နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂန်းနားသစ် ဖြစ်လာတော့မယ့် ဂိုးသွင်း မုဆိုး ယိုကီးရက်စ်ကို သုံးသပ်ကြည့်ခြင်း | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၆၃.၅ သန်း + အပိုဆုကြေး ယူရို ၁၀ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ သူတို့ လိုချင်နေတဲ့ ဆွီဒင် ဂိုးသွင်းစက်ကို စုစုပေါင်း ယူရို ၇၃.၅ သန်း (ပေါင် ၆၄ သန်း) နဲ့ ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ဗစ်တာ ယိုကီးရက်စ်ဟာ မကြာခင်မှာ အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူမှာ ဖြစ်ပြီးတော့ ၅ နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။ အာဆင်နယ်ဟာ ဒီရက်ပိုင်းထဲမှာပဲ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာဖွယ် ရှိပြီး စင်ကာပူနဲ့ ဟောင်ကောင် ခရီးစဉ်တွေမှာ ကစားသမားကို အပါ ခေါ်လာဖို့လည်း ရှိနေပါတယ်။ စပိုတင်းလစ္စဘွန်းဟာ အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ တင်းမာနေချိန်မှာ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ဆွေးနွေးခဲ့သေးပေမယ့် ယိုကီးရက်စ် ကတော့ အာဆင်နယ် ကိုသာ ပြောင်းရွှေ့ချင်ကြောင်း ပြတ်ပြတ်သားသား တောင်းဆိုကာ ကျန်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အသက် (၂၇) နှစ် အရွယ် ဆွီဒင် လက်ရွေးစင်က ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ် အသင်း တချို့ရဲ့ ချဉ်းကပ်မှုတွေကိုလည်း ငြင်းဆန်ခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် တော်တော်လေး အလုပ်ရှုပ်ခဲ့သလို အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့တဲ့ အားကစားဒါရိုက်တာသစ် အန်ဒရီယာ ဘာတာရဲ့ ကျွမ်းကျင်မှု ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရဖို့ စပို့တင်း ဘက်ကို ဆန္ဒပြမှုတွေပါ ရှိခဲ့ပြီးတော့ ပေါ်တူဂီ ကလပ်ရဲ့ ဥက္ကဌကြောင့်လည်း ဒီအပြောင်းအရွှေ့က မျှော်လင့်ထားတာထက် ပိုကြာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပြီး ကြိုးပမ်းခဲ့သေးပေမယ့် ဂျာမန် ကလပ် ဘက်က သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို လျှော့မပေးခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း မြင့်မားတဲ့ လုပ်ခလစာ လိုချင်တာကြောင့် အာဆင်နယ်တို့ လက်လျှော့ခဲ့ပုံရပါတယ်။ အဲဒီနောက် ယိုကီးရက်စ်ကို ပြန်လည် ကြိုးပမ်းခဲ့ပြီးတော့ အဆင်ပြေလိုက်၊ မပြေလိုက် ဖြစ်နေချိန်မှာတော့ အက်စတွန်ဗီလာက အိုလီ ဝက်ကင်န်နဲ့တောင် သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ နောက်ဆုံး မှာတော့ အာဆင်နယ်က သူတို့ အသင်းဆီ လာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ယိုကီးရက်စ် ကိုပဲ အစဉ်တစိုက် ကြိုးပမ်းခဲ့ပြီး နောက်ဆုံး မှာတော့ အာဆင်နယ် ပရိသတ်တွေကို စိတ်အေးစေခဲ့တာ ဖြစ်ပါတယ်။

ယိုကီးရက်စ်ဟာ ဂန်းနား ရပ်ဝန်းကို ရောက်ရှိလာခဲ့ရင်တော့ အချစ်ခံရမယ့် ကစားသမားမျိုး ဖြစ်ပါတယ်။ သူဟာ အာဆင်နယ်က လွဲရင် တခြား ဘယ် ကလပ်ကိုမှ မပြောင်းချင်ခဲ့သလို အတည်မပြုနိုင်တဲ့ သတင်းတွေ အရဆို အာဆင်နယ် အတွက် ရည်းစားနဲ့တောင် လမ်းခွဲခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စပိုတင်း ဆီကနေ ရမယ့် ဆုကြေးငွေ ယူရို 2 သန်း ကိုလည်း အာဆင်နယ်ထံ ပြောင်းရွှေ့ခွင့် ရဖို့ အတွက် အဆုံးရှုံးခံခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့ ကိုယ်စားလှယ်တွေ ဟာလည်း ကော်မရှင်ခ တချို့ ကိုပါ လက်လွှတ်ခဲ့ပြီး သူတို့ရဲ့ ကစားသမားကို အမ်းမရိတ်စ်ဆီ အရောက် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ယိုကီးရက်စ်က ဘယ်အပိုင်းတွေမှာ အားသာပြီး ဘယ်အပိုင်းတွေမှာ အားနည်းသလဲ အာဆင်နယ် အတွက်ရော ဘယ်လောက် အထိ သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာ သုံးသပ်မှုတွေ ရှိလာပါတယ်။ ဒီနေရာမှာ အမြင်ကွဲလွဲမှုတွေ ရှိပါတယ်။

 

အားသာချက်

တချို့က ပရီးမီးယားလိဂ် အရောက်မှာ ပိုအောင်မြင်သထက် အောင်မြင်လာပြီးတော့ ဒီလိဂ်ရောက်မှ Flop သွားသူတွေ တပုံကြီးပါပဲ။
ပြီးခဲ့တဲ့ ရာသီတွေ အတွင်း ကြောက်မက်ဖွယ်ရာ ဂိုးတွေ သွင်းယူခဲ့တဲ့ ဗစ်တာ ယိုကီးရက်စ်

ယိုကီးရက်စ်ဟာ နံပါတ် ၉ တိုက်စစ်မှူး ဖြစ်တာကြောင့် ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ကို ထိထိရောက်ရောက် ဒုက္ခပေးနိုင်သူ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ရွေ့လျား နေရာယူပုံ၊ ဂိုးကန်သွင်းမှု အရည်အသွေးတွေ အပြည့် ရှိသူ တစ်ဦးပါ။ ဒါကို သူကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ ကစားတဲ့ ပွဲတိုင်းမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အမြင့်ဆုံးနဲ့ မြင်တွေ့ရတတ်ပြီး သွင်းဂိုးတွေ၊ နိုင်ပွဲတွေ၊ အောင်မြင်မှုတွေ ဆာလောင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ နောက်ပြီး ယိုကီးရက်စ်ဟာ ဂိုးသွင်းဖို့ အတွက် အားမာန် အပြည့်နဲ့ ကစားတတ်သူ ဖြစ်ပြီးတော့ ဘယ်လိုပုံစံနဲ့ သွင်းရင် ကောင်းမလဲ ဆိုပြီး တုန့်ဆိုင်းနေတတ်တဲ့ တိုက်စစ်မှူး မဟုတ်ပါဘူး။ ပုံစံ မျိုးစုံနဲ့ ဂိုးသွင်းတတ်သူပါ။ ယိုကီးရက်စ်ရဲ့ နောက်ဆုံး ၄ ရာသီ အတွင်း သွင်းဂိုးက ၁၃၇ ဂိုး ရှိခဲ့ပြီး ဂိုးဖန်တီးမှု ကတော့ ၄၃ ကြိမ် ရှိခဲ့ပါတယ်။

ယိုကီးရက်စ်ရဲ့ အဓိက အားသာချက် နောက်တစ်ခုက ကြံ့ခိုင်မှု ကောင်းပြီး ဒဏ်ရာပြသနာ ကင်းရှင်းမှု ဖြစ်ပါတယ်။ သူဟာ နောက်ဆုံး ၄ ရာသီ အတွင်း တစ်ရာသီကို အနည်းဆုံး ပွဲ ၅၀ နီးပါး ကစားခဲ့သူ ဖြစ်ပါတယ်။ ပင်နယ်တီ ကန်သွင်းမှု အပိုင်းကို ကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်း ယိုကီးရက်စ်ဟာ ပင်နယ်တီ အကြိမ် ၂၀ ကန်သွင်းရာမှာ ရာနှုန်းပြည့် ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပင်နယ်တီ ကန်သွင်းပုံ နည်းစနစ် ကတော့ ပါဝါနဲ့ တိကျမှုကို အားပြုတာကြောင့် ပြိုင်ဘက် ဂိုးသမား အနေနဲ့ ရွေးချယ်မှု မှန်ခဲ့ရင်တောင် ဖမ်းမိဖို့ မလွယ်ကူတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

 

အားနည်းချက်

အချက်အလက်တွေ အရ ယိုကီးရက်စ်ရဲ့ အားနည်းချက် ကတော့ ခေါင်းတိုက် စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပေါ်တူဂီ အမှတ်ပေးလိဂ်မှာ ခေါင်းတိုက် သွင်းဂိုး ၁ ဂိုးမှ မရခဲ့ပါဘူး။ နောက်ပြီး Aerial Duel Won Rate ကလည်း ၂၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ တိုက်စစ်မှူး တစ်ဦး အတွက်တော့ ဒါက ကြီးမားတဲ့ အားနည်းချက် တစ်ခုပါ။ ဒါပေမယ့်လည်း နီကိုးလက်စ် ယိုဗာ လို Set Piece နည်းပြကောင်း တစ်ဦးရဲ့ လမ်းညွှန်မှုနဲ့ ဆိုရင်တော့ ယိုကီးရက်စ်ရဲ့ ခေါင်းတိုက် စွမ်းရည်တွေ တိုးတက်လာနိုင်စွမ်း ရှိပါတယ်။

နောက်ဆုံး တစ်ချက် ကတော့ ယိုကီးရက်စ်ဟာ ကြောက်ခမန်းလိလိ ဂိုးတွေ သွင်းလာတယ် ဆိုပေမယ့် ပေါ်တူဂီလိဂ်မှာ ဖြစ်နေတယ် ဆိုတဲ့ အချက်ပါ။ သူကတော့ သူ့ရဲ့ တူညီတဲ့ စွမ်းရည်ကို ပရီးမီးယားလိဂ်မှာလည်း ပြသနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါကတော့ မကြာခင်မှာ ဂန်းနား ဖြစ်လာတော့မယ့် ဗစ်တာယိုကီးရက်စ်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို မြင်ရသလောက် သုံးသပ်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဟာ ခက်ခဲပါတယ်။ ကြမ်းတမ်းပါတယ်။ တချို့က ပရီးမီးယားလိဂ် အရောက်မှာ ပိုအောင်မြင်သထက် အောင်မြင်လာပြီးတော့ ဒီလိဂ်ရောက်မှ Flop သွားသူတွေ တပုံကြီးပါပဲ။ ဒီတော့ အာဆင်နယ်မှ အာဆင်နယ် ဖြစ်ခဲ့တဲ့ ယိုကီးရက်စ် တစ်ယောက် မြောက်လန်ဒန် ကလပ်မှာ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မှုတွေ ရယူသွားနိုင်မလဲ ဆိုတာတော့ မကြာခင်မှာ အဖြေပေါ်မှာ ဖြစ်ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်