ဇူလိုင်လ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ စပို့တင်းလစ္စဘွန်း နောက်ခံလူ ဂွန်ဆာလို အင်နာစီယိုနဲ့ ပြန်လည် ဆုံတွေ့နိုင်ဖွယ် ရှိနေကြောင်း Football Transfers က ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြ ကလည်း ဒီကစားသမားကို သဘောကျပြီးတော့ ခေါ်ယူဖို့ အတွက် တွန်းအားပေးသွားဖွယ် ရှိနေပါတယ်။

အီဘာရီချီ အီးဇီး ကတော့ တော့တင်ဟမ်ဟော့စပါးထက် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် တိုက်စစ် ကစားသမားကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီး တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ် ကတော့ လက်ရှိမှာ ချဲလ်ဆီးက နိုနီ မာဒူခေးကို ပေါင် ၅၂ သန်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီး ဒီအပြောင်းအရွှေ့ အတွက် ဂန်းနား ပရိသတ် အများစု ကတော့ စိတ်ပျက်လျက် ရှိနေပါတယ်။
ဂျူဗင်တပ်စ် ဒူဆန် ဗလာဟိုဗစ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာငွေ တောင်းဆိုမှုကို အလျင်အမြန် ဖြေရှင်းဖို့ အတွက် စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြောင်း ဂျီယန်လူကာ ဒီ မာဇီယိုက ဖော်ပြပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက် အပါအဝင် တခြားသော ကမ်းလှမ်းမှု အများအပြား အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်စ် ဘက်က လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဂါလာတာဆာရေး ကတော့ ယခင်က မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်ခဲ့သူ ဗစ်တာ အိုဆင်မ်ဟန်ကို ယူရို ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း CalcioMercato က ဖော်ပြပါတယ်။ အိုဆင်မ်ဟန် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း လိုချင်နေပြီးတော့ သူကိုယ်တိုင် ကလည်း ဘယ်အသင်းကို ပြောင်းရွှေ့ရမလဲ ဆိုတာ စဉ်းစားနေရဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ အရန်ဂိုးသမား ဒေါ်ဒီ ပီထရိုဗစ် အတွက် ဘုန်းမောက်ထံမှ တရားဝင် အဖွင့် ကမ်းလှမ်းမှု တစ်ခု ရရှိထားကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ ပီထရိုဗစ် ကိုတော့ ဆန်းဒါးလန်းက အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဂျွန် အေးရီးရာ့စ် အတွက် ဖလူမီးနန့်စ်နဲ့ စေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ Fichajes က ဖော်ပြပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါး ကတော့ သောမတ်စ် ဖရန့်ခ် လက်အောက်မှာ ခြေစွမ်းပြခဲ့တဲ့ ဘရန့်ဖို့ဒ် တိုက်စစ် ကစားသမား ယိုအာနေး ဝစ်ဆာကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ နှစ်ရက် အတွင်းမှာ ဝက်စ်ဟမ်းက မိုဟာမက် ကူဒု့စ်နဲ့ ဖောရက်စ်က မော်ဂန် ဂစ်ဘ်ဝှိုက် တို့နဲ့ Here We Go ထားခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အော်ရီလီယန် ချူအာမန်နီကို ယူရို သန်း ၉၀ (ပေါင် ၇၇.၆ သန်း) နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လော့စ်ဘလန်ကို့စ် တို့ဟာ ပြင်သစ်သားကို အဓိက ကစားသမား တစ်ဦး အဖြစ် ရှုမြင်ထားပြီး ကမ်းလှမ်းမှုတွေကို အခိုင်အမာ ငြင်းဆိုဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.