နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုးပြာရောင် တပ်သားတွေကို တားဆီးဖို့ ကြိုးစားရမယ့် အပြာရောင် ရေလှိုင်များ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – အဲလ်ဟီလာ

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး မန်ချက်စတာစီးတီးနဲ့ အဲလ်ဟီလာ တို့ရဲ့ ပွဲစဉ်ကို သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် အားလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲ ရလာခဲ့ပြီး ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ဖလား လက်မဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပြီးနောက် ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ ပစ်မှတ်ထားနေတဲ့ အသင်း ဖြစ်ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းက အုပ်စု ပွဲစဉ် ၃ ပွဲမှာ စုစုပေါင်း ၁၃ ဂိုး သွင်းယူပြီး ပေးဂိုး ကလည်း ၂ ဂိုးသာ ရှိခဲ့ပြီးတော့ အကောင်းဆုံး ပုံစံ ရနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ပိတ်ပွဲ ၂ ပွဲ အပါအဝင် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီးတို့ ရလဒ်ကောင်းတွေ ထပ်မံ ရယူဖို့ အဆင်သင့် ဖြစ်နေမယ် ထင်ပါတယ်။

အဲလ်ဟီလာ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ရဂိုး ကလည်း ၃ ဂိုးသာ ရှိထားပါတယ်။ ဒါပေမယ့်လည်း ဆီမြွန်နီ အင်ဇာဂီရဲ့ အသင်းက ဆဲလ်ဘာ့ဂ်နဲ့ ပါချုကာကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဒီအဆင့်ကို တက်လှမ်းလာနိုင်တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ဟီလာက AFC ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အဲလ်အာလီကို ရှုံးနိမ့်ပြီးကတည်းက လက်ရှိ အချိန်ထိ ရှုံးပွဲ မရှိသေးပါဘူး။ သူတို့ အနေနဲ့ မန်စီးတီးလို ထိပ်တန်း အသင်းကြီး တစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း အကောင်းဆုံး တုန့်ပြန် ကစားနိုင်ဖို့တော့ ပြင်ဆင်လာမှာ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ မန်စီးတီး ဘက်က အဓိက ကစားသမား အားလုံး ဒဏ်ရာပြဿနာ ကင်းရှင်းနေပြီးတော့ အဲလ်ဟီလာ ဘက်မှာတော့ တိုက်စစ်မှူး မီထရိုဗစ် ဒဏ်ရာရနေလို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အဲလ်ဟီလာ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ရဂိုး ကလည်း ၃ ဂိုးသာ ရှိထားပါတယ်။
နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ အဲလ်ဟီလာ

မန်ချက်စတာစီးတီး – အီဒါဆင်၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ဂွန်ဒိုအန်၊ ချာကီ၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း

အဲလ်ဟီလာ – ဘိုနို၊ ကန်ဆယ်လို၊ တမ်ဘက်တီ၊ ကူလီဘလီ၊ လိုဒီ၊ အဲလ်ဒေါ်ဆာရီ၊ နီးဗက်စ်၊ ကန်နို၊ မီလန်ကိုဗစ် ဆာဗစ်၊ မဲလ်ကွန်၊ လီယိုနာဒို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၀၁၂ တုန်းက ခြေစမ်းပွဲ တစ်ကြိမ် ကစားခဲ့ဖူးပြီး အဲဒီ အချိန်တုန်းက ဆော်ဒီပရိုလိဂ် ကလပ်က မန်စီးတီးကို ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ၅ ပွဲစလုံး အနိုင်ရထားပြီးတော့ အဲလ်ဟီလာ ကတော့ ၂ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အဲလ်ဟီလာ နိုင်ရင် ၉.၂၀ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင်တော့ ၁.၁၉ ဆနဲ့ သရေ ဆိုရင်တော့ ၆.၄၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ မန်ချက်စတာစီးတီးက ၂ လုံး သွင်းရင်တောင် အပြည့်မနိုင်တဲ့ ကြေးမျိုး ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း နည်းနည်း ပြင်းနေပါတယ်။ ဘွတ်ကီတွေ အနေနဲ့ မန်ချက်စတာစီးတီး ဂိုးပြတ်နိုင်မယ်လို့ တွက်ဆထားပုံရပါတယ်။ လက်ရှိ ကစားသမား စုဖွဲ့မှုရော တစ်ဦးချင်းမှာပါ မန်ချက်စတာစီးတီးက သာနေတာကြောင့် ဘွတ်ကီတွေရဲ့ တွက်ဆမှု မှန်ဖို့ များပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ နှစ်သင်းစလုံး ဂိုးသွင်းမယ်လို့ ထင်ပြီး ဂိုးပေါ်မယ်လို့လည်း တွက်ဆထားပါတယ်။ ဘယ်အသင်း နောက်တစ်ဆင့် တက်နိုင်မလဲ ဆိုတာတော့ ပြောဖို့ လိုမယ် မထင်ပါဘူး။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၀ အဲလ်ဟီလာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်