နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရဖို့ စပို့တင်းဆီက ရမယ့် ဘောနက်စ် ၂ သန်းကို စွန့်လွှတ်မယ့် ယိုကီးရက်စ် | ပရီးမီးယားလိဂ်

ဗစ်တာ ယိုကီးရက်စ် ကတော့ စပို့တင်းလစ္စဘွန်းဆီက သူရစရာ ရှိတဲ့ ဘောနက်စ် ယူရို ၂ သန်း ကို မယူတော့ပဲ အာဆင်နယ်နဲ့ စပိုတင်း တို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အဆင်ပြေ ချောမွေ့စေဖို့ ရည်ရွယ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ရေး ကသာ သူ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်ပြီး တခြား ကလပ်အားလုံး ကိုလည်း ငြင်းဆန်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ စပို့တင်းလစ္စဘွန်း ဘက်က အလိုရှိတဲ့ ပြောင်းရွှေ့ကြေး နဲ့ အာဆင်နယ်က ကမ်းလှမ်းတဲ့ ကြေးဟာ အနည်းငယ် ကွာဟမှု ရှိနေတယ်လို့ သိရပါတယ်။ စပို့တင်းလစ္စဘွန်းဟာ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၈၀ ကို သန်း ၇၀+Add on ၁၀ သန်း လိုချင်နေတာ ဖြစ်ပြီး အာဆင်နယ် ကတော့ ၆၅ သန်း+Add on ၁၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နှစ်သင်းအကြား သဘောတူညီမှု ရဖို့ ၅ သန်းသာ ကွာဟနေတာကြောင့် မကြာခင်မှာ အထမြောက်နိုင်တဲ့ အပြောင်းအရွှေ့ အဖြစ်လည်း သုံးသပ်လျက် ရှိပါတယ်။

The Athletic နဲ့ ဖေဘရီဇီယို ရိုမာနို တို့ရဲ့ ဖော်ပြချက်အရ အသက် ၂၇ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးနဲ့ အာဆင်နယ် တို့ဟာ ၅ နှစ် စာချုပ် အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆွီဒင်က လာတဲ့ သတင်းတွေ မှာတော့ စပိုတင်းလစ္စဘွန်းဟာ ယိုကီးရက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အထိ ရရှိမယ်လို ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆင်နယ် အတွက် လာမယ့် ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၆ ပွဲက တော်တော်လေး ခက်ခဲနေပါတယ်။
စပို့တင်းလစ္စဘွန်း ကနေ ထွက်ခွာဖို့ လုံးဝ သေချာနေပြီ ဖြစ်တဲ့ ယိုကီးရက်စ်

အာဆင်နယ်ဟာ သူတို့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကိုလည်း ကြိုးပမ်းခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ကိစ္စတွေမှာ ညှိနှိင်းရ အဆင်မပြေတာကြောင့် ယိုကီးရက်စ် ကိုပဲ အသေအချာ ကြိုးပမ်းလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဒီကစားသမားရဲ့ အပြောင်းအရွှေ့က တော်တော်လေး ရှုပ်ထွေးခဲ့ပါသေးတယ်။ ယိုကီးရက်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကိုဗင်ထရီ ကနေ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပွဲပေါင်း ၁၀၂ ပွဲမှာ ၉၇ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်း ကိုလည်း အမှတ်ပေးဖလား ၂ ရာသီဆက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီ ကလပ် ဘက်က သူတို့ရဲ့ ကစားသမားကို အလွယ်တကူ ရောင်းထုတ်လိုခြင်း မရှိပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အလိုရှိခဲ့ပါတယ်။

စပို့တင်း ဥက္ကဋ္ဌဟာ ယိုကီးရက်စ်ကို ယူရို သန်း ၆၀+အပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့ခွင့်ပြုမယ် ဆိုတဲ့ သဘောတူညီမှုမျိုး မရှိခဲ့ဘူး ဆိုပြီးတောင် ပြောကြားခဲ့ပါသေးတယ်။ ဒီကိစ္စကြောင့် ယိုကီးရက်စ်က စပို့တင်း ဘက်ကို တော်တော်လေး ဒေါသထွက်ခဲ့ပြီး အသင်း ပြောင်းရွှေ့ခွင့် ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့သလို အသင်းထံ ပြန်ပြီး လေ့ကျင့်ရေး အစီအစဉ်တွေ ကိုလည်း ပူးပေါင်းဖို့ ငြင်းဆန်ထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ စပို့တင်းလစ္စဘွန်းက ရာသီကြို လေ့ကျင့်ရေးတွေ ပြန်စတော့မှာ ဖြစ်ပေမယ့် ယိုကီးရက်စ် ကိုတော့ အကြောင်းကြောင်းကြောင့် ခွင့် ၄ ရက် ပေးထားကြောင်း သိရပါတယ်။ အာဆင်နယ် အတွက် ကတော့ ရာသီကြို ခြေစမ်းပွဲတွေ မစတင်ခင် လိုအပ်နေတဲ့ ကစားသမားတွေ ခေါ်ယူဖို့က တော်တော်လေး အရေးကြီးနေပါတယ်။ အာဆင်နယ်ဟာ ဒီလအကုန်မှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ စင်ကာပူနဲ့ ဟောင်ကောင်ကို ခရီးထွက်မှာ ဖြစ်ပြီး အေစီမီလန် နယူးကာဆယ်၊ စပါး တိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အမ်းမရိတ်စ်ဖလား အဖြစ် ဗီလာရီးရဲလ်၊ ဘီလ်ဘာအို တို့ကို အိမ်ရှင်အဖြစ် လက်ခံ ကစားရဖို့ ရှိနေပါသေးတယ်။ ဒါ့အပြင် အာဆင်နယ် အတွက် လာမယ့် ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၆ ပွဲက တော်တော်လေး ခက်ခဲနေပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဆိုရင် မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖ်ု့ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ အဲဒီနောက် မီခဲလ် အာတေးတားရဲ့ အသင်းက လိဒ်စ်၊ လစ်ဗာပူးလ်၊ ဖောရက်စ်၊ မန်စီးတီး၊ နယူးကာဆယ် တို့နဲ့ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်