ဇူလိုင်လ ၂ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် တိုက်စစ်မှူ ဘရိုင်ယန် အမ်ဘူမိုကို အပြီးသတ် ခေါ်ယူဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ၎င်းရဲ့ အသင်းဖော်ဟောင်း လက်ရှိ အဲလ်အာလီ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ပြောင်းလဲ ပစ်မှတ်ထားနေကြောင်း Fichajes က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ တိုနေး ကိုတော့ ယူရို သန်း ၃၀ (ပေါင် ၂၅.၆ သန်း) + အပိုဆုကြေး ယူရို ၅ သန်း လောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။
အီဘရာဟီမာ ကိုနာတေး ကတော့ လစ်ဗာပူးလ်ရဲ့ စာချုပ်သစ်နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ကိုနာတေး ကိုတော့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ အဲလ်ဟီလာ တို့က ခေါ်ယူချင်နေပြီး ကစားသမား အနေနဲ့ လာမယ့် ရက်သတ္တပတ်တွေ အတွင်း လစ်ဗာပူးလ်နဲ့ သက်တမ်း မတိုးခဲ့ရင် ပေါင်သန်း ၄၀ ကျော်နဲ့ စတင် ကမ်းလှမ်းလာကြဖို့ ရှိနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ နောက်ထပ် ကစားသမား ကတော့ ဒါဝင် နူညက်ဇ် ဖြစ်ပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ နာပိုလီ အတွက် မြင့်မားလွန်းတဲ့ ယူရို သန်း ၆၀ (ပေါင် ၅၁.၃ သန်း) ပမာဏ ကိုသာ မျှော်လင့်ထားကြောင်း သိရပါတယ်။ စီးရီးအေ ချန်ပီယံတွေ ကတော့ လာမယ့် နာရီပိုင်း အတွင်း နူညက်ဇ် အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း သိရပါတယ်။
TBR Football ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင်ရဲ့ ကိုယ်စားလှယ်တွေ ကတော့ အက်စတွန်ဗီလာ၊ နယူးကာဆယ်ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့လည်း စကားပြောထားပါတယ်။
ဝယ်လိုအား များနေတဲ့ စတုဂတ် တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမိတ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ အဓိက အကြောင်းအရင်း ကတော့ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့်လို့ သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ် အတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ စပိန်သားကို အလျင်စလို ရောင်းထုတ်လိုခြင်း မရှိသော်လည်း ဒီကမ်းလှမ်းမှု ကိုတော့ နားထောင်ဖို့ ဆန္ဒရှိနေပါတယ်။
အာဆင်နယ် ကနေ ထွက်ခွာသွားတဲ့ သောမတ်စ် ပါတေး ကိုတော့ Galatasaray က ခေါ်ယူဖို့ ဆက်သွယ်ထားတယ်လို့ TBR Football က ဖော်ပြပါတယ်။ တူရကီ ကလပ် အတွက် နောက်ထပ် ပစ်မှတ်ဟာ မန်စီးတီးက အိုင်လ်ခေး ဂွန်ဒိုအန် ဖြစ်ပြီး ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာတော့ မသိရသေးပါဘူး။
မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂျိမ်းစ် မက် အတီး ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်တွေရဲ့ စိတ်ဝင်စားမှုကြောင့် အသင်း ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ The Guardian ရဲ့ ဖော်ပြချက် အရ ပေါင် ၂၅ သန်း ဈေးသတ်မှတ်ထား အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ကိုတော့ ဒေါ့မန်က ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ဝက်စ်ဟမ်း ကွင်းလယ်လူ မိုဟာမက် ကူဒု့စ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။ ဂါနာ လက်ရွေးစင် ကတော့ လန်ဒန်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.