နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာအို ပက်ဒရိုကို ပေါင် သန်း ၅၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ ဆေးစစ်မှုတွေနဲ့ စာချုပ် လက်မှတ်ရေးထိုးဖို့ လာမယ့် ရက်မှာ စတင်ထွက်ခွာမှာ ဖြစ်ပြီး ကလပ် ကမ္ဘာ့ဖလား အတွက်လည်း အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

ချဲလ်ဆီးဟာ ယာအို ပက်ဒရိုကို ပေါင် သန်း ၅၀ နဲ့ ၂၀၃၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုဖို့ အတွက် ဘရိုက်တန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။ ယာအို ပက်ဒရိုက အရင်ဆုံး ဆေးစစ်မှု ခံယူရမှာ ဖြစ်ပြီး စာချုပ် ကိစ္စတွေ ပြီးဆုံးချိန်မှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကစားနေတဲ့ ချဲလ်ဆီး အသင်း ရှိရာ အမေရိကန်နိုင်ငံကို သွားရောက် ပူးပေါင်းရမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ယာအို ပက်ဒရိုဟာ ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန် အတွက် အထောင် တိုက်စစ် နေရာမှာ ၁၆ ပွဲ ကစားခဲ့ပြီး ဘယ်တောင်ပံနဲ့ နောက်ချန် တိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာတွေမှာတော့ ၂၇ ပွဲ ကစားခဲ့ပါတယ်။ ဒါ့အပြင် ပက်ဒရိုက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားပြီး ၁၀ ဂိုးသွင်းကာ ၇ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်လည်း ဖြစ်နေခဲ့တာပါ။ ဘရာဇီးလ်သားဟာ လီယမ် ဒီလက်ပ် ပြီးနောက် ဒီနွေရာသီမှာ ချဲလ်ဆီးက ဒုတိယမြောက် ခေါ်ယူတဲ့ တိုက်စစ်မှူး ဖြစ်လာဖို့ ရှိပြီး စွယ်စုံရ တိုက်စစ်မှူး ဖြစ်နေတာကြောင့်လည်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ပွဲထွက်ခွင့် ပိုမို ရရှိနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီလို ဆက်ဆံရေးကောင်းတွေ ရှိထားတာကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ ယာအို ပက်ဒရိုကို လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီယမ် ဒီလက်ပ် ပြီးနောက် ဒီနွေရာသီ ချဲလ်ဆီးရဲ့ ဒုတိယမြောက် တိုက်စစ်မှူး ခေါ်ယူမှု ဖြစ်လာတဲ့ ယာအို ပက်ဒရို

ယခင် ကလည်း ချဲလ်ဆီးဟာ မာ့ခ် ကူကာရယ်လာ၊ မွိုက်စ် ကိုင်စီဒို၊ ရောဘတ် ဆန်းချက်ဇ် တို့လို ကစားသမားတွေကို ဘရိုက်တန် ကနေ ခေါ်ယူခဲ့ဖူးပြီး ယာအို ပက်ဒရို ကတော့ ကလပ် နှစ်ခု အကြားက နောက်ထပ် စီးပွားရေး ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ နောက်ခံလူ လီဗီ ကိုးလ်ဝဲလ်ကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ တစ်ရာသီ အငှားချခဲ့ဖူးပါတယ်။ ဒီလို ဆက်ဆံရေးကောင်းတွေ ရှိထားတာကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ ယာအို ပက်ဒရိုကို လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပက်ဒရိုကို ခေါ်ယူဖို့ အတွက် နောက်ဆုံးမှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့လိုကြောင်း ဒေးဗစ် အွန်စတိန်းက အတည်ပြုထားပါတယ်။ နီကိုးလက်စ် ဂျက်ဆန်ဟာ ဖလာမင်ဂိုနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စု အဆင့် ပွဲစဉ်မှာ အနီကတ် ပြသခံရပြီးနောက် ချဲလ်ဆီး ကလည်း အထောင် တိုက်စစ် အတွက် ဒီလက်ပ် တစ်ဦးထဲကိုသာ အသုံးပြုရဖို့ ရှိသွားခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက အပြောင်းအရွှေ့ ဈေးကွက်ထဲ ခပ်သွက်သွက် လှုပ်ရှားပြီး တိုက်စစ်မှူး တစ်ဦးကို အရ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပေါ်တူဂီ ကလပ် ဘင်ဖီကာကို ၁-၄ ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် အဖြစ် လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ဘရာဇီးလ် ထိပ်သီး ပါလ်မီးရက်စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယာအို ပက်ဒရို အနေနဲ့ ဒီပွဲအမီ ချဲလ်ဆီး အသင်းထံ လာရောက် ပူးပေါင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်