မန်ချက်စတာစီးတီး ကွင်းလယ် တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် ၃ သင်းက အပြိုင်အဆိုင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဂရီးလစ်ရှ် ကတော့ မန်စီးတီးမှာ အနာဂတ် မရှိသလောက် ဖြစ်နေပြီး ပပ် ဂွါဒီယိုလာ ကိုယ်တိုင် ကတောင် အသင်းပြောင်းဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဒီနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ဂရီးလစ်ရှ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်နဲ့ ပြိုင်ပွဲဝင်လိုစိတ် ပြင်းပြမှုတွေ ပြန်လည် ရရှိဖို့ အသင်း ကနေ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂရီးလစ်ရှ်ကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီးတော့ အင်္ဂလန်သား အနေနဲ့ အက်စတွန်ဗီလာ မှာတုန်းကလို ဒါမှမဟုတ် ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့စဉ်ကလို ကစားသမားမျိုး ပြန်ဖြစ်လာဖို့ အသင်းသစ် ရှာဖွေစေချင်နေတာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂရီးလစ်ရှ်ဟာ တစ်ချိန်က ပေါင် သန်း ၁၀၀ တန် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့သူပါ။ သူဟာ မန်စီးတီးတို့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ကာလမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပေမယ့် နောက်ပိုင်း ရာသီတွေ မှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၅၇ ပွဲ ကစားခဲ့ပေမယ့် ပွဲကစားခွင့် မိနစ် ကတော့ နည်းပါးခဲ့ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ ဂွါဒီယိုလာက “အမှန်တရားကတော့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ဂရီးလစ်ရှ်က ပွဲထွက် ကစားချိန် သိပ်မရခဲ့ပါဘူး။ သူဟာ ပွဲထွက် ကစားခွင့် ပြန်ရဖို့ လိုအပ်နေပြီး ၃ ရက် ၁ ပွဲ ကစားရတဲ့ အခါ ခံစားရတဲ့ ရင်ခုန်စိတ် လှုပ်ရှားပြီး ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်နေတာပါ။ အဲ့ဒီအခါကျရင် သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် ပြသနိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။
လက်ရှိ မှာတော့ ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဥရောပ ကလပ် များစွာ ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့ထဲကို လက်တလောမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေလည်း ဝင်ရောက်လာပြီးတော့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာ ကိုလည်း ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂရီးလစ်ရှ်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်အာလီ၊ အဲလ်ဟီလာနဲ့ တန်းတက် ကလပ် နီယွန်မ် အက်စ်စီ တို့က ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကလပ် ၃ သင်းစလုံးက ကစားသမားရဲ့ တစ်ပတ် လုပ်ခ လစာ ပေါင် ၃၀၀၀၀၀ ကိုလည်း ပေးချေဖို အသင့်ရှိနေကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ်တွေက ဂရီးလစ်ရှ်ကို ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေလိုခြင်း မရှိကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။ ဒါကြောင့် မန်စီးတီးမှာ ရရှိနေတဲ့ လစာ အတိုင်း အလိုရှိနေတဲ့ ဂရီးလစ်ရှ် တစ်ယောက် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.