နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်မြေကို ပြောင်းရွေ့ဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်၊ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ကြိုးပမ်းလာနိုင်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၁၁ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ၄ သင်း ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ကိုတော့ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကလည်း တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုနဲ့ အလဲအလှယ် ပြုလုပ်ဖို့ ဆွေးနွေးထားကြောင်းလည်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Football Insider ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ငှက်ကြားတွေ ကတော့ သူတို့ အသင်းရဲ့ အဓိက တောင်ပံ ကစားသမားကို ရောင်းချဖို့ တွန့်ဆုတ်နေပြီးတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဝန်းကျင် တောင်းဆိုဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်ကို နောက်ထပ် ရောက်ရှိလာဖွယ် ရှိနေတဲ့ ကစားသမား ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ဖြစ်ပါတယ်။
ဟူဂို အစ်ကီတီကီ အတွက် သန်း ၁၀၀ ဝန်းကျင် အလိုရှိနေတဲ့ ဖရန့်ဖတ်

ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်ကို နောက်ထပ် ရောက်ရှိလာဖွယ် ရှိနေတဲ့ ကစားသမား ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ဖြစ်ပါတယ်။ GIVEMESPORT ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ ဒါဝင် နူညက်ဇ်ကို ရောင်းချပြီးတာနဲ့ ပြင်သစ်သား အတွက် ဆွေးနွေးမှုတွေ စတင်ဖို့ ရှိနေကြောင်း သိရပါတယ်။

စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို တို့ကို မခေါ်ယူနိုင်ခဲ့ရင်တော့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ဟာ ဂန်းနားတွေ အတွက် နောက်ထပ် ဦးစားပေး ပစ်မှတ် ဖြစ်လာဖို့ ရှိကြောင်း TBR Football မှဖော်ပြခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အရမ်းပဲ စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။

ဘင်ဖီကာ ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ဖီးလစ်ကို လုပ်ပိုင်ခွင့် ၅၀ ရာခိုင်နှုန်းကို ယူရို သန်း ၂၀ (ပေါင် ၁၇.၃ သန်း) နဲ့ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ O JOGO က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ကစားသမား တစ်ဦးကို တစ်ဝက်စီ ပိုင်ဆိုင်ခြင်းဟာ ပရီးမီးယားလိဂ် စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတာကြောင့် ချဲလ်ဆီး မဟုတ်တဲ့ တခြားသော ရင်းနှီးမြှုပ်နှံသူ ရှာဖွေရဖို့ ရှိနေပါတယ်။

မန်စီးတီး ကတော့ ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်အတီး အတွက် ပေါင် ၂၅ သန်း (ယူရို ၂၈.၉ သန်း) သတ်မှတ်ထားကြောင်း daily Mail က ဖော်ပြခဲ့ပါတယ်။ နော့တင်ဟမ်ဖောရက်စ် ကတော့ ဒီကစားသမားကို ခေါ်ယူဖို့ တခြားသော ဥရောပ ကလပ်တွေနဲ့ အပြိုင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

The Athletic ရဲ့ ဖော်ပြချက် အရ တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ မော်ဂန် ဂစ်ဘ်ဝှိုက် နေရာမှာ အစားထိုးဖို့ ဖော်ရက်စ်က ကစားသမားသစ် ရှာဖွေနေကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း စပါးက မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် မိုဟာမက် ကူဒု့စ် ကိုပဲ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ လစ်ဗာပူးလ် အနေနဲ့ လူးဝစ် ဒီးယက်ဇ် ကိုသာ လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာပဲ ပီအက်စ်ဂျီ ကြယ်ပွင့် ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒါက ဖြစ်နိုင်ခြေ တော်တော်လေးမှ နည်းတဲ့ အပြောင်းအရွှေ့ ဖြစ်ပြီး ပီအက်စ်ဂျီ ကလည်း သူတို့ရဲ့ အဓိက ကစားသမား ဖြစ်နေတဲ့ ဂျော်ဂျီယာသားကို အလွယ်တကူ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်