နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပေမယ့် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ အသင်းနဲ့ ပူးပေါင်းခွင့် မရသေးကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ သူတို့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား အတွက် အသင်းသစ် ရှာဖွေဖို အချိန်ပိုပေးထားတာလည်း ဖြစ်ပါတယ်။ 

The Athletic ကလည်း မန်ချက်စတာယူနိုက်တက်ဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပေမယ့် ရက်ရှ်ဖို့ဒ်ကို အသင်းနဲ့ မပူးပေါင်းစေပဲ အသင်းသစ် ရှာဖွေဖို့သာ ကြိုးပမ်းဖို့ တွန်းအားပေးနေတယ်လို့ အတည်ပြု ဖော်ပြထားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ကြံ့ခိုင်မှု အတွက် တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းနေရပြီး အသင်းရဲ့ လေ့ကျင့်ခန်းတွေမှာ ပူးပေါင်း ပါဝင်ခွင့်မရ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ မဖြစ်မနေ အသင်းသစ် ရှာဖွေဖို ညွှန်ကြားထားပြီး သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုလည်း တိုက်စစ်မှူးသစ် မားသီးယက်စ် ကူညာကို ပေးအပ်ထားပြီးပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ ထည့်သွင်းထားခြင်း မရှိတာ သိသာစေပါတယ်။ 

အသက် ၂၇ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လက်ရှိမှာ ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ အပြီးသတ်ထက် အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အစောပိုင်း သတင်းတွေ အရ ရက်ရှ်ဖို့ဒ် ကိုယ်တိုင်က လာလီဂါ ချန်ပီယံတွေဆီ ပြောင်းရွှေ့ခွင့် ရဖို့ အတွက် လစာလျှော့ယူဖို့ အထိပါ သဘောတူညီထားကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ငယ်မွေး ခြံပေါက် ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး အင်္ဂလန် မှာပဲ ကစားခဲ့သူ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် ပွဲပေါင်း ၄၂၀ ကျော် ကစားပေးထားတဲ့ ရက်ရှ်ဖို့ဒ်

ပရီးမီးယားလိဂ် ကလပ်မှာ နောက်ပိုင်း နှစ်တွေ အတွင်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာ မှာတော့ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက စောင့်ကြည့်နေခဲ့ကြတာပါ။ ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကလည်း စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာက သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ နီကို ဝီလီယမ်စ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့သလို လူးဝစ္စ ဒီးယက်ဇ် ကို ကြိုးပမ်းနေမှု ကလည်း အဆင်မပြေ ဖြစ်နေပါတယ်။ ဒါကြောင့် ဘာစီလိုနာ အတွက် အဆင်ပြေဆုံး ရွေးချယ်မှုက မားကပ်စ် ရက်ရှ်ဖို့ဒ် ဖြစ်နေပေမယ့် အပြောင်းအရွှေ့ပိတ်ခါနီး အထိ စောင့်ဆိုင်းဖို့ အတွက် ကစားသမား ဘက်ကို အကြောင်းကြားထားတယ်လို့ သိထားရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ငယ်မွေး ခြံပေါက် ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး အင်္ဂလန် မှာပဲ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့် ရခဲ့ပြီးတော့ လက်ရှိ အချိန်ထိ ပွဲပေါင်း ၄၂၆ ပွဲကျော် ကစားထားကာ ၁၃၈ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်