နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အားရစရာ ကစားသမား ခေါ်ယူမှုတွေ စတင်လုပ်ဆောင်လာတဲ့ တော့တင်ဟမ်ဟော့စပါး | ပရီးမီးယားလိဂ်

ဒီနွေရာသီ အပြောင်းအရွှေ့ အတွင်း အားရစရာ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ပြလာတာ ကတော့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးပဲ ဖြစ်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဝက်စ်ဟမ်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မိုဟာမက် ကူဒု့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပြီး ၆ နှစ် သက်တမ်း ရှိတဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ပါ ချုပ်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကူဒု့စ်ရဲ့ အပြောင်းအရွှေ့ အပြီးမှာ စပါးဟာ နော့တင်ဟမ်ဖောရက်စ်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ် ဝှိုက် ကိုပါ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ထပ်မံ သဘောတူညီမှု ရရှိခဲ့ပြန်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဇယား အောက်ပိုင်းမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ် ယူပေးခဲ့တဲ့ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးနဲ့ လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် မြောက်လန်ဒန် ကလပ်က ဘရန့်ဖို့ဒ်က သောမက်စ် ဖရန့်ခ်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိ မှာတော့ ကစားသမား ခေါ်ယူမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

ဂါနာ လက်ရွေးစင် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား မိုဟာမက် ကူဒု့စ် ကတော့ ၂၀၂၃ ခုနှစ်မှာ အေဂျက်စ် ကနေ ဝက်စ်ဟမ်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူက ဟမ်းမားတွေ အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲ ၈၀ ကစားပြီး ၁၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကူဒု့စ်ဟာ ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ခဲ့ပြီးတော့ တော့တင်ဟမ်ဟော့စပါး ကိုပဲ ဦးစားပေး ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ချဲလ်ဆီးဟာ ကူဒု့စ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခ လစာတွေနဲ့ ချဉ်းကပ်ခဲ့သေးပေမယ့် ဂါနာသား ကတော့ သူ့ရဲ့ စိတ်အာရုံထဲမှာ စပါးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မော်ဂန် ဂစ်ဘ်ဝှိုက်ကို ဒီနွေရာသီ အပြောင်းအရွှေ့ အစမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။
ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဦးမယ့် တော့တင်ဟမ်ဟော့စပါး

ဆက်လက်ပြီး သောမတ်စ် ဖရန့်ခ်ဟာ စပါးနဲ့ သူ့ရဲ့ ပထမဆုံးရာသီ တာထွက်လှပစေဖို့ အတွက် နော့တင်ဟမ်ဖောရက်စ်က အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ် ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ပေးချေကာ ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက်အရ စပါးဟာ ဘရန့်ဖို့ဒ်မှာ သောမက်စ် ဖရန့်ခ် ကိုင်တွယ်စဉ်က ခြေစွမ်းပြနိုင်ခဲ့တဲ့ ယိုအာနေး ဝစ်ဆာကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

တကယ်တော့ မော်ဂန် ဂစ်ဘ်ဝှိုက်ကို ဒီနွေရာသီ အပြောင်းအရွှေ့ အစမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပပ် ဂွါဒီယိုလာရဲ့ အသင်းက ပစ်မှတ်တွေ ပြောင်းလဲသွားခဲ့ပြီး ဂစ်ဘ်ဝှိုက် အစား ရေယန် ချာကီနဲ့ တီဂျန်နီ ရီအင်ဒါ တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ် ကလည်း သူတို့ အသင်း အတွက် အဓိကကျခဲ့တဲ့ ဂစ်ဘ်ဝှိုက်ကို ရောင်းထုတ်လိုခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အခု‌တော့ စပါးက စာချုပ်ဖျက်သိမ်းကြေး အတိုင်း ပေးပြီး ခေါ်ယူသွားခဲ့ရာမှာတော့ လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ 

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် သောမက်စ် ဖရန့်ခ် ခေါ်ယူချင်နေတဲ့ ကစားသမားတွေ ရှိနေသေးတာကြောင့် စပါးဟာ ဒီအပြောင်းအရွှေ့ထဲမှာ ဆက်လက် လှုပ်ရှားဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်