နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ ဘီလူးကြီးကို ၂ ယောက်လျော့နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်သွားတဲ့ ဥရောပ ချန်ပီယံ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် မနေ့ညက ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်တို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ဘေယန်မြူးနစ်ကို ၂ နှစ်ယောက်လျော့နဲ့ ကစားပြီး ၂-၀ ရလဒ်နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီက ၄-၃-၃၊ ဘေယန်မြူးနစ်က ၄-၂-၃-၁ အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းကိုပဲ အသုံးပြုသွားခဲ့ကြပါတယ်။ ပီအက်စ်ဂျီရဲ့ လူစာရင်းမှာ ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ဗစ်တင်ညာ၊ ယာအို နီးဗက်စ်၊ ရူအစ်ဇ်၊ ဘာကိုလာ၊ ဒူရေးနဲ့ ခါဗရာစခီလီယာတို့ ပါဝင်ခဲ့ကြပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ နော်အာ၊ စတန်နီဆစ်၊ တာ့ရ်၊ အူပါမီကာနို၊ လိုင်မာ၊ ပက်ဗ်လိုဗစ်၊ ကင်မစ်ချ်၊ ကိုမန်၊ မူဆီအာလာ၊ အိုလီဆေးနဲ့ ဟယ်ရီကိန်း တို့ ပွဲထွက်ခဲ့ပါတယ်။

လူးဝစ္စ အန်နရီကေးရဲ့ ပီအက်စ်ဂျီဟာ ကိုယ်တိုင် High Pressing ကို ကောင်းကောင်း ကစားနိုင်သလို ပြိုင်ဘက်က ဖိအားပေးလာချိန်မှာလည်း ပါးပါးနပ်နပ် တုန့်ပြန်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က ပီအက်စ်ဂျီကို တစ်ဦးချင်း ဖိအားပေးဖို့ ကြိုးစားခဲ့သလို ကွန်ပနီရဲ့ အသင်းက အသင်းလိုက် လုပ်အားနှုန်း ကောင်းပြီး စနစ်တကျလလည်း ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ကစားသမားတွေဟာ ဘေယန်မြူးနစ်ရဲ့ တိုက်စစ် စတင်မှုကို ဖြတ်တောက်နိုင်ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုလည်း ရအောင် ယူရင်း တိုက်စစ်ကို ထိထိရောက်ရောက် ကန်တင်ပေးပို့မှုတွေ လုပ်နိုင်ခဲ့ပတယ်။ ပီအက်စ်ဂျီရဲ့ ကွင်းလယ် ကနေ တောင်ပံတွေဆီ Long Ballနဲ့ ကန်တင် ပေးပို့မှုတွေက တကယ့်ကို ရင်သပ်ရှုမောစရာပါ။

ဒီတော့ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ရှေ့က နောင်တော် အသင်းတွေ အတိုင်း ချန်ပီယံလိဂ် ယူအပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလားပါ ဆက်ပြီး ယူနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြီးနောက် ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဆက်ဖြစ်ဖို့ အလားအလာ ကောင်းနေတဲ့ ပီအက်စ်ဂျီ

တကယ်တော့ ဒီပွဲဟာ လက်ရှိ ဘောလုံးလောကရဲ့ ဟဲဗီးဝိတ် နှစ်သင်းရဲ့ တွေ့ဆုံမှုလို့ ပြောလို့ ရပြီး အစောပိုင်း ပွဲချိန်တောက်လျောက်မှာ ဘယ်သူ့ဘယ်သူမှ အသာစီးမရကြပါဘူး။ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ကတော့ ဘေယန်မြူးနစ်ထက် ပြိုင်ဘက်ကို ဖိအားပေးမှု၊ အခွင့်အရေး ဖန်တီးနိုင်မှု၊ အပိုင်ကန်သွင်းမှုတွေ မှာတော့ ပိုသာခဲ့တာ တွေ့ရမှာပါ။

ဒုတိယပိုင်းမှာ ဘေယန်မြူးနစ်က ဘောလုံး ပိုကိုင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ တိုက်စစ် အကူးအပြောင်းတွေက ပိုပြီး သေသပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ ဒီဆိုင်းယား ဒူရေးက သွင်းယူပေးခဲ့ပြီး ဧရိယာထိပ်ကနေ မထင်မှတ်ပဲ ကန်သွင်းခဲ့တဲ့ ဒီဂိုး ကိုတော့ ဘေယန် နောက်ခံလူတွေရော ဂိုးသမား နော်အာပါ ဘယ်လိုမှ မတတ်နိုင်ပဲ ရပ်ကြည့်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ပီအက်စ်ဂျီ ဘက်က ပါချိုနဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်တို့ အထုတ်ခံရပေမယ့် ဘေယန်တို့ ထူးထူးခြားခြား ဘာမှလုပ်မပြနိုင်ခဲ့တဲ့ အပြင် အူစမန်နီ ဒမ်ဘီလီ ကပါ တစ်ဂိုး ထပ်သွင်းသွားခဲ့လို့ အိမ်ပြန်ရဖို့ သေချာသွားခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားဆု ကိုတော့ ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ ဒီဆိုင်းရား ဒူရေးက ရရှိသွားခဲ့ပါတယ်။

တကယ်တော့ ဘေယန်မြူးနစ် ကလည်း နောက်ပိုင်း ပွဲချိန်တွေမှာ လုံလောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အသုံးမချနိုင်ခဲ့သလို ရတဲ့ ဂိုးတွေနဲ့ ပင်နယ်တီ ပယ်ဖျက်ခံခဲ့ရတာတွေကြောင့် ဥရောပ ချန်ပီယံတွေကို ဒူးထောက်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဓိက ကစားသမား ဂျမဲလ် မူဆီအာလာ အနေနဲ့ ဒွန်နာရမ်းမားနဲ့ မတော်တဆ ထိခိုက်မိပြီး ဘယ်ခြေထောက်ကျိုး ဒဏ်ရာရခဲ့တာကြောင့် ၄ လ ကနေ ၅ လ အထိ အနားယူရတော့မှာ ဖြစ်လို့ ရှုံးချက်နာခဲ့ရပါတယ်။ လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ ပီအက်စ်ဂျီဟာ ပြိုင်ပွဲ မစခင်မှာ ခန့်မှန်းထားတဲ့ အတိုင်း ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ ချန်ပီယံ ဖြစ်လာဖို့ အလားအလာကောင်းနေပါပြီ။ ပီအက်စ်ဂျီ အတွက် ဆုဖလားဆီ အရောက်သွားဖို့ ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ပြီး တစ်ဖက်မှာ ဒေါ့မန်ကို အနိုင်ယူလာတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ သူတို့ရဲ့ အရည်အသွေးကို ထပ်မံ အစမ်းသပ်ခံရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ရှေ့က နောင်တော် အသင်းတွေ အတိုင်း ချန်ပီယံလိဂ် ယူအပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလားပါ ဆက်ပြီး ယူနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်