နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အထောင်တိုက်စစ်မှူး နေရာ အတွက် ကစားသမား ၃ ဦး ပစ်မှတ်ထားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ အတွက် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ တိုက်စစ်မှူး ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေချိန်မှာ လစ်ဗာပူးလ် ကလည်း အထောင် တိုက်စစ် နေရာ အတွက် ထိပ်တန်း တိုက်စစ်မှူး ၃ ဦးကို ပစ်မှတ်ထားလျက် ရှိကြောင်း သိရပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဖရင်ပေါင်၊ ဖလော်ရီယန် ဝစ်ဇ်နဲ့ ကာကက်ဇ် အပါအဝင် ကစားသမား ၆ ဦး အထိ ခေါ်ယူထားခဲ့ပြီး ပေါင်သန်း ၂၂၀ နီးပါး အသုံးပြုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာနေး ဆလော့တ်ရဲ့ အသင်းက အခု နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေပြီးတော့ အထောင် တိုက်စစ် နေရာ အတွက် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို အရ ခေါ်ယူ အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ကြုံးဝါးထားသလို အဆင်သင့် ဖြစ်နေစေဖို့ အတွက်လည်း အားရစရာ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ The Mirror ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ အထောင် တိုက်စစ် နေရာ အတွက် လက်ရှိမှာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်၊ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီနဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို စီစဉ်နေကြောင်း သိရပါတယ်။ 

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်က ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး များပြားစွာ သုံးစွဲပြီး ဖြစ်တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
ထိပ်တန်း တိုက်စစ်မှူး ၃ ဦးကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားတဲ့ လစ်ဗာပူးလ်

လက်ရှိမှာ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၁၀၀ အထက်မှာ ရှိနေပြီးတော့ အစ်ကီတီကီရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၈၅ သန်း ဝန်းကျင်နဲ့ ဗစ်တာ အိုဆင်မ်ဟန်ရဲ့ စာချုပ်လျော်ကြေး ကတော့ ပေါင် ၆၃ သန်း ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က အိဆက်ခ်ကို လုံးဝ ရောင်းထုတ်လိုခြင်း မရှိသလို အခုဆိုရင် မြင့်မားတဲ့ လုပ်ခလစာ ပေးချေပြီးတော့ပါ အသင်းမှာ ဆက်ထိန်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ နောက်တစ်ဦး ဖြစ်တဲ့ ဟူဂို အစ်ကီတီကီ ကတော့ ပြောင်းရွှေ့ကြေး မြင့်မားသလို ဖရန့်ဖတ် ဘက်ကလည်း ညှိနှိုင်းရခက်တဲ့ အသင်းမျိုး ဖြစ်နေတာကြောင့် လွယ်ကူနိုင်မှာတော့ မဟုတ်ပါဘူး။ နောက်ဆုံး တစ်ယောက် ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန် ကတော့ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ထိပ်တန်း ကလပ် တစ်ခုနဲ့ သတင်းတွေ ထွက်နေသလို ပြောင်းရွှေ့ဖို့လည်း နီးစပ်နေပြီလို့ သိရပါတယ်။

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်က ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး များပြားစွာ သုံးစွဲပြီး ဖြစ်တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ရောင်းထုတ်ဖို စီစဉ်နေသလို၊ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ကွမ်ဆာ၊ အဲလီယော့တ် တို့ကိုလည်း ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် လစ်ဗာပူးလ် အနေနဲ့ ဘေယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်ဖွယ် ရှိနေပါသေးတယ်။ ကိုလံဘီယာ တိုက်စစ်မှူး ကိုတော့ ဘေယန်မြူးနစ် အပြင် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေပါတယ်။ အကယ်၍ လစ်ဗာပူးလ်သာ ဒီကစားသမား နှစ်ဦးကို ပြန်လည် ရောင်းထုတ်နိုင်ခဲ့ရင် သူတို့ သုံးစွဲထားတဲ့ ငွေကို အတိုင်းအတာ တစ်ခု အထိ ပြန်လည် ကာမိသွားမှာ ဖြစ်တာကြောင့် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားနိုင်မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်