နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“နေမာဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား ဖြစ်လိမ့်မယ်” – အန်ဆယ်လော့တီ

ဘရာဇီးလ် နည်းပြသစ် ကာလို အန်ဆယ်လော့တီ ကတော့ နေမာ ဂျူနီယာကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်ထားဖို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဘရာဇီးလ် နာမည်ကျော် တိုက်စစ်မှူးဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီးတော့ လက်ရှိ ကလပ် ဆန်းတို့စ် အတွက်လည်း ၅ လ အတွင်း ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားထားနိုင်သူ ဖြစ်ပါတယ်။ 

အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် အသုံးပြုခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းမှာ ကြံ့ခိုင်မှု အားနည်းနေသေးတဲ့ အသင်းခေါင်းဆောင်ဟောင်း နေမာကို ထည့်သွင်း ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အန်ဆယ်လော့တီက နေမာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် သူ့ရဲ့ အစီအစဉ်ထဲ မှာတော့ ပါဝင်နေကြောင်း ဘရာဇီးလ် ပရိသတ်တွေကို ကတိပေး စကားပြောကြားခဲ့ဖူးပါသေးတယ်။

လက်ရှိမှာလည်း ဘရာဇီးလ် နည်းပြ အန်ဆယ်လော့တီက နေမာကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်ထားဖို့ ထပ်မံ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “နေမာ အနေနဲ့ ကမ္ဘာ့ဖလား အတွက် ကောင်းကောင်း ပြင်ဆင်ထားဖို လိုအပ်ပါတယ်။ အဲဒီလို ပြင်ဆင်ဖို့ အတွက်လည်း သူ့မှာ အချိန် အလုံအလောက် ရှိနေပါတယ်။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အန်ဆယ်လော့တီက နေမာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် သူ့ရဲ့ အစီအစဉ်ထဲ မှာတော့ ပါဝင်နေကြောင်း ဘရာဇီးလ် ပရိသတ်တွေကို ကတိပေး စကားပြောကြားခဲ့ဖူးပါသေးတယ်။
ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ ၂၀၂၆ ခုနှစ် အထိ ဆက်ရှိနေတော့မယ့် နေမာ

နေမာဟာ ဒီလထဲမှာပဲ ဘရာဇီးလ် ကလပ် ဆန်းတို့စ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပါတယ်။ အဲဒီစာချုပ်အရ ဆိုရင်တော့ နေမာဟာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ အထိ ဆန်းတို့စ်မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ နေမာဟာ တစ်လကို အမေရိကန် ဒေါ်လာ ၇၅၀၀၀၀ ရရှိမှာ ဖြစ်ပြီးတော့ ဒါဟာ ဘရာဇီးလိဂ် သမိုင်းတစ်လျှောက် အများဆုံး ပမာဏလည်း ဖြစ်ခဲ့ပါတယ်။

ဒီလို ဆန်းတို့စ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်လို့ နေမာက BandSports နဲ့ အင်တာဗျူးမှာ နေမာက အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဆန်းတို့စ်နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ကျွန်တော် ဆန်းတို့စ်မှာ မွေးပြီး အဲဒီမှာပဲ သေဆုံးချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အိမ်၊ ကျွန်တော့်ရဲ့ နှလုံးသား အဖွဲ့ပါ။ ကျွန်တော် ဒီမှာ ပြန်ကောင်းလာပြီး ပျော်ရွှင်မှုတွေ ပြန်ရဖို့ လာခဲ့ပါတယ်။ ကျွန်တော် အကောင်းဆုံး အဆင့်ကို ပြန်သွားနိုင်ဖို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ပြင်ဆင်ရင်း ဒီဖြစ်စဉ်မှာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

နေမာဟာ ဘရာဇီး လက်ရွေးစင် အသင်း အတွက် ၁၂၈ ပွဲ ကစားပြီး ၇၉ ဂိုး သွင်းယူထားကာ အသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံး အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း နေမာက ဘရာဇီးလ် နည်းပြသစ် ကာလို အန်ဆယ်လော့တီ လက်ထက် မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။ ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ နည်းပြ ကာလို အန်ဆယ်လော့တီ လက်အောက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ကစားရာမှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိထားပြီး ပွဲစဉ် အားလုံး မပြီးဆုံးခင် မှာပဲ အာဂျင်တီးနား၊ အီကွေဒေါ၊ ဥရုဂွေး၊ ပါရာဂွေး တို့နဲ့ အတူ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်