နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်းဖရီးစ်ကို အပြိုင်လုကြမယ့် မန်စီးတီးနဲ့ ဘာစီလိုနာ | စီးရီးအေ

စီးရီးအေ ကလပ် အင်တာမီလန် ညာနောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ် ကိုတော့ ဒီရက်ပိုင်းမှာ မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာ တို့က စိတ်ဝင်စားလာကြပါတယ်။ ဒီအခြေအနေဟာ နယ်သာလန် နောက်ခံလူကို စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၂၅ သန်းသာ သတ်မှတ်ထားခဲ့တဲ့ အင်တာမီလန် အတွက် စိုးရိမ်စရာ ဖြစ်နေသလို ဒီစာချုပ်ဖျက်သိမ်းကြေး ကလည်း ရှေ့တစ်ပတ်ထဲမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ ဒမ်းဖရီးစ်ကို လုံးဝ လက်လွှတ်လိုခြင်း မရှိကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားကို စိတ်ဝင်စားတဲ့ အသင်းတွေ အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး အလွယ်တကူ ပေးချေပြီး ခေါ်ယူနိုင်တဲ့ အခြေအနေကို စီးရီးအေ ကလပ်  ဘက်က စိတ်ပူနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွယ်ကူလွန်းနေတဲ့ ဒမ်းဖရီးစ်ရဲ့ စာချုပ်ပါ အချက်အလက်တွေကြောင့် မန်စီးတီးနဲ့ ဘာစီလိုနာ တို့ရဲ့ အာရုံစိုက်မှုတွေ ပိုတိုးလာနေကြောင်းလည်း သိရပါတယ်။ အကယ်၍ အင်တာမီလန် အနေနဲ့ ဒမ်းဖရီးစ်ကို အလွယ်တကူ လက်လွှတ်ခဲ့ရရင်တော့ ညာနောက်ခံလူ နေရာ အတွက် အင်တာမီလန်တို့ မဖြစ်မနေ ကစားသမားသစ် တစ်ဦး ပြန်လည် အစားထိုးဖို့ စီစဉ်ရမှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ညနောက်ခံလူ နေရာ အတွက် ရီကို လီဝစ်နဲ့ နေရာလုနိုင်မယ့် ကစားသမားသစ် တစ်ဦးကို ခေါ်ယူလိုနေပြီး ရက်ပိုင်း အတွက် ဒမ်းဖရီးစ်ကို စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက အားနည်းချက်တွေ ရှိခဲ့တဲ့ ညာခြမ်း ခံစစ် ပြဿနာကို အသက် ၂၉ နှစ် အရွယ် နယ်သာလန် လက်ရွေးစင်နဲ့ ဖြေရှင်းဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မန်စီးတီး အနေနဲ့ ဒီအပြောင်းအရွှေ့ အတွက် လက်သွက်ဖို့ လိုအပ်နေပြီး ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်ခင် စာချုပ်ဖျက်သိမ်းကြေး ပေးချေပြီး ဒမ်းဖရီးစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။

တစ်ဖက် မှာတော့ စီးရီးအေ ကလပ်က ဒမ်းဖရီးစ် ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ အတွက် ဘိုလော့ဂ်နာက ဆွစ်ဇာလန် တောင်ပံ ကစားသမား ဒန် အန်ဒိုယီနဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။
ဒမ်းဖရီးစ်ကို ဇူလိုင် ၁၅ ရက် မတိုင်ခင် စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းကြရမယ့် မန်စီးတီးနဲ့ ဘာစီလိုနာ

စီးရီးအေ ကလပ်ဟာ ဒမ်းဖရီးစ်ကို လက်မလွှတ်ချင်သလို ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေတာကြောင့် မန်စီးတီး အတွက်တော့ အခက်အခဲ ရှိလာနိုင်ပါတယ်။ လာလီဂါ ကလပ်ဟာ ဒမ်းဖရီးစ်ရဲ့ ညာခြမ်း တစ်လျှောက် လွန်းထိုးပြီး အင်ပြည့်အားပြည့် ကစားပုံဟာ သူတို့ အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီလိမ့်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ညာခြမ်း ခံစစ်မှာ ဂျူးလ်စ် ကွန်ဒေးနဲ့ အဲရစ်ခ် ဂါစီယာကို တစ်လှည့်စီ အသုံးပြုခဲ့ပါတယ်။ အကယ်၍ ဒမ်းဖရီးစ်သာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ပွဲထွက်ကစားခွင့် အတွက် တိုက်ပွဲဝင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ဒမ်းဖရီးစ်ရဲ့ အေးဂျင့်အသစ်ဟာ ဘာစီလိုနာနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ ဂျော့ဂျ် မန်းဒက်စ် ဖြစ်နေတာကြောင့် သူတို့ အတွက် အားသာချက် ဖြစ်လာဖို့ ရှိနေပါတယ်။ တစ်ဖက် မှာတော့ စီးရီးအေ ကလပ်က ဒမ်းဖရီးစ် ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ အတွက် ဘိုလော့ဂ်နာက ဆွစ်ဇာလန် တောင်ပံ ကစားသမား ဒန် အန်ဒိုယီနဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား အတွက် ဘိုလော့ဂ်နာက ယူရို ၄၅ သန်း ဝန်းကျင် လိုချင်နေသလို ဘယ်တောင်ပံမှာ အဓိက ကစားသူ ဖြစ်နေတာကြောင့် အနည်းငယ်တော့ အခက်အခဲတွေ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်