နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လှပတဲ့ နိုင်ပွဲ ကိုယ်စီနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် မ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်တို့ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာ အသင်းသားဟောင်း မက်ဆီရဲ့ အင်တာမိုင်ယာမီကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့သလို ဘေယန်မြူးနစ် ကလည်း ဘရာဇီးလ် ထိပ်သီး ဖလာမင်ဂိုကို ၂-၄ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

ပီအက်စ်ဂျီ ၄-၀ အင်တာမိုင်ယာမီ

အများစု မျှော်လင့်ထားတဲ့ အတိုင်း ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပီအက်စ်ဂျီက အင်တာမိုင်ယာမီကို အဘက်ဘက်က အသာစီးရယူကာ သက်တောင့်သက်သာ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပီအက်စ်ဂျီက ဒူရေး၊ ဘာကိုလာနဲ့ ခါဗရာစခီလီယာ တို့ကို တိုက်စစ်မှာ ပွဲထုတ်လာခဲ့ပြီး ကွင်းလယ် မှာလည်း သူတို့ရဲ့ အကောင်းဆုံး အတွဲအဖက် ဖြစ်တဲ့ ရူအစ်ဇ်၊ ဗစ်တင်ညာနဲ့ ယာအို နီးဗက်စ် တို့ကို အသုံးပြုခဲ့ပါတယ်။ အင်တာမိုင်ယာမီ ဘက်မှာတော့ ထုံးစံ အတိုင်း မက်ဆီနဲ့ ဆွာရက်ဇ်ပဲ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပြီးတော့ ဘူးစကွက်စ်၊ အဲလ်ဘာ၊ ဖဲလ်ကွန်၊ ဆီဂိုဗီယာ တို့လို အဓိက ကစားသမားတွေနဲ့ပဲ ပီအက်စ်ဂျီကို ရင်ဆိုင်သွားခဲ့တာ တွေ့ရပါတယ်။

လှပတဲ့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကတော့ လာမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေပြီလည်း ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာ ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရတော့မယ့် ပီအက်စ်ဂျီ

ဒီနှစ်သင်း အကြားမှာ ခြေစွမ်းက တော်တော်လေး ကွာဟခဲ့ပြီးတော့ ဆွာရက်ဇ်၊ မက်ဆီ တို့ကိုပဲ အားကိုးခဲ့ရတဲ့ အင်တာမိုင်ယာမီရဲ့ နည်းဗျူဟာက အလုပ်မဖြစ်ခဲ့ပါဘူး။ ပီအက်စ်ဂျီ အတွက် သွင်းဂိုး ၄ ဂိုးစလုံး ပထမပိုင်းမှာပဲ ရရှိခဲ့တာ ဖြစ်ပြီး ယာအို နီးဗက်စ်က ၂ ဂိုး၊ ဟာကီမီက ၁ ဂိုးနဲ့ အဗီလက်စ် (OG) ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အင်တာမိုင်ယာမီတို့ ခြေရည်တူ လိုက်ကစားခဲ့သလို ပီအက်စ်ဂျီ ကလည်း ကစားအား သိသိသာသာ လျှော့ချခဲ့ပေမယ့် အသင်းကြီး အသင်းငယ် ကွာဟချက်က ထင်သာခဲ့ပြီး ၄-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ဖလာမင်ဂို ၂-၄ ဘေယန်မြူးနစ်

ဖလာမင်ဂိုဟာ အသင်းကောင်း တစ်သင်း ဖြစ်တာကြောင့် ဘေယန်မြူးနစ်တို့ သတိထား ကစားခဲ့ရပေမယ့် ပွဲအပြီးမှာတော့ လိုချင်တဲ့ ရလဒ်နဲ့ နိုင်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဖလာမင်ဂိုဟာ ဂျော်ဂျင်ဟို၊ ဂါဆန်၊ ပလာတာ၊ အဲလက်စ် ဆန်ဒရို တို့လို အဓိက ကစားသမားတွေနဲ့ ဘေယန်မြူးနစ်ကို ရင်ဆိုင်သွားခဲ့ပြီးတော့ ဘေယန်မြူးနစ် ကလည်း မလျော့တဲ့ လူစာရင်းနဲ့ ပြန်လည် တုန့်ပြန်သွားခဲ့တာ‌ တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ ဗင်းန်ဆင့် ကွန်ပနီ အသင်းရဲ့ ပုံစံကောင်း တစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ထိရောက်တဲ့ ကစားပုံနဲ့ အဆုံးသတ် ကောင်းမွန်မှုတွေကြောင့် ဂိုးပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ ပွဲချိန် ၆ မိနစ်မှာတင် ပြိုင်ဘက် ကွင်းလယ်လူရဲ့ OG ကြောင့် ဦးဆောင်ဂိုး ရသွားခဲ့ပြီး ပွဲချိန် ၁၀ မိနစ် မှာတော့ ကိန်းက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဖလာမင်ဂိုက ၃၃ မိနစ်မှာ ၁ ဂိုး ပြန်လည် ချေပနိုင်ခဲ့ပေမယ့် ၄၁ မိနစ် မှာတော့ ဂိုရက်ဇ်ကာက တတိယမြောက်ဂိုး သွင်းယူခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဘေယန်မြူးနစ်တို့ ၁-၃ ရလဒ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဖလာမင်ဂိုက လိုအပ်နေတဲ့ ဂိုးတွေ အတွက် တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘေယန်မြူးနစ် ကတော့ ပွဲကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ၅၄ မိနစ်မှာ ပင်နယ်တီက တဆင့် ဂျော်ဂျင်ဟိုက ဖလာမင်ဂို အတွက် ဒုတိယဂိုး ရယူပေးခဲ့သလို ၇၃ မိနစ် မှာတော့ ဟယ်ရီကိန်းက အနိုင်သေချာစေမယ့် စတုတ္ထမြောက် ဂိုးကို သွင်းယူခဲ့လို့ ၂-၄ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

လှပတဲ့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကတော့ လာမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေပြီလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်း ကတော့ အရင်က ၁၄ ကြိမ် တွေ့ဆုံခဲ့ပြီးတော့ ဘေယန်မြူးနစ်က ၈ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၆ ကြိမ် နိုင်ပြီး သရေပွဲတော့ လုံးဝ မရှိခဲ့ပါဘူး။ ဒီနှစ်သင်းရဲ့ ၁၄ ကြိမ် တွေ့ဆုံမှုမှာ နှစ်သင်းပေါင်း သွင်းဂိုး ၃၄ ဂိုး အထိ ရှိခဲ့သလို တွေ့ဆုံမှုတိုင်းမှာ အကြိတ်အနယ် ရှိခဲ့တာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ နောက်ထပ် စိတ်ဝင်စားဖွယ် ပွဲစဉ် တစ်ပွဲကို ရှုစားရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အသင်းက လာမယ့် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်၊ ဒေါ့မန်၊ ဂျူဗင်တပ်စ်၊ မွန်တာရေး တို့ထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရဦးမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်