SBOTOP ရဲ့ တရားဝင် Brand Ambassador ဖြစ်တဲ့ ဂါရက်သ် ဘေးလ် ကတော့ ပထမအကြိမ် ကာဒစ်ဖ်စီးတီးမှာ ရှိစဉ်က ဝေးလ်စ်ကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ခဲ့ပြီးတော့ အခုတော့ သူက ဘောလုံး ကလပ် တစ်ခုကို ဝယ်ယူဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဘေးလ် ဦးဆောင်တဲ့ လုပ်ငန်းစု တစ်ခုဟာ လိဂ်ဝမ်း ကလပ် ကာဒစ်ဖ်စီးတီးကို ဝယ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဒုတိယအကြိမ်မြောက် ချဉ်းကပ်မှု ပြုလုပ်ထားကြောင်း သိရပါတယ်။
BBC Sports ကတော့ ကလပ်ဘက်က ရောင်းချဖို့ အလေးအနက်ထား စဉ်းစားချင်နေပေမယ့် အခုချိန်အထိတော့ ဘာကမ်းလှမ်းချက်မှ လက်ခံရရှိထားခြင်း မရှိသေးကြောင်း ဖော်ပြထားပါတယ်။ လက်ရှိမှာ အခြေအနေတွေကို တိတိကျကျ မသိရသေးပေမယ့် အသင်း ပရိသတ် တော်တော်များများ ကတော့ လိဂ်ဝမ်း အထိ တန်းဆင်းသွားရတဲ့ သူတို့ရဲ့ ကလပ်ကို ပိုင်ရှင် အပြောင်းအလဲက ပြန်လည် ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Mirror ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ရာသီက အင်္ဂလန် ချန်ပီယံရှစ် ကနေ လိဂ်ဝမ်းကို တန်းဆင်းခဲ့ရတဲ့ ဝေးလ် အခြေစိုက် ကလပ်ကို ဘေးလ်ဟာ ပေါင်သန်း ၄၀ (မလေးရှား ရင်းဂစ် ၈၂၉ သန်း) နဲ့ ကမ်းလှမ်းမှု စတင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဝေးလ်စ် မြို့တော် ကလပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အင်္ဂလိပ် ဘောလုံးလောကရဲ့ တတိယ အဆင့်သို့ တန်းဆင်းခဲ့ရတာ ဖြစ်ပြီး ဒါကလည်း ဘေးလ် ဦးဆောင်တဲ့ လုပ်ငန်းစု ကာဒစ်ဖ်စီးတီးကို ဝယ်လူလိုရခြင်း အကြောင်းရင်း ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။
The Times ကတော့ လက်ရှိ ငှက်ပြာတွေရဲ့ ပိုင်ရှင် ဖြစ်သူ ဗင်းန်ဆင့် တန်ဟာ ပေါင် သန်း ၄၀နဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖွယ် ရှိတာကြောင့် ဘေးလ်တို့ အုပ်စုက နောက်ထပ် တစ်ကြိမ် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့ပါတယ်။ မလေးရှား လုပ်ငန်းစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ တန်ဟာ ကာဒစ်ဖ်စီးတီးကို ၂၀၁၃ ခုနှစ်မှာ လက်လွှဲရယူခဲ့ပြီးတော့ ကနဦး ပေါင် ၅ သန်း ရင်းနှီးမြှုပ်နှံကာ အသင်းရဲ့ ရှယ်ယာ အများစု (၃၀ ရာခိုင်နှုန်း) ကို ပိုင်ဆိုင်သူ ဖြစ်လာတာပါ။
ကာဒစ်ဖ်စီးတီးဟာ တန် လက်ထက်မှာ ပရီးမီးယားလိဂ်ကို တစ်ကြိမ်သာ တက်လှမ်းနိုင်ခဲ့ပြီးတော့ ချန်ပီယံရှစ်မှာ ၉ ရာသီ ကျင်လည်ခဲ့ရပါတယ်။ အဲဒီနောက် ငှက်ပြာတို့ဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး အခြေအနေ အဖြစ် လိဂ်ဝမ်း အထိ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။
ဝေးလ်စ် အတွက် အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဘေးလ်ဟာ အသက် ၃၅ နှစ် အရွယ်မှာ ကစားသမား ဘဝ ကနေ အနားယူထားသူ ဖြစ်ပါတယ်။ သူက လက်ရှိမှာ ကာဒစ်ဖ်စီးတီး ပရိသတ်တွေကို သတင်းကောင်းတွေ အများကြီး လာဖို့ ရှိတယ်လို့ ဆိုထားပြီး အသင်း ပိုင်ရှင် ဖြစ်တဲ့ ဗင်းဆင့်န် တန် ဆီကနေ လက်လွှဲ ဝယ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေကြောင်း ပြောကြားထားပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဝေးလ်စ် တို့ရဲ့ နာမည်ကြီး ကစားသမားဟောင်း ဖြစ်တဲ့ ဘေးလ်ဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်း အွန်လိုင်းဂိမ်း အော်ပရေတာ ဖြစ်တဲ့ SBOTOP ရဲ့ ဒေသဆိုင်ရာ Brand Ambassador အဖြစ် လက်တွဲထားသူ ဖြစ်ပါတယ်။ SBOTOP ကတော့ ကစားသမားတွေကို ပြည့်စုံပြီး စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတွေ ပေးနိုင်ကြောင်း ကတိပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းဂိမ်း အော်ပရေတာလည်း ဖြစ်ပါတယ်။ SBOTOP အနေနဲ့ ဂါရက်ဘေးလ်နဲ့ လက်တွဲဆောင်ရွက်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ ရှိရင်းစွဲ ကစားသမားတွေနဲ့ အချိတ်အဆက်ကောင်းတွေ ရှိစေဖို့ သာမက ပိုမိုများပြားတဲ့ အားကစား ပရိသတ် အသစ်တွေ ဆီကို ဂိမ်းကစားခြင်း အတွေ့အကြုံတွေ မိတ်ဆက်ပေးနိုင်ရန်လည်း ရည်ရွယ်ထားပါတယ်။
ဘေးလ်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း အတွက်လည်း အဲဒီ အချိန်တုန်းက SBOTOP အမှုဆောင် အရာရှိချုပ် ဘီလ် မမ်မာရီက “ဂါရက် ဘေးလ်နဲ့ လက်တွဲ ဆောင်ရွက်ရခြင်း အပေါ် SBOTOP အနေနဲ့ အလွန်ပဲ ဝမ်းမြောက်လျက် ရှိပြီး SBOTOP အဖွဲ့ကနေ ကြိုဆိုပါတယ်။ ယခု ပူးပေါင်းမှုဟာ အားကစားလောင်းကစားခြင်း နယ်ပယ်မှာ ယုံကြည်မှု၊ တန်ဖိုး တို့နဲ့ တည်ဆောက်ခဲ့တဲ့ SBOTOP ရဲ့ ထိပ်တန်း နေရာ တစ်ခုကို ပိုမိုခိုင်မြဲစေမယ် ဆိုတာကို ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။
ဂါရက် ဘေးလ် ကလည်း “SBOTOP ရဲ့ မိသားစုဝင် ဖြစ်ခွင့်ရတဲ့ အတွက် အထူးဝမ်းမြောက်မိပါတယ်။ SBOTOP အဖွဲ့သားတွေနဲ့ ရင်းနှီးစွာ လက်တွဲ လုပ်ကိုင်ရင်း ပရိသတ်တွေနဲ့လည်း ပိုမိုအချိတ်အဆက်ကောင်းများ ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီလို လက်တွဲ ပူးပေါင်းဆောင်ရွက်မှုကို အမှတ်တရ တစ်ခု အနေနဲ့ သာမက ယုံကြည်မှုနဲ့ တန်ဖိုးကို အခြေခံတဲ့ SBOTOP ရဲ့ ပုံရိပ်ကို ပိုမိုမြှင့်တင်ပေးသွားနိုင်ဖို့ ကူညီပေးချင်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ အံသြဖွယ် အားကစားနှစ် တစ်နှစ် ဖြစ်ပြီး SBOTOP မှာ ကျွန်တော် ပါဝင် ဆောင်ရွက်ရမယ့် အကောင်းဆုံး အစီအစဥ်တွေလည်း များစွာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။
ကဲ ဒီတော့ SBOTOPနဲ့ ယုံကြည်စွာ လက်တွဲထားတဲ့ ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် တစ်ဦး ဖြစ်တဲ့ ဂါရက် ဘေးလ် တစ်ယောက် အနာဂတ်မှာ သူမျှော်လင့်ထားတဲ့ အတိုင်း ဘောလုံး အသင်း တစ်သင်းကို ဦးဆောင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.