စပြီး ဗလင်စီယာရဲ့ အမာခံ ကစားသမား ဖြစ်လာခဲ့သူပါ။ လက်ရှိမှာ အာဆင်နယ်က အသက် ၂၃ နှစ် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်သလို ဗလင်စီယာ နဲ့လည်း ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း+အပိုဆုကြေး ယူရို ၅ သန်း ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ စပိန် လူငယ် ခံစစ် ကြယ်ပွင့်ကို ဒီတစ်ပတ် အတွင်းမှာ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

အရပ် ၆ ပေ၊ ၂ လက်မ ရှိတဲ့ မော့စ်ကီယာဟာ ဂါဘရီရယ်နဲ့ ဝီလီယမ် ဆလီဘာ တို့ရဲ့ အရန် အဖြစ် ကစားရမယ် ဆိုတာ သိပေမယ့် အာဆင်နယ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မော့စ်ကီယာဟာ ဗလင်စီယာ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၉၀ ကစားခဲ့သူ ဖြစ်ပြီး ဘောလုံးပေးပို့တာ တိကျမှု၊ အဝေးဘော တိကျစွာ ပေးပို့နိုင်မှု၊ ဖြတ်တင်ဘော တိကျစွာ ပေးပို့နိုင်မှု၊ ဘောလုံး ဆွဲပြေးမှု၊ ပြစ်ဒဏ်ဘော အသာရမှု၊ ဖျက်ထုတ်မှု၊ ကြားဖြတ်လုယူနိုင်မှု၊ လိုက်လံ ဆယ်ယူမှုတွေမှာ အားကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘယ်တောင်ပံ တိုက်စစ် အတွက် ရိုဒရီဂို၊ အန်တိုနီ ဂေါ်ဒွန်နဲ့ ရာဖေးလ် လီယောင် တို့ကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဘယ်တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဦးမယ့် အာဆင်နယ်

လက်ရှိမှာလည်း မော့စ်ကီယာက ဗလင်စီယာကို နှုတ်ဆက် စကားပြောကြားလိုက်ပြီး မနေ့ကပဲ ဆေးစစ်ဖို့ လန်ဒန်ကို ထွက်ခွာလာခဲ့ပြီလို့ သိရပါတယ်။ မော့စ်ကီယာက “ဗလင်စီယာက ကျွန်တော့်ရဲ့ အိမ်လိုပါပဲ။ အသင်းက ထွက်သွားရင်လည်း ရင်ထဲမှာ အမြဲတမ်း ရှိနေမယ့် နေရာ တစ်ခုပါ။ ကျွန်တော် ဗလင်စီယာမှာ ဘဝ တစ်လျှောက်လုံး ကြီးပြင်းလာခဲ့ပြီးတော့ အခု စာမျက်နှာ အသစ် အတွက် စတင်ချိန်တန်ပါပြီ။ အသင်း ကနေ ထွက်ခွာရတဲ့ အတွက် အနည်းငယ်တော့ ဝမ်းနည်းနေမိပေမယ့် ဘောလုံးလောက မှာတော့ အဲဒီလိုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား စုစုပေါင်း ၆ ဦး ခေါ်ယူသွားမယ်လို့ သိရပြီး လက်ရှိ အချိန်ထိတော့ ဂိုး အတွက် ကီပါ အရစ်ဇာဘာလာဂါ၊ ကွင်းလယ် အတွက် မာတင် ဇူဘီမန်ဒီနဲ့ ခရစ်ရှန် နောဂတ် တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်နဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား မာဒူခေး တို့ကိုလည်း ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေတဲ့ အာဆင်နယ်ဟာ ဘယ်တောင်ပံ အတွက်လည်း ကစားသမား ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အီးဇီးကို ခေါ်ယူဖို့ရာ အာဆင်နယ်က ဆက်လက် ကြိုးပမ်းနေတယ်လို့ သိရပြီး အခု တစ်ပတ် အတွင်းမှာ ပဲလေ့စ်နဲ့ တရားဝင် ဆွေးနွေး စကားပြောဖို့ စီစဉ်နေပါတယ်။

အာဆင်နယ် ဘက်က အီးဇီး အတွက် စာချုပ်ဖျက်သိမ်း‌ကြေး ပေးချေဖို့ထက် တခြား သင့်တင့်တဲ့ ဈေးနှုန်း တစ်ခုနဲ့ ခေါ်ယူဖို့ ညှိနှိုင်းချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘယ်တောင်ပံ တိုက်စစ် အတွက် ရိုဒရီဂို၊ အန်တိုနီ ဂေါ်ဒွန်နဲ့ ရာဖေးလ် လီယောင် တို့ကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လီအန်ဒရို ထရော့ဆက်ဒ် ဒါမှမဟုတ် ဂါဘရီရယ် မာတင်နယ်လီတို့ ထွက်ခွာမှသာ ဘယ်တောင်ပံ ကစားသမားသစ် ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်