နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းကို တာရေမီနဲ့ အလဲအလှယ် လုပ်ချင်နေတဲ့ အင်တာမီလန်၊ ရိုမဲယိုကို အလောတကြီး ရောင်းထုတ်မှာ မဟုတ်တဲ့ တော့တင်ဟမ် | ပရီးမီးယားလိဂ်

ဇွန်လ ၂၇ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အင်တာမီလန် ကတော့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို မာဒီ တာရေမီနဲ့ အလဲအလှယ် ပြုလုပ်ဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ထံ ကမ်းလှမ်းထားကြောင်း United In Focus က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ကတော့ သူတို့ရဲ့ တိုက်စစ်မှူး ဟွိုက်ဂျ်လန်း အတွက် ငွေသား သီးသန့်နဲ့ အပြီးသတ် ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေ ကိုသာ စိတ်ဝင်စားကြောင်း ချက်ချင်းပဲ ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ မန်ချက်စတာယူနိုက်တက်ကို ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီ ဖြစ်ကြောင်း TEAMtalk က ဖော်ပြခဲ့သည်။ ဒါပေမယ့်လည်း ဘရိုင်ယန် အမ်ဘူမို ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ ကတော့ ဖြစ်လာနိုင်ချေ နည်းနေပါတယ်။ 

TEAMtalk က ဖော်ပြတဲ့ နောက်ထပ် သတင်း တစ်ရပ်အရ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဝါရန် ဇိုင်း အမ်မရီ ကတော့ မန်ချက်စတာယူနိုက်တက် အတွက် ရည်မှန်းချက် ကြီးမားတဲ့ ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီဟာ အသက် ၁၉ နှစ် အရွယ် ကစားသမားနဲ့ လမ်းခွဲရမယ် ဆိုရင်တော့ ယူရို သန်း ၁၀၀ (ပေါင် ၈၅.၃ သန်း) အလိုရှိနေပါတယ်။

လစ်ဗာပူးလ် ဗဟိုခံစစ် ကစားသမား အီဘရာဟီမာ ကိုနာတေး ကတော့ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာချိန်မှာ အသင်း ကနေ ထွက်ခွာဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ Foot Mercato ရဲ့ ဖော်ပြချက်အရ ပြင်သစ် နောက်ခံလူကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့က ချိတ်ဆက်ထားကြောင်း သိရပါတယ်။

ဘက်ဆစ်တပ်စ် ကတော့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်းမ် စတာလင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Turkish-Football က ဖော်ပြခဲ့ပါတယ်။
ရိုမဲယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အက်တလက်တီကိုမက်ဒရစ်

အာဆင်နယ် အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ အင်တာမီလန် ကွင်းလယ်လူ ကားလို့စ် အော်ဂတ်စတိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း FCInterNews က ဖော်ပြခဲ့ပါတယ်။ ဘာတာ အနေနဲ့ အက်တလက်တီကိုမက်ဒရစ်မှာ အလုပ်လုပ်ကိုင်နေစဉ် ကတည်း ဒီကစားသမားကို ခေါ်ယူချင်ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ စိတ်ဝင်စားမှုကို အမ်းမရိတ်စ်ဆီ သယ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ခေါ်ယူချင်နေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဟမ်းမားတွေဟာ တစ်ဖက်မှာ ဆောက်သမ်တန် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း ကနေ နောက်ဆုတ်သွားခဲ့ကြောင်း သိရပါတယ်။ 

လိုင်ယွန် ကနေ လီဂူးဝမ်း ကနေ တန်းဆင်းခဲ့ရပြီးနောက် တိုက်စစ်မှူး ဂျော့ခ်ျ မီကူတာဒ်ဇီ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာကြောင်း TuttoJuve က ဖော်ပြပါတယ်။ ဒီကစားသမားကို ဂျူဗင်တပ်စ် ကလည်း ချဉ်းကပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

နယူးကာဆယ် ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ တွန်းအားပေးနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ အင်္ဂလန်သားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း လက်ရှိ အချိန်ထိတော့ အဆင်မပြေသေးပါဘူး။

ဘက်ဆစ်တပ်စ် ကတော့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်းမ် စတာလင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Turkish-Football က ဖော်ပြခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ အာဆင်နယ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီးနောက် လက်ရှိမှာ အဆက်အသွယ်ကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း တော့တင်ဟမ်ဟော့စပါး ကတော့ ပေါင်သန်း ၆၀ တန်ကြေး ရှိတဲ့ သူတို့ရဲ့ ဗဟိုခံစစ် ကစားသမား ခရစ္စတီယန် ရိုမဲယိုကို ရောင်းထုတ်ဖို့ ဖိအားပေးမှာ မဟုတ်ကြောင်း The Telegraph က ဖော်ပြခဲ့ပါတယ်။

အက်စတွန်ဗီလာ ကတော့ ဂါလာတာဆာရေး ကွင်းလယ်လူ ဂါဘရီရယ် ဆာရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Foot Mercato က ဖော်ပြခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက် ကတော့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ လူးကပ်စ် ဒစ်ဂ်နီး တို့ကို ခေါ်ယူချင်နေတဲ့ တူရကီ ကလပ်ရဲ့ ဆန္ဒနဲ့ သီးခြား ဖြစ်ကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်