ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ ချဲလ်ဆီးက ဖလူမီးနန့်စ်ကို ယာအို ပက်ဒရိုရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဖလူမီးနန့်စ်ထက် ခြေစွမ်းပိုင်း အနည်းငယ် ပိုသာခဲ့ပြီး သက်တောင့်သက်သာ ကစားရင်း အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
ဖလူမီးနန့်စ်ဟာ ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဖေဘီယို၊ အစ်ဂ်နာစီယို၊ ဆေးလ်ဗား၊ ဆန်းတို့စ်၊ ဂူဂါ၊ ဟာကျူလီ၊ ဘာနဲလ်၊ ရီနီ၊ နိုနာတို၊ ကေနို၊ အေရီးရာ့စ် တို့ ပါဝင်ခဲ့ကြပါတယ်။ ချဲလ်ဆီး ကတော ယာအို ပက်ဒရို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ နီတို၊ ပါးလ်မား၊ အန်ကွန်ကူ၊ အန်ဇို၊ ကိုင်စီဒို၊ ကူကာရယ်လာ၊ တိုဆင်၊ ချာလိုဘာ၊ ဂူစတို၊ ဆန်းချက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ပွဲစကတည်းက ကြံခိုင်မှု အသားပေးပြီး ခပ်ကြမ်းကြမ်း ကစားခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ တစ်သင်းလုံး လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားသွားခဲ့သလို နီတိုနဲ့ အန်ကွန်ကူ တို့ရဲ့ တောင်ပံ နှစ်ဖက် ကလည်း တော်တော်လေး လှုပ်ခဲ့ပါတယ်။ တိုက်စစ် အကူအပြောင်းတွေ စနစ်တကျ ရှိခဲ့ပြီးတော့ ပထမပိုင်း ၁၈ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အသင်းသစ် ချဲလ်ဆီးရဲ့ တိုက်စစ်မျှားဦးမှာ ပထမဦးဆုံး အကြိမ် ဦးဆောင်ခွင့်ရခဲ့တဲ့ ဖလူမီးနန့်စ် ကစားသမားဟောင်း ယာအို ပက်ဒရိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယာအို ပက်ဒရိုဟာ ၁၈ ကိုက်စည်း အပြင် ကနေ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပြီး ဂိုးသမား ဖေဘီယို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချည်းအနှီးသာ ဖြစ်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၄၀ လောက်မှာ ဂိုးဧရိယာ အတွင်း ချဲလ်ဆီး ဘက်က ချာလိုဘာ လက်ထိခဲ့လို့ ဖလူမီးနန့်စ်တို့ ပင်နယ်တီ ရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရလို့ နစ်နာခဲ့ပါတယ်။
အဲဒီနောက် ဒုတိယပိုင်းမှာ ဖလူမီးနန့်စ်တို့ လူစား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ပွဲကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီး ကပဲ ဂိုးထပ်ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုလည်း ယာအို ပက်ဒရိုက အားပါပါနဲ့ပဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ယာအို ပက်ဒရိုက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ MOTM ဆုလည်း ရသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ချဲလ်ဆီးက ပွဲကို ထိန်းသွားခဲ့လို့ ဖလူမီးနန့်စ်တို့ လိုအပ်နေတဲ့ ဂိုးတွေ မရခဲ့ပဲ ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ချဲလ်ဆီး ကတော့ ဒီပြိုင်ပွဲမှာ ကံတရား ဖေးမမှုတွေ ရှိခဲ့သလို ခြေစွမ်းပိုင်း ကလည်း မဆိုးတာကြောင့် ဗိုလ်လုပွဲ အထိ ရောက်လာခဲ့ပါပြီ။ ပြောရမယ် ဆိုရင် အန်ဇို မာရက်စ်ကာရဲ့ အသင်း အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလားက လက်တစ်ကမ်း အကွာမှာ ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဗိုလ်လုပွဲကို တက်လှမ်းလာမယ့် ပြိုင်ဘက်က ချဲလ်ဆီးတို့ ကျော်ဖြတ်လာတဲ့ အသင်းတွေထက် ပိုကောင်းပြီး ပိုတောင့်တင်းနေမှာ မှန်ပေမယ့် လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ အန်ဇို မာရက်စ်ကာ တို့ အုပ်စု အနေနဲ့ ဘာမဆို မျှော်လင့်လို့ ရနေပြီ ဖြစ်ပါတယ်။ ဖလူမီးနန့်စ် ကတော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ဘရာဇီးလ် ကလပ် ၄ သင်းထဲမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပေမယ့် Top 4 နဲ့ပဲ ကျေနပ်လိုက်ရတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.