ပီအက်စ်ဂျီ – အင်တာမိုင်ယာမီ
မနက်ဖြန် ညမှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ပီအက်စ်ဂျီနဲ့ အင်တာမိုင်ယာမီ တို့ အတ္တလန္တာက မာစီးဒီးဘန့်ဇ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပီအက်စ်ဂျီတို့ လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် အင်တာမိုင်ယာမီကို အလွယ်တကူ အသာရသွားနိုင်မလား။ ဒါမှမဟုတ် မေဂျာလိဂ် ကပဲ မထင်မှတ်တဲ့ ရလဒ်တွေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဆင့်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ ဆီယက်တဲလ်ဆောင်းဒါးစ် တို့ကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဘိုတာဖိုဂို ကိုတော့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီက အုပ်စု ပထမ နေရာနဲ့ ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပြီး ပြိုင်ဘက်က မေဂျာလိဂ် ကလပ် ဖြစ်နေတာကြောင့်တော့ အနည်းငယ် ပွဲချောင်နေတယ်လို့ ဆိုရမှာပါ။ ဘရာဇီးလ် ကလပ်နဲ့ ပွဲမှာ ခြေချော်ခဲ့တာက လွဲရင် ပီအက်စ်ဂျီရဲ့ လက်ရှိ ခြေစွမ်းပိုင်းအရတော့ ပြောစရာ မရှိပါဘူး။ ဒဏ်ရာရ ကစားသမားလည်း ကင်းရှင်းနေတာကြောင့် နည်းပြ လူးဝစ္စ အန်နရီကေး စိတ်ကြိုက် လူစာရင်းကို အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။
အင်တာမိုင်ယာမီ ကတော့ ပေါ်တို၊ ပါးလ်မီးရက်စ်၊ အဲလ်အာလီတို့ ပါဝင်တဲ့ အုပ်စု ကနေ အုပ်စု ဒုတိယ အဖြစ်နဲ့ ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီက ပါလ်မီးရက်စ်နဲ့ အဲလ်အာလီကို အနိုင်မရခဲ့ပေမယ့် ပေါ်တိုလို ဥရောပ ကလပ်ကို အနိုင်ယူခဲ့တာ ဖြစ်လို့ ခြေစွမ်း ကတော့ လျှော့တွက်လို့ မရပါဘူး။ တစ်ခု ရှိတာက အင်တာမိုင်ယာမီရဲ့ ကစားဟန်က လီယွန်နယ် မက်ဆီကို အားကိုးလွန်းတာ ဖြစ်ပြီး တစ်သင်းလုံး အာဂျင်တီးနားသား ကိုပဲ ခိုစီးနေသလိုပါပဲ။ မက်ဆီ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားပေမယ့် လက်ရှိမှာ အကောင်းဆုံး ပုံစံရနေတဲ့ သူ့ရဲ့ အသင်းဟောင်းနဲ့ အတွေ့မှာတော့ ဘာမှတတ်နိုင်မယ် မထင်ပါဘူး။ အင်တာမိုင်ယာမီရဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ခရီးလမ်းက ဒီမှာတင် ပြီးဆုံးဖို့ များနေပြီလို့တောင် ပြောရမယ့် အခြေအနေ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ပီအက်စ်ဂျီ ဘက်က ကစားသမား အားလုံး ဒဏ်ရာပြဿနာ ကင်းရှင်းနေပေမယ့် အင်တာမိုင်ယာမီ ဘက်မှာတော့ ကစားသမား ၅ ဦးလောက် လွဲချော်ဖို့ ရှိပါတယ်။ သတင်းတွေ အရ ဆိုရင် ဒီပွဲကို ရူအစ်ဇ်၊ ကယ်လန်ဒါ၊ လူဂျန်၊ ဖရေး၊ ဘရိုက်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် ကျန် အဓိက ကစားသမား အားလုံးတော့ ပါဝင်လာနိုင်ဖို့ ရှိပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ နီးဗက်စ်၊ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ဒူရေး၊ ရာမို့စ်၊ ခါဗရာစခီလီယာ
အင်တာမိုင်ယာမီ – အူစတာရီ၊ ဝိုင်ဂန့်၊ ဖဲလ်ကွန်၊ အယ်လန်၊ အဲလ်ဘာ၊ အယ်လန်ဒီ၊ ရီဒွန်ဒို၊ ဘူးစကွက်စ်၊ ဆီဂိုဗီယာ၊ မက်ဆီ၊ ဆွာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ပီအက်စ်ဂျီက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး အင်တာမိုင်ယာမီ ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အင်တာမိုင်ယာမီ နိုင်ရင် ၉.၂၀ ဆ၊ ပီအက်စ်ဂျီ နိုင်ရင်တော့ ၁.၁၉ ဆနဲ့ သရေ ဆိုရင်တော့ ၆.၄၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီက ၂ လုံး သွင်းရင်တောင် အပြည့်မနိုင်တဲ့ ကြေးမျိုး ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း နည်းနည်း ပြင်းနေပါတယ်။ ဘွတ်ကီတွေ အနေနဲ့ ပီအက်စ်ဂျီ ဂိုးပြတ်နိုင်မယ်လို့ တွက်ဆထားပုံရပါတယ်။ လက်ရှိ ကစားသမား စုဖွဲ့မှုရော တစ်ဦးချင်းမှာပါ ပီအက်စ်ဂျီက သာနေတာကြောင့် ဘွတ်ကီတွေရဲ့ တွက်ဆမှု မှန်ဖို့ များပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ နှစ်သင်းစလုံး ဂိုးသွင်းမယ်လို့ ထင်ပြီး ဂိုးပေါ်မယ်လို့လည်း တွက်ဆထားပါတယ်။ ဘယ်အသင်း နောက်တစ်ဆင့် တက်နိုင်မလဲ ဆိုတာတော့ ပြောဖို့ လိုမယ် မထင်ပါဘူး။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ ၃-၁ အင်တာမိုင်ယာမီ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.