နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်တဲ့ ပီအက်စ်ဂျီ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – ဘေယန်မြူးနစ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု အဖြစ် ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ ဥရောပ ချန်ပီယံတို့ ဘေယန်မြူးနစ်နဲ့ တွေ့ဆုံချိန်တိုင်း အမြဲတမ်းလိုလို ရုန်းကန်နေရမှုကို အဆုံးသတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဆင့်မှာ ဘိုတာဖိုဂိုကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာက လွဲရင် ကျန်ပွဲ အားလုံးမှာ ဂိုးပြတ် အနိုင်ရထားပါတယ်။ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ရှုံးထွက် အဆင့်မှာ ဆိုရင် မက်ဆီရဲ့ အင်တာမိုင်ယာမီကို တော်တော်လေး သက်တောင့်သက်သာ ကစားနိုင်ခဲ့သလို ပထမပိုင်း သွင်းဂိုး ၄ ဂိုးနဲ့ပဲ အနိုင်ယူပြခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် တကယ်တမ်း အစမ်းအသပ်ခံရမယ့် အချိန်က အခုမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဘေယန်မြူးနစ်ကို နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်ဆက် ရှုံးထားသလို နောက်ဆုံး ၉ ကြိမ်မှာလည်း ၂ ကြိမ်သာ နိုင်ဖူးပြီး ၇ ကြိမ် အထိ ရှုံးထားပါတယ်။ တစ်ခု ရှိတာက ဒီပွဲမှာ ခြေစွမ်းပြ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီ ပြန်လည် ပါဝင်လာဖို့ ရှိတာကြောင့် ပီအက်စ်ဂျီ အတွက် အားတစ်ရပ်တော့ ဖြစ်နေမှာ သေချာပါတယ်။

ဘေယန်မြူးနစ် ကလည်း ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတဲ့ အသင်းပါ။ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘင်ဖီကာကို ရှုံးခဲ့တယ် ဆိုပေမယ့် ချဲလ်ဆီးကို ရှောင်ချင်လို့များလားတောင် တွေးမိပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်ဟာ ရှုံးထွက် အဆင့်မှာ ဖလာမင်ဂိုကို ၂-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီပွဲက ဘေယန်မြူးနစ် အတွက်လည်း ချန်ပီယံ ဖြစ်နိုင်ခြေ အတွက် အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်ပေးမယ့် ပွဲစဉ် ဖြစ်လို့ စောင့်ကြည့်ရမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

ဘေယန်မြူးနစ် ကလည်း ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတဲ့ အသင်းပါ။
ပီအက်စ်ဂျီနဲ့ တွေ့ဆုံချိန်တိုင်းနီးပါးမှာ အသာရခဲ့တဲ့ ဘေယန်မြူးနစ်

အခုပွဲကို ပီအက်စ်ဂျီ ဘက်မှာ ဒဏ်ရာ ကစားသမား ကင်းရှင်းနေပြီးတော့ ဘေယန်မြူးနစ် ဘက်မှာတော့ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ အီတိုတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ရူအစ်ဇ်၊ ဗစ်တင်ညာ၊ နီးဗက်စ်၊ ဘာကိုလာ၊ ဒူရေး၊ ခါဗရာစခီလီယာ

ဘေယန်မြူးနစ် – နော်အာ၊ လိုင်မာ၊ တာ့ရ်၊ အူပါမီကာနို၊ စတန်နီဆစ်၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ အိုလီဆေး၊ မူဆီအာလာ၊ ကိုမန်၊ ကိန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ပီအက်စ်ဂျီက ၂ ကြိမ် နိုင်ပြီး ဘေယန်မြူးနစ်က ၇ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ် ဆက်တိုက် ဘေယန်မြူးနစ်က ပီအက်စ်ဂျီကို အနိုင်ရထားပြီး နောက်ဆုံး ၈ ကြိမ် မှာတော့ ဘေယန်က ပီအက်စ်ဂျီကို ၁ ကြိမ်သာ ရှုံးခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOP ရဲ့ 1X2 မှာတော့ ပီအက်စ်ဂျီ အနိုင် အတွက် ၂.၂၃ ဆ၊ ဘေယန်မြူးနစ် အနိုင် အတွက် ၂.၇၇ ဆနဲ့ သရေ အတွက် ၃.၄၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်က ကြေးပေါက်နေပြီး ဒဲ့ကြေးလည်း ပေးထားတာမျိုး တွေ့ရပါတယ်။ ဂိုးပေါင်း ကလည်း ဂိုးပေါ်မယ့် ကြေးမျိုး ပေးထားပါတယ်။ ဒါ့အပြင် နှစ်သင်းစလုံး ကလည်း ထက်မြတ်တဲ့ တိုက်စစ်တွေ ပိုင်ဆိုင်ထားကြလို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။ မိနစ် ၉၀ အတွင်းမှာပဲ အဖြေထွက်ဖို့ များပြီး ပီအက်စ်ဂျီ အနေနဲ့ အရင်ရလဒ်တွေကို ပြောင်းပြန်လှန်သွားနိုင်မယ် ထင်ပါတယ်။ မထင်ရင် မထင်သလို ဂိုးပြတ်သွားနိုင်တဲ့ ပွဲပါ။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၃-၁ ဘေယန်မြူးနစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်