နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘူမို ရောက်ရှိလာပြီးရင်တောင် ကစားသမား ၄ ဦး အတွက် ဈေးကွက်ထဲမှာ ဆက်ရှိနေဦးမယ့် မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ ဒီနွေရာသီမှာ နည်းပြ ရူဘင် အမော်ရင်ကို နည်းလမ်းမျိုးစုံနဲ့ ကြီးမားတဲ့ ကျောထောက်နောက်ခံပြုပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘရိုင်ယန် အမ်ဘူမို ရောက်ရှိလာပြီးရင်တောင် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် ဆိုးရွားတဲ့ ပရီးမီးယားလိဂ် ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် နောက်ရာသီတွေ မှာတော့ နလံပြန်ထနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ကြွေးမြီတွေ ရှိနေသည့်တိုင်အောင် ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှုတွေ အတွက် ထိုက်သင့်တဲ့ ငွေကြေးတစ်ရပ် သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။ ယူနိုက်တက်ဟာ ဒီလ အစောပိုင်းမှာ ဘရာဇီးလ် ကွင်းလယ် တိုက်စစ် ကစားသမား မားသီးယပ်စ် ကူညကို ပေါင် ၆၁ သန်းနဲ့ ခေါ်ယူထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်က လက်တလောမှာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဂိုး ၂၀ သွင်းယူခဲ့ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။

သရဲနီတွေဟာ အမ်ဘူမို အတွက် ပေါင် သန်း ၆၀ တန်ကြေး ရှိတဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပါတယ်။ ဒီကြားမှာ သောမက်စ် ဖရန့်ခ်ရဲ့ စပါးက အမ်ဘူမိုကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အိုးထရက်ဖို့ဒ် ကိုသာ ပြောင်းရွှေ့ဖို့ ဦးစားပေးထားကြောင်း သိရှိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အမ်ဘူမိုဟာ ဒီနွေရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရဖို့ ဘရန့်ဖို့ဒ် ဘက်ကို အသိပေးထားကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ ဂျေဒန် ဆန်ချို တို့ကို သေချာပေါက် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
ဘယ်အစွန်ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်နဲ့ ဂိုးအတွက် ကစားသမားသစ် တစ်ဦးစီ ခေါ်ယူဦးမယ့် ယူနိုက်တက်

သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ဟာ ကူညာနဲ့ အမ်ဘူမိုတို့ နှစ်ဦး အတွက် ပေါင် ၁၂၂ သန်း သုံးစွဲရဖို့ ရှိနေပေမယ့်လည်း ၎င်းတို့ အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ထဲမှာ ဆက်လက် ရှိနေဦးမယ်လို့ သိရပါတယ်။ The Times ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမား ၄ ဦး ခေါ်ယူဖို့ အတွက် စျေးကွက်ထဲမှာ ရှိနေဆဲ ဖြစ်ပြီးတော့ တိုက်စစ်မှူး၊ နောက်ခံလူ၊ ကွင်းလယ်လူနဲ့ ဂိုးသမား တစ်ဦးစီ ခေါ်ယူဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အတွက် ကူညာနဲ့ အမ်ဘူမို တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့သည့်တိုင်အောင် ဟွိုက်ဂျ်လန်းရဲ့ နေရာမှာ အစားထိုးဖို့ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကမှ ဘယ်အစွန် ခံစစ် အတွက် ပက်ထရစ် ဒေါဂူကို ခေါ်ယူထားခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် အတွက် ဒိန်းမတ်သား မကစားနိုင်ချိန်မှာ အစားထိုးနိုင်မယ့် ဘယ်နောက်ခံလူ တစ်ဦး လိုအပ်နေသေးသလို အသင်း ကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်ရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့ ကစားသမား ရှာဖွေရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဦး စားပေး ဂိုးသမား အန်ဒရေ အိုနာနာဟာ လက်စွမ်း မတည်ငြိမ်သလို ဒုတိယ ဂိုးသမား အဲလ်တေး ဘေယင်ဒါ ကလည်း အိုနာနာရဲ့ နေရာ အတွက် ရေရှည် အားဖြည့်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိတာကြောင့် ယူနိုက်တက်တို့ ဒီဈေးကွက်ထဲမှာ နောက်ထပ် ကစားသမား တစ်ဦး မဖြစ်မနေ ရှာဖွေရဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တစ်ဖက်မှာလည်း အသင်း အတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ စီစဉ်ရဦးမှာပါ။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ ဂျေဒန် ဆန်ချို တို့ကို သေချာပေါက် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆက်လက် ကြိုးပမ်းနေပေမယ့်လည်း လာလီဂါ ချန်ပီယံတွေ ကတော့ ဘတ်ဂျက် အကန့်အသတ် ရှိနေသလို နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့လည်း ဦးစားပေး လုပ်ဆောင်နေပါတယ်။ ဆန်ချို ကတော့ ဂျူဗင်တပ်စ်နဲ့ ညှိနှိုင်းနေပြီး မကြာခင် အပြောင်းအရွှေ့ အထမြောက်ဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်