ဇူလိုင်လ ၃ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အင်တာမီလန် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်နဲ့ လူသိရှင်ကြား စကားများခဲ့ပြီးနောက် ဟာကန် ချလနောဂလူ ကတော့ ဒီနွေရာသီမှာ ဆန်စီရို ကန ထွက်ခွာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ စီးရီးအေ ဝါရင့် ကွင်းလယ်လူ ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ် တို့က ဒီနွေရာသီမှာ ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေး ကတော့ လူးဝစ္စ ဒီးယက်ဇ်နဲ့ အဲလ်နာဆာမှာ တွဲဖက် ကစားလိုကြောင်း တောင်းဆိုထားတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဒီးယက်ဇ်ကို ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားမှု မြင့်တက်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒီးယက်ဇ်ဟာ လစ်ဗာပူးလ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅၀,၀၀၀ သာ ရှိနေပြီးတော့ ပေါင် ၁၄၀၀၀၀ အထိ တိုးမြှင့် ရယူလိုနေကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ ဗစ်တာ ယိုကီးရက်စ်နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း L’Équipeက ဖော်ပြပါတယ်။ ဒါ့အပြင် Football Transfers ကလည်း ဆွီဒင်သားဟာ လန်ဒန် ကလပ်ကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား အတွက် အာဆင်နယ်နဲ့ စပို့တင်းတို့ သဘောတူညီချက် ရရှိဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။

ဂန်းနားတွေ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြီးနောက် အသင်း ကနေ ထွက်ခွာလိုနေတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂို အတွက် သဘောတူညီမှု ရရှိနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ကို အကူအညီရဖို့ အီးဇီးကို ခေါ်ယူရေး ကြိုးပမ်းနေသလို ရိုဒရီဂို ကိုလည်း တောင်ပံ အတွက် ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။
PSG Talk ရဲ့ ဖော်ပြချက်အရ လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီဟာ ရိုဒရီဂိုကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီမှာ ဘာကိုလာ၊ ဒူရေး တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ရိုဒရီဂိုကို ခေါ်ယူနိုင်ခြေ ကတော့ တော်တော်လေး နည်းပါးနေပါတယ်။
နယူးကာဆယ် ကတော့ ဆွီဒင် တိုက်စစ်မှူး အတွက် အလက်ဇန္တား အိဆက်ခ်ကို စံချိန်တင် လုပ်ခ လစာသစ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ အိဆက်ခ် ကိုတော့ လစ်ဗာပူးလ်က စိတ်ဝင်စားနေတာကြောင့် နယူးကာဆယ်က တားဆီးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အီဒါဆင် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ဆက်နေလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ ဒါပေမယ့် ပပ် ဂွါဒီယိုလာ ကတော့ ပေါ်တိုက ယူရို ၇၅ သန်းတန် ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ဆန်းဒါးလန်း ကတော့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဂိုးသမား ဒေါ်ဒီ ပီထရိုဗစ်ကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Sacha Tavolieri က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ရာဟင်းမ် စတာလင်နဲ့ နိုနီ မာဒူခေးကို ရောင်းထုတ်ဖို့ အသင်းသစ် ရှာဖွေနေကြောင်း Football Insider က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.