ချဲလ်ဆီး ဂန္တဝင် ဂျွန်တယ်ရီ ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်မယ်လို့ မထင်ကြောင်း သုံးသပ်လိုက်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အတူ ပရီးမီးယားလိဂ် Top 4 ဝင်ခဲ့သလို ယူရိုပါကွန့်ဖရင့်လိဂ် မှာလည်း ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ချဲလ်ဆီးက လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ ရောက်ရှိနေပြီး ချန်ပီယံဆုနဲ့ လက်တကမ်းအကွာမှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။
ဒီလို ပုံစံကောင်းတွေ ရနေတဲ့ ချဲလ်ဆီးဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ပိုမိုမြင့်မားစွာ စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်နေကြပေမယ့် တယ်ရီ ကတော့ သူ့ရဲ့ အမြင် အတိုင်း အခုလိုပဲ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် နောက်ခံလူဟောင်းက ချဲလ်ဆီးဟာ အရာရာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေတယ်လို့ ယုံကြည်ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်လာရင် ပရိသတ်တွေကို သတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျွန်တယ်ရီက “ကျွန်တော် တို့မှာ ငယ်ရွယ်ပြီး အရမ်းကောင်းတဲ့ အသင်း တစ်သင်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် ထင်ရှားတဲ့ စကား တစ်ခွန်းကို သိထားပါတယ်။ အဲဒါက လူငယ်ကစားသမားတွေနဲ့ ဘာကိုမှ အနိုင်ယူလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ ကျွန်တော့် အထင်အရတော့ အတွေ့အကြုံ နည်းနည်းတော့ လိုပါလိမ့်မယ်။ ဂိုးသွင်းဖို့ပဲ ဖြစ်ဖြစ်၊ ကွင်းထဲမှာ လမ်းကြောင်း နည်းနည်း ချပေးနိုင်တဲ့ အသက်ကြီးတဲ့ ဗဟိုခံစစ်မှုး လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အရည်အသွေးတွေ အတွက် ပိုင်ရှင် ဘာတွေလုပ်နေသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ စိတ်ကူး ကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် အဲဒါက ပရီးမီးယားလိဂ် ဖလား ရဖို့တော့ မသေချာပါဘူး။” လို့ talkSPORT ကို ပြောကြားသွားခဲ့ပါတယ်။
အဲဒီနောက် လာမယ့်ရာသီ ဘယ်အသင်းတွေက ချန်ပီယံဆု အတွက် အလားအလာ ရှိသလဲ ဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း တယ်ရီက အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ “မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့ဟာ လက်ရှိအချိန်မှာ အားကောင်းလွန်းနေတယ်လို့ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ခံစားမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလား ပြီးရင် နောက်ရာသီကို တကယ်ကောင်းအောင် စတင်နိုင်မှာပါ။” လို့ တယ်ရီက ဆိုပါတယ်။
အခုနှစ် အစောပိုင်းမှာတုန်းက တယ်ရီဟာ ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အနည်းဆုံး နှစ်ရာသီလောက် စောင့်ရဦးမှာ ဖြစ်ကြောင်း သုံးသပ်ထားခဲ့တာပါ။ တယ်ရီက “ကျွန်တော်တို့ နှစ်နှစ်လောက် ဝေးကွာနေသေးတယ် ထင်ပါတယ်။” လို့ မေလက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တယ်ရီက “ဒါကို ခေါင်းကြီးပိုင်းမှာ မပါစေချင်ပါဘူး။ ဒါပေမယ့် မန်စီးတီး၊ လစ်ဗာပူးလ် တို့ကို ကြည့်မိတယ်။ သူတို့က ပိုအားကောင်းလာတယ်။ နောက်ပြီး အာဆင်နယ် ကလည်း တသမတ်တည်းပါပဲ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အားရစရာ ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ပြလုပ်ထားပြီးတော့ အက်ဆူဂို၊ လီယမ် ဒီလက်ပ်၊ မာမာဒူ ဆား၊ ယာအို ပက်ဒရို၊ ဂျေမီ ဂစ်တန်စ် တို့လို ကစားသမားတွေကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက အခုလို ခေါ်ယူမှုတွေ ပြုလုပ်ထားသည့် တိုင်အောင် အပြောင်းရွှေ့ ကာလ အတွင်း ဆက်ရှိနေဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.