နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ္စ ဒီးယက်ဇ်ကို မရရင် ထရော့ဆက်ဒ်ကို ခေါ်ယူသွားမယ့် ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ကတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ်ရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း အဆင်မပြေသေးတာကြောင့် တခြားသော ပစ်မှတ်တွေ ကိုလည်း ချဉ်းကပ်မှုတွေ ပြုလုပ်လျက် ရှိပြီး လက်ရှိမှာတော့ အာဆင်နယ်ရဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာကြောင်း သိရပါတယ်။

ဘေယန်မြူးနစ်ဟာ အသင်း ကနေ ထွက်ခွာသွားတဲ့ လီရွိုင်း ဆာနေးရဲ့ ဘယ်တောင်ပံနေရာကို ပြန်လည် အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပြီး လူးဝစ္စ ဒီးယက်ဇ်က ဂျာမန် ကလပ်ရဲ့ ဦးစားပေး ပစ်မှတ် ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ဘက်က သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ လောက် အလိုရှိနေတာကြောင့် အခက်အခဲ ဖြစ်နေခဲ့ရတာပါ။ သတင်းတွေအရ ဆိုရင်တော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ဒီးယက်ဇ်ကို ယူရို သန်း ၆၀ ထက် ပိုပေးဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူနိုင်ဖို့ အလားအလာ နည်းပါးနေပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြတာကြောင့် ဘေယန်မြူးနစ် အနေနဲ့ ဒီအပြောင်းအရွှေ့ကို ဆက်လက် မကြိုးပမ်းချင်တော့တဲ့ သဘောမျိုး မြင်လာရပါတယ်။ လူးဝစ္စ ဒီးယက်ဇ် ကတော့ ၂၀၂၇ ခုနှစ်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ အကယ်၍ အင်္ဂလန် ကလပ်က သူ့ကို စာချုပ် သက်တမ်း မတိုးရင် ရောင်းထုတ်ပေးဖို့ အတွက် တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ တခြားသော အပြောင်းအရွှေ့တွေ ကိုတော့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး နစ်ခ် ဝေါလ်တီမိတ်၊ အန်ကွန်ကူ တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။
လီအန်ဒရို ထရော့ဆက်ဒ် အတွက် ပေါင် သန်း ၂၀ တန်ကြေး သတ်မှတ်ထားတဲ့ အာဆင်နယ်

လူးဝစ္စ ဒီးယက်ဇ် ကတော့ လစ်ဗာပူးလ်ရဲ့ အဓိက အမာခံ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေပေမယ့် တစ်ပတ် လုပ်ခလစာ ပေါင် ၅၅၀၀၀ သာ ရရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီးယက်ဇ်က ပိုများတဲ့ လုပ်ခလစာနှုန်းထား အသစ်နဲ့ စာချုပ် သက်တမ်းတိုးပေးဖို့ လိုလားနေပြီး ဒီအခြေအနေ ကိုတော့ လစ်ဗာပူးလ် ဘက်က အနည်းငယ် တွန့်ဆုတ်လျက် ရှိပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းဖို့ လိုသေးတာကြောင့် ဒီးယက်ဇ်ရဲ့ အပြောင်းအရွှေ့ ကလည်း လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ထူးခြားမှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်နေကြပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်က နိနီ မာဒူခေးကို ခေါ်ယူထားတာကြောင့် ထရော့ဆက်ဒ်နဲ့ မာတင်နယ်လီ တို့လို ကစားသမား တချို့ကို ကြိုက်ကြေးရရင် ရောင်းချဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ထရော့ဆက်ဒ် အတွက် ယူရို သန်း ၂၀ မှ မရရင် ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။ ထရော့ဆက်ဒ် ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟိုဆေး မော်ရင်ညိုနဲ့ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီက ချဉ်းကပ်ခဲ့သေးမယ့် အာဆင်နယ်ရဲ့ တုန့်ပြန်မှုကြောင့် သတင်းတွေ ပြန်ငြိမ်သွားခဲ့ပါတယ်။ အာဆင်နယ် ကတော့ ထရော့ဆက်ဒ်နဲ့ မာတင်နယ်လီကို ရောင်းမထုတ်နိုင်ရင် အသင်းမှာသာ ဆက်ထားပြီး Squad Depth ကို ပိုမြှင့်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်က ထရော့ဆက်ဒ်ကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးနေသလို လူငယ် ကြယ်ပွင့်လေး အီသန် နွမ်နရီ ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေရာ အဆင်ပြေ တိုးတက်လျက် ရှိကြောင်း သိရပါတယ်။ဘေယန်မြူးနစ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်က အသက် ၂၉ နှစ် အရွယ် ဂျာမနီ ဗဟိုခံစစ်မှူး ဂျွန်နသန် တာ့ရ် ကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရပါသေးတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ တခြားသော အပြောင်းအရွှေ့တွေ ကိုတော့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး နစ်ခ် ဝေါလ်တီမိတ်၊ အန်ကွန်ကူ တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်