ချဲလ်ဆီး တောင်ပံ ကစားသမား ပက်ဒရို နီတို ကတော့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့ ဒီယိုဂို ဂျိုတာကို ရည်စူးပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပေးလိုကြောင့် ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီးတော့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက စပိန် နိုင်ငံမှာ လစ်ဗာပူးလ် တိုက်စစ် ကြယ်ပွင့် ဒီယိုဂို ဂျိုတာနဲ့ သူရဲ့ ညီဖြစ်သူ အန်ဒရီ ဆေးလ်ဗား တို့ဟာ ယာဉ်မတော်တဆမှုကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် ဘောလုံးလောက တစ်ခုလုံး ထိတ်လန့် တုန်လှုပ်ကာ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ တကယ်တော့ ပက်ဒရို နီတိုနဲ့ ဒီယိုဂို ဂျိုတာ တို့ဟာ ပရီးမီးယားလိဂ် ကလပ် ဝုဗ်မှာ အတွဲညီခဲ့ကြသူတွေ ဖြစ်သလို ပေါ်တူဂီ လက်ရွေးစင် အသင်းမှာလည်း အတူတကွ ကစားရင်း နေးရှင်းလိဂ် ဆုဖလား ကိုလည်း ပူပူနွေးနွေး ဆွတ်ခူးထားနိုင်ကြသူတွေ ဖြစ်ပါတယ်။
လက်ရှိမှာ ပက်ဒရို နီတိုဟာ ချဲလ်ဆီးနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲနေပြီး ဗိုလ်လုပွဲတောင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပက်ဒရို နီတိုက ဒီယိုဂို ဂျိုတာ အတွက် သူ့ရဲ့ ခံစားချက်နဲ့ ရည်မှန်းချက်ကို ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ နီတိုက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ “တကယ်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျွန်တော့် အတွက် အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒီဗိုလ်လုပွဲဟာ သူနဲ့ သူ့ရဲ့ ညီလေး အတွက် ဖြစ်တယ် ဆိုတဲ့ သတင်းစကား တစ်ခု ကျွန်တော် ပေးချင်ပါတယ်။” လို့ ဆိုပါတယ်။

“ဒါဟာ ကျွန်တော့် အတွက် အရမ်းကို ခက်ခဲတဲ့ အချိန်ပါ။ ဒီအကြောင်းကို စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မလွယ်ပါဘူး။ သူ့အတွက် ဒီဖလားကို ကျွန်တော် ယူပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီဗိုလ်လုပွဲကို သူနဲ့ သူ့မိသားစု အတွက် ရည်စူးပြီး သူတိုရဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော် တစ်ယောက်လုံး ရှိနေတယ် ဆိုတာကို ပြသချင်ပါတယ်။” လို့ နက်တိုက ပြောကြားသွားခဲ့ပါတယ်။ နီတိုနဲ့ ဂျိုတာ တို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပေါ်တူဂီက ပိုလန်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ နောက်ဆုံး အကြိမ် အဖြစ် အတူတကွ တွဲဖက် ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲ၊ နယူးဂျာစီ မြို့က MetLife ကွင်းမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပက်ဒရို နီတိုဟာ လက်ရှိ ပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီးတော့ ချဲလ်ဆီးတို့ ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး အတွက် အဓိက နေရာ ကနေ ကူညီပေးထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးတို့ ဗိုလ်လုပွဲမှာ တွေ့ဆုံရမယ့် အသင်းက ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ အသင်းတွေ ကိုပဲ ဆက်တိုက် ဖြုတ်နေတဲ့ ပီအက်စ်ဂျီ ဖြစ်နေတာကြောင့် နီတိုရဲ့ မျှော်လင့်ချက်တွေ ပြည့်မြောက်နိုင်ဖို့တော့ ခက်ခဲဦးမှာ သေချာပါတယ်။ ဒီတော့ အဲဒီပွဲမှာ ပေါ်တူဂီသား တစ်ယောက် သူရဲ့ မျှော်လင့်ချက် အတိုင်း သူငယ်ချင်း ဖြစ်သူ ဂျိုတာ အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကို ရယူပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.