နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာ ကလပ် ကမ္ဘာ့ဖလားက ‘မသင့်တော်ပါဘူး’ ဒါပေမယ့် တခြား ကလပ်တွေ ကတော့ ‘မနာလို’ ဖြစ်နေကြတယ်’ လို့ ဆိုလိုက်တဲ့ ပပ် ဂွါဒီယိုလာ

ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ အသင်းတွေ အနေနဲ့ မနာလို ဖြစ်နေနိုင်ကြောင်း မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာက ဒီပြိုင်ပွဲဟာ လာမယ့်ရာသီ အတွက် ဒုက္ခပေးနိုင်ပေမယ့် ယှဉ်ပြိုင်ခွင့် မရတဲ့ အသင်းတွေ ကတော့ မနာလိုဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ သူနဲ့ ခေတ်ပြိုင် ဖြစ်ခဲ့တဲ့ နည်းပြကြီး ယာဂင် ကလော့ပ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုးချဲ့ခဲ့တာဟာ ဘောလုံးလောကရဲ့ အဆိုးရွားဆုံး စိတ်ကူး စိတ်သန်း ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ယာဂင် ကလော့ပ်က “ဒါဟာ အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲ တစ်ခုပါ။ ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ် အဆိုးရွားဆုံး ချန်ပီယံပဲ ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နွေရာသီ တစ်လျှောက်လုံး သူတို့ ယှဉ်ပြိုင် ကစားခဲ့ရပြီးတော့ လိဂ်ပြိုင်ပွဲတွေကို ဆက်တိုက် ဆင်နွှဲရမှာကြောင့်ပါပဲ။ ဘောလုံး စီးပွားရေးမှာ ဒီလိုမျိုး နေ့စဉ် ရက်ဆက် ပါဝင်နေရတာမျိုး မရှိခဲ့ဖူးပါဘူး။” လို့ ဆိုခဲ့တာပါ။

 ဒီလို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မကြာခင်မှာပဲ ဂွါဒီယိုလာက သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက ဒီပြိုင်ပွဲကြောင့် ကစားသမားတွေ အနေနဲ့ နွေရာသီမှာ အနားယူချိန် နည်းပါးတဲ့ အတွက် လာမယ့် ရာသီကို ဖျက်ဆီးနိုင်တာ မှန်ပေမယ့် တခြားသော အသင်းတွေ အနေနဲ့လည်း ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ချင်နေကြတယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ သူနဲ့ ခေတ်ပြိုင် ဖြစ်ခဲ့တဲ့ နည်းပြကြီး ယာဂင် ကလော့ပ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုးချဲ့ခဲ့တာဟာ ဘောလုံးလောကရဲ့ အဆိုးရွားဆုံး စိတ်ကူး စိတ်သန်း ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ကလပ် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ မျှော်မှန်းထားတဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီး

ဂွါဒီယိုလာက “ဗိုလ်လုပွဲ ပြီးရင် ဘာတွေ ဖြစ်မလဲ ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်က ခွင့်ပြုပေးထားတဲ့ အတိုင်း အနားယူနိုင်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီ မှာတော့ ဒီပြိုင်ပွဲက ကျွန်တော် တို့ကို ဒုက္ခပေးနိုင်ပါတယ်။ ဒီပြိုင်ပွဲကို စောဒကတက်နေကြတဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဒီမှာ မရှိလို့ပါ။ တခြား တစ်ဖက်က ကြည့်ရင် ဒါဟာ သူတို့ ဒီမှာ ရှိချင်တယ် ဆိုတဲ့ သဘောပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပရီးမီးယားလိဂ် အသင်းတွေထဲက မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီး နှစ်သင်းသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ လက်ရှိ မှာတော့ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းထားပြီးတော့ မန်စီးတီး ကတော့ မနက်ဖြန်မှာ အဲလ်ဟီလာနဲ့ ၁၆ သင်း အဆင့် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲစဉ် ရေးဆွဲမှု ပုံစံ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ်တွေ့ဆုံနိုင်ခြေ ရှိနေပါတယ်။

ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အထိ ပြိုင်ပွဲဝင် ၇ သင်းနဲ့ ကျင်းပခဲ့ပြီးတော့ အခုနှစ်မှ ၃၂ သင်း ပါဝင်တဲ့ ပြိုင်ပွဲ အဖြစ် ပြောင်းလဲကာ တိုးချဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ အခုလို ကျင်းပခဲ့တာကြောင့် ပြိုင်ပွဲ ကာလ ကလည်း တစ်နှစ်နီးပါး ကြာမြင့်မှာလည်း ဖြစ်ပါတယ်။ ဖီဖာဟာ နောက်ပိုင်းနှစ်တွေ အတွင်း ပရိသတ် စိတ်ဝင်စားမှု သိပ်မရှိတော့တဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပခဲ့သလို စုစုပေါင်း ဆုကြေးငွေ ကိုလည်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ (ပေါင်သန်း ၇၅၀) အထိ တိုးမြှင့် ပေးအပ်ခဲ့တာပါ။ ဒါ့အပြင် ပြိုင်ပွဲကို ၄ နှစ်မှ တစ်ကြိမ် ပြောင်းလဲ ကျင်းပလိုက်ပြီး လက်ရှိ ကမ္ဘာပေါ်က လူစိတ်ဝင်စားမှု အများဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးကို လိုက်မှီဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်