နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ် အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်တဲ့ အန်တိုနီ အီလန်ဂါ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကစားသမားသစ် အန်တိုနီ အီလန်ဂါ ကတော့ သူ့အနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။ နယူးကာဆယ်ဟာ နော့တင်ဟမ်ဖောရက်စ်ရဲ့ ဆွီဒင် တောင်ပံကစားသမား အန်တိုနီ အီလန်ဂါကို မနေ့ကပဲ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီ အီလန်ဂါ ကတော ပြီးခဲ့တဲ့ ရာသီက နူနို အက်စ်ပီရီတို ဆန်တိုရဲ့ အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် နယူးကာဆယ်က အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ နယူးကာဆယ်က တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ ဒီနွေရာသီမှာ အန်တိုနီ အီလန်ဂါဟာ အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်ကြောင်း ဝန်ခံခဲ့ပတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ နော့တင်ဟမ်ဖောရက်စ် အတွက် ၆ ဂိုး သွင်း ၁၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် အီလန်ဂါဟာ နော့တင်ဟမ်ဖောရက်စ်တို့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ဖို့နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရရှိဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အန်တိုနီ အီလန်ဂါထက် ပိုပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေ ဆိုလို့ မိုဟာ မက်ဆာလာ (၁၈ ကြိမ်) နဲ့ ဂျက်ကော့ဘ် မာဖီ (၁၂ ကြိမ်) သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်သားဟာ ဖောရက်စ် အတွက် ၁၉၉၄-၁၉၉၅ ဘောလုံးရာသီ နောက်ပိုင်း ထိပ်တန်း ပြိုင်ပွဲ တစ်ခုမှာ ဘရိုင်ယန် ရွိုင်း (၁၁ ကြိမ်) ပြီးရင် ဂိုးဖန်တီးမှု အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

အီလန်ဂါဟာ ၂၀၂၃ ခုနှစ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ရောက်ရှိလာခဲ့ပြီးတော့ အသင်း အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၈၂ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းကာ ၂၁ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် အီလန်ဂါဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဖောရက်စ် အတွက် ခရစ္စဝုဒ် (၃၈ ကြိမ်) ပြီးရင် ၃၁ ကြိမ်နဲ့ ဂိုးပါဝင် ပတ်သတ်မှု အများဆုံး စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ နော့တင်ဟမ်ဖောရက်စ် အတွက် ၆ ဂိုး သွင်း ၁၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ နော့တင်ဟမ်ဖောရက်စ် အတွက် ၆ ဂိုး သွင်း ၁၁ ဂိုး ဖန်တီးခဲ့တဲ့ အီလန်ဂါ

အီလန်ဂါ ကတော့ ဒီနွေရာသီမှာ နယူးကာဆယ်ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပြီး ဆွီဒင်သားဟာ ငှက်ကြားတွေရဲ့ တောင်ပံ အစုအဖွဲ့ ဖြစ်တဲ့ အန်တိုနီ ဂေါ်ဒွန်၊ ဟာဗီ ဘန်းစ်နဲ့ မာဖီ တို့နဲ့ ပူးပေါင်းခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ခဲ့ပြီးနောက် အီလန်ဂါက နယူးကာဆယ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် ကနေ တဆင့် အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် တကယ်လည်း ပျော်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး ကတော့ ကျွန်တော် အဆင်သင့် ဖြစ်နေတယ် ဆိုတာပါပဲ။ ဒီအစုအဖွဲ့ အတွက် အဖြူအမည်း အင်္ကျီကို ဝတ်ဆင်ပြီး အမှန်တကယ် တိုက်ပွဲ ဝင်ဖို့နဲ့ အရာအားလုံးကို ပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။” လို့ အီလန်ဂါက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီလန်ဂါက “နော့တင်ဟမ်ဖောရက်စ်မှာ အံ့သြစရာကောင်းတဲ့ နှစ်နှစ် ရှိခဲ့ပါတယ်။ ဒီကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက ဆုဖလား တစ်လုံး ရရှိခဲ့ပြီးတော့ ကျွန်တော် တကယ် ပါဝင်ချင်တဲ့ ထူးခြားတဲ့ အရာ တစ်ခုကို တည်ဆောက်နေပါတယ်။ ဒီကလပ်ရဲ့ ဒီအန်အေ ထဲကို အမှန်တကယ် ဝင်ရောက်ချင်ပါတယ်။ ဒီမှာ ရှိရတာ တကယ်ကို ပျော်ပါတယ်။ စတင်ဖို့လည်း မစောင့်နိုင်တော့ဘူး။” လို့ ပြောကြားခဲ့ပါသေးတယ်။တစ်ဖက်မှာလည်း နော့တင်ဟမ်ဖောရက်စ်က ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်-ဝှိုက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ စပါးကို တရားစွဲဆိုဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဖောရက်စ်ဟာ စပါး အနေနဲ့ ဂစ်ဘ်ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူတာဟာ စည်းမျဉ်း ချိုးဖောက်တာပဲလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဂစ်ဘ်ဝှိုက်ဟာ ၂၀၂၂ သြဂုတ်လက ဝုဗ် ကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ နော့တင်ဟမ်ဖောရက်စ်ကို ရောက်ရှိလာခဲ့တာပါ။ အင်္ဂလန်သားဟာ နော့တင်ဟမ်ဖောရက်စ်မှာ ၃ နှစ်တာ ကာလ အတွင်း ပြိုင်ပွဲစုံ ၁၁၈ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ၂၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်