နီကို ဝီလီယမ်စ် ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ ဒီနွေရာသီမှာ သတင်းတွေ တောက်လျောက် ထွက်နေခဲ့သူပါ။ ဒါပေမယ့်လည်း စပိန် တောင်ပံ ကစားသမားဟာ မထင်မှတ်ပဲ မနေ့က ဘီလ်ဘာအိုနဲ့ ၂၀၃၅ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ၂၀၁၃ ခုနှစ် ကတည်းက ဘီလ်ဘာအို လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့သူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စီနီယာအသင်းကြီး အတွက် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် နီကို ဝီလီယံစ်ဟာ ဒီနွေမှာ ဘာစီလိုနာ အပါအဝင် အာဆင်နယ်၊ ချဲလ်ဆီး၊ ဘေယန်မြူးနစ် တို့လို ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို သန်း ၆၀ ထိ ရှိနေခဲ့ပါတယ်။ နီကိုဟာ ကလပ် အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် စပိန် အသင်းဖော်တွေ သူငယ်ချင်းတွေ ရှိတဲ့ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ချင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ စပိန်သားက ဘီလ်ဘာအို ဘက်ကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့သလို အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ အထိပါ တောင်းဆိုခဲ့သေးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း လာလီဂါ ကလပ် ဘာစီလိုနာက တောင်ပံ တိုက်စစ်နေရာ အတွက် နီကို ဝီလီယမ်စ် အပြင် လူးဝစ္စ ဒီးယက်ဇ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ကင်စလေ ကိုမန် တို့ကိုပါ ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာဆာဟာ နီကို ဝီလီယမ်စ် ကိုတော့ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကလပ် နှစ်ခု အကြား မှာတော့ သဘောတူညီမှု ရရှိဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒီအချိန်မှာ နီကို ဝီလီယမ်စ်က ဘီလ်ဘာအိုနဲ့ပဲ ၂၀၃၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၈ နှစ် စာချုပ်ကို တရားဝင် တိုးမြှင့်ချုပ်ဆိုလိုက်တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

နီကို ဝီလီယမ်စ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ကြောင်း ဘီလ်ဘာအိုက မနေ့ကပဲ သူတို့ရဲ့ ဝက်ဘ်ဆိုက် ကနေ အတည်ပြု ကြေညာခဲ့ပြီးတော့ လျော်ကြေး စာချုပ်တန်ဖိုး ကိုလည်း မူလကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ နီကို ဝီလီယမ်စ်ရဲ့ မူလ လျော်ကြေး စာချုပ် ကတော့ ယူရို ၅၈ သန်း ဖြစ်ပြီးတော့ လက်ရှိ လျော်ကြေး စာချုပ်သစ်ရဲ့ တန်ဖိုး ကတော့ ယူရို ၈၅ သန်း ဝန်းကျင် ရှိသွားခဲ့ကြောင်း သိရပါတယ်။
ဒီလို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းနဲ့ ပတ်သတ်လို့ နီကို ဝီလီယမ်စ်က “ဆုံးဖြတ်ချက်တွေ ချဖို့ အချိန်ရောက်လာတဲ့ အခါမှာ ကျွန်တော့် အတွက် အရေးအကြီးဆုံး အရာက နှလုံးသားရဲ့ အသံကို နားထောင်ဖို့ပါပဲ။ ကျွန်တော် ကစားချင်တဲ့ နေရာမှာ ကစားချင်တဲ့လူတွေနဲ့ အတူ ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အိမ်ပါ။” လို့ ပြောကြားခဲ့ပါတယ်
လက်ရှိ အခြေအနေအရ ဆိုရင်တော့ လာလီဂါ ထိပ်သီး တို့ဟာ နီကို ဝီလီယမ်စ် အစား တခြားသော တောင်ပံ တိုက်စစ် ကစားသမားတွေ ကိုသာ ပြောင်းလဲ ကြိုးပမ်း သွားရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်တဲ့ လူးဝ္စ ဒီးယက်ဇ် ကိုလည်း လစ်ဗာပူးလ်က ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုန့်ပြန်ထားတာကြောင့် နူးကမ့်ပ်ကို အသည်းအသန် ပြောင်းရွှေ့ချင်နေတဲ့ မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုသာ ကြိုးပမ်းရဖို့ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.