နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ်းလှမ်းမှုတွေကို ပယ်ချထားတဲ့ ဂါဗီ၊ စာချုပ်သစ်ကြောင့် ဘာစီလိုနာရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာတော့မယ့် ယာမယ် | လာလီဂါ

ဇူလိုင်လ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဥရောပထိပ်တန်း ကလပ် အနည်းဆုံး နှစ်သင်းဟာ ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ဂါဗီ အတွက် ထင်ရှားတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ El Nacional က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အဲဒီ နှစ်သင်းစလုံးဟာ ပြတ်ပြတ်သားသား ငြင်းဆိုခံခဲ့ရကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ သူတို့ရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမားကို အလွယ်တကူ ရောင်းထုတ်မှာ မဟုတ်ပါဘူး။

ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ် ဆိုရင်တော့ လာလီဂါ ကလပ်ရဲ့ သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ရောင်းချမှု ဖြစ်လာမယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ဇာဘီ အလွန်ဆိုရဲ့ အသင်းက ယူရို သန်း ၁၂၀ ကနေ သန်း ၁၃၀ ကြား တောင်းဆိုနေကြောင်း သိရပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်တုန်းက ခရစ္စတီယာနို ရော်နယ်ဒို အတွက် ဂျူဗင်တပ်စ်က ပေးချေခဲ့တဲ့ ယူရို ၁၁၇ သန်း ကို ကျော်လွန်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘရာဇီးလ်သားကို အာဆင်နယ်၊ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အမေရိကန် တိုက်စစ်မှူး မာလစ်ခ် သီးလ်မန်းကို လေဗာကူဆင်က ခေါ်ယူထားနိုင်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အနာဂတ် အတွက် စောင့်ကြည့်နေကြောင်း Defensa Central ကဖော်ပြခဲ့သည်။

ဒီစာချုပ်ချုပ်ဆို ပြီးရင်တော့ ယာမယ်က လာလီဂါ ချန်ပီယံ ကလပ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေတာပါ။
ယာမယ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ့် ဘာစီလိုနာ

ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေပေမယ့်လည်း ကတ်တလန် ထိပ်သီး တို့ကတော့ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းကို ပိုမို နှစ်သက်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ကိစ္စတွေ အတွက် လက်ရှိအချိန်ထိ မပြီးပြတ်သေးကြောင်း သိရပါတယ်။ ကလပ်နဲ့ ကစားသမား အကြားမှာ ငွေကြေးပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ ပြုလုပ်နေရပြီး သဘောတူညီမှု ရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

လာမင်း ယာမယ် ကတော့ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒီစာချုပ်ချုပ်ဆို ပြီးရင်တော့ ယာမယ်က လာလီဂါ ချန်ပီယံ ကလပ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေတာပါ။ ဘာစီလိုနာဟာ ယာမယ်ရဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးမှုကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ်။

အဲလ်ဗားရိုး ကားရီးရက်စ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ လက်မှတ်ထိုးဖို့ အတွက် စပိန်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အလွန်ဆို အနေနဲ့ ခံစစ်ပိုင်း မတည်ငြိမ်မှုကို ကာရီးရက်စ်နဲ့ ဖြည့်တင်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အောင်မြင်ခံတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ လစ်ဗာပူးလ် မှာသာ ဆက်ရှိနေဖို့ များနေကြောင်း သိရပါတယ်။ နူညက်ဇ်ဟာ နာပိုလီ၊ အက်တလက်တီကိုမက်ဒရစ် တို့နဲ့ သတင်းတွေ ထွက်ခဲ့ပြီးတော့ လက်ရှိမှာတော့ လစ်ဗာပူးလ် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို မပေးကြတာကြောင့် ဥရုဂွေးသားဟာ အန်ဖီးလ်မှာပဲ ဆက်ရှိနေဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်