နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေရာသီမှာ ရီးရဲမက်ဒရစ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ရိုဒရီဂိုနဲ့ ကာမာဗင်ဂါ၊ ဘာစီလိုနာကို ပြန်လည် ရောက်ရှိလာဖွယ် ရှိနေတဲ့ ယာအို ကန်ဆယ်လို | လာလီဂါ

ဇွန်လ ၂၇ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရိုဒရီဂိုနဲ့ အက်ဒူယာဒို ကာမာဗင်ဂါ တို့ကတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး ကတော့ မန်နေဂျာသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ ၎င်းတို့ရဲ့ အခန်းကဏ္ဍတွေ လျော့နည်းသွားမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

တစ်ဖက် မှာလည်း အာဆင်နယ်က ရိုဒရီဂိုကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၇၀ ပေးချေဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး အသက် ၂၄ နှစ် အရွယ် ကစားသမား အတွက် ဂန်းနားတွေဟာ မြင့်မားတဲ့ လုပ်ခလစာလည်း ပေးချေရဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီမှာ ဘယ်တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူချင်နေပြီးတော့ ရိုဒရီဂို အပြင် ခရစ္စတယ်ပဲလေ့စ်က အီဘာရစ်ချီ အီးဇီး ကိုလည်း စိတ်ဝင်စားနေပါတယ်။ တစ်ချိန်တည်းမှာပဲ မန်စီးတီး ကလည်း ရိုဒရီဂိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှုမှာ ပါဝင်လာဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဘာစီလိုနာ ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းဟာ တိုးတက်မှုတွေ ရှိနေကြောင်း ယိုအန် ဖွန်တက်စ်က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးရင် အင်္ဂလန် ကစားသမားကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ကီလီယန် အမ်ဘာပေးတို့ အကြား ဆက်ဆံရေးဟာ လုံးဝ ပြိုကွဲသွားပြီ ဖြစ်ကြောင်း ဒွန် ဘယ်လွန်က ရေးသား ဖော်ပြခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ သူ့ကို ပြင်သစ်သားကဲ့သို့ လုပ်ခလစာ ပေးချေဖို့ ရီးရဲလ်မက်ဒရစ်ကို တောင်းဆိုခဲ့ပြီး ငြင်းဆန်ခံခဲ့ရတာကြောင့် ဒေါသထွက်နေတယ်လို့လည်း သိရပါတယ်။ ရလဒ် အနေနဲ့တော့ သူ့ရဲ့ အသင်းဖော် အမ်ဘာပေးနဲ့ အဆင်မပြေ ဖြစ်ခဲ့တယ်လို့ စပိန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ အကယ်၍သာ အခုထက် ပိုပြီး အဆင်မပြေ ဖြစ်လာခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးနဲ့ ဆက်လက် လက်တွဲပြီး ဗင်နီးစီးယပ်စ်ကို ရောင်းထုတ်ဖို့ မျှော်လင့်ထားပါတယ်။

လာလီဂါ ချန်ပီယံတွေဟာ လက်ရှိမှာ ခံစစ်ကစားသမားတွေ ပိုလျှံနေတဲ့ အတွက် ဒိန်းမတ်သားကို လျှော့ဈေးနဲ့ ရောင်းချသွားဖို့လည်း ရှိနေပါတယ်။
ကန်ဆယ်လိုကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ ဘာစီလိုနာ စီနီယာ ကစားသမားများ

Mundo Deportivo ရဲ့ ဖော်ပြချက်အရ မိုနာကိုဟာ အန်ဆု ဖာတီရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေး ညှိနှိုင်းနေစဉ် အတွင်း ဂိုးသမား မာ့ခ် အန်ဒရီ တာ စတီဂျန်ကို စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ် ကလပ် အနေနဲ့ ယူနိုက်တက်က အန်ဒရေ အိုနာနာကို ကြိုးပမ်းခဲ့သေးပေမယ့် အဆင်မပြေခဲ့တာကြောင့် တခြားသော ဂိုးသမား တစ်ဦးကို ထပ်မံ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီနွေရာသီမှာ တောင်ပံ ကစားသမား ဆမ်မြူရယ် လီနိုကို ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ တန်ကြေး ယူရို သန်း ၃၀ ရှိတဲ့ ဘရာဇီးလ်သားကို ပရီးမီးယားလိဂ် အသင်း တော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒေးဗစ် အလာဘာရဲ့ ကိုယ်စားလှယ် ကတော့ ဂါလာတာဆာရေးထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Ajansspor က ဖော်ပြခဲ့ပါတယ်။ အလာဘာ ကတော့ တူရကီမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ရှိနေကြောင်း မကြာသေးခင်ကပဲ ဝန်ခံထားခဲ့ပါတယ်။ 

အေစီမီလန် ကတော့ ဘာစီလိုနာ နောက်ခံလူ အန်ဒရီယာ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ချန်ပီယံတွေဟာ လက်ရှိမှာ ခံစစ်ကစားသမားတွေ ပိုလျှံနေတဲ့ အတွက် ဒိန်းမတ်သားကို လျှော့ဈေးနဲ့ ရောင်းချသွားဖို့လည်း ရှိနေပါတယ်။ 

အဲလ်ဟီလာ ညာနောက်ခံလူ ယာအို ကန်ဆယ်လို ကတော့ ဘာစီလိုနာကို ရောက်ရှိလာနိုင်ချေ ရှိနေကြောင်း စပိန် သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ စီနီယာ အသင်း ကစားသမား အများအပြားဟာ ကန်ဆယ်လိုကို ပြန်လည် ခေါ်ယူဖို့ တောင်းဆိုထားပြီး မန်နေဂျာ ဟန်ဆီ ဖလစ်ခ် ကလည်း ဒီကစားသမားကို ယူရို ၁၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ဗလင်စီယာ နောက်ခံလူ ဆီဇာ တာရက်ဂါ ကတော့ နယူးကာဆယ် ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေတယ်လို့ ElDesmarque က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမားဟာ ဒီနွေရာသီမှာ ဗလင်စီယာ ကနေ ထွက်ခွာဖို့တော့ ဆန္ဒမရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်