နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာရူဟိုကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ ဂျူဗင်တပ်စ်၊ အာဒါ ဂူလာကို ခေါ်ယူချင်နေတဲ့ အင်တာမီလန် | စီးရီးအေ

ဇွန်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကတော့ ကာတာလိုနီးယားမှာ ဆက်နေလိုတဲ့ ဘာစီလိုနာ ဗဟိုနောက်ခံလူ ရော်နယ် အာရူဟိုကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ အာရူဟိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ မှာကတည်းက ဘာစီလိုနာ ကနေ ထွက်ခွာမယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ခ် ကတော ဒီနွေရာသီမှာ ယိုအန် ဂါစီယာနဲ့ နီကို ဝီလီယမ်စ် တို့ကို ခေါ်ယူထားနိုင်ရုံနဲ့ မကျေနပ်သေးပဲ ညာနောက်ခံလူ တစ်ဦး ခေါ်ယူပေးဖို့ အသင်းကို တွန်းအားပေးထားကြောင်း Fichajes က ဖော်ပြပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ လူစာရင်းအရ ဆိုရင် လာမယ့် ရာသီမှာ သူတို့ ရရှိထားတဲ့ ချန်ပီယံဆုတွေကို ကာကွယ်ဖို့တောင် လုံလောက်နေပြီလို့ ပြောလို့ ရပါတယ်။

နောက်ထပ် စီးရီးအေ ကလပ် အင်တာမီလန် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စွယ်စုံရ လူငယ် ကြယ်ပွင့် အာဒါ ဂူလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ FCInterNews က ဖော်ပြခဲ့ပါတယ်။
အာဒါ ဂူလာကို ရောင်းထုတ်လိုခြင်း မရှိတဲ့ ဇာဘီ အလွန်ဆို

နောက်ထပ် စီးရီးအေ ကလပ် အင်တာမီလန် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စွယ်စုံရ လူငယ် ကြယ်ပွင့် အာဒါ ဂူလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ FCInterNews က ဖော်ပြခဲ့ပါတယ်။ အာဒါ ဂူလာ ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို သဘောကျတဲ့ ကစားသမား ဖြစ်ပြီး မကြာခင်မှာ လစ်လပ်တော့မယ့် လူကာ မိုဒရစ်ရဲ့ နေရာ အတွက် အစားထိုး ဝင်ရောက်နိုင်သူ အဖြစ် ရှုမြင်ထားပါတယ်။

ဂွန်ဇာလို ဂါစီယာ ကတော့ ရီးရဲလ်မက်ဒရစ်မှာ အချိန်တိုတွင်း ကျော်ကြားလာတဲ့ လူသယ် တိုက်စစ်မှူးလေး ဖြစ်ပြီး ဒီနွေရာသီမှာ ကလပ် အသင်း အများစုရဲ့ ပစ်မှတ် ဖြစ်လာဖို့ ရှိနေပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ အောင်မြင် ကျော်ကြားလာခဲ့တဲ့ ကြယ်ပွင့် ကိုတော့ လိဒ်စ်ယူနိုက်တက်က ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ဂျရတ် မာတင် ကတော့ သူ့ရဲ့ ငယ်ဘဝ ကလပ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိနေပေမယ့်လည်း ဘာစီလိုနာ ကတော့ ယူရို သန်း ၂၀ ရရင် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီစပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ကိုတော့ ဘုန်းမောက်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း El Nacional က ဖော်ပြပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ လီယွန်နယ် မက်ဆီကို ပေးချေရမယ့် အကြွေးကို နောက်ဆုံး အကြိမ် အရစ်ကျနဲ့ ပေးချေခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ မက်ဆီကို ပေးချေဖို့ ကျန်ရှိငွေ ယူရို ၄၇.၆ သန်း ကို ၅ နှစ် အကြာမှာ အပြီးသတ် ပေးချေနိုင်ခဲ့တာ ဖြစ်ပြီး မက်ဆီဟာ သူ့ရပိုင်ခွင့် အတွက် ကျန်ရှိတဲ့ ယူရို ၆ သန်း နီးပါးကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ချားလော့တ် အက်ဖ်စီရဲ့ အမေရိကန် လက်ရွေးစင် တိုက်စစ်မှူး ပက်ထရစ် အက်ဂ်ရီမန်း ကတော့ ချန်ပီယံရှစ် ကလပ် ဒါဘီကောင်တီကို ပြောင်းရွှေ့ဖို့ တွန်းအားပေးနေကြောင်း သိရပါတယ်။ ချားလော့တ် နည်းပြ Charlotte နည်းပြ ဒင်းန် စမစ် ကတော့ ဒီအပြောင်းအရွှေ့ကို အဆင်ပြေစေဖို့ ကြိုးပမ်းပေးနေကြောင်း သိရပါတယ်။

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဝင်ငွေ ရရှိမှုနဲ့ အပြိုင်အဆိုင် ဖြစ်လာမယ့် အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ အဲလ်ဟီလာ ကတော့ လီယွန်နယ် မက်ဆီရဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်ခြေ အရှိဆုံး နေရာလည်း ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရီဂို ဒီ ပေါလ် ကတော့ သူ့ရဲ့ အချစ်တော် မက်ဆီ ရှိရာ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ဒီပေါလ်ဟာ တီကိုမှာ သူ့ရဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်