နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမား ၃ ဦး အတွက် ပေါင် ၁၂၅ သန်း အသုံးပြုသွားဖို့ ရှိနေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ပြန်လည် ကစားရဖို့ ရှိနေတာကြောင့် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ နယူးကာဆယ် တာဝန်ရှိသူတွေဟာ အသင်းကို အခုထက် ပိုမို အားကောင်းစေရေး အတွက် ထိပ်တန်း ကစားသမားတွေ စောင့်ကြည့်လျက် ရှိပြီး လက်ရှိ မှာတော့ ကစားသမား ၃ ဦိးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ငှက်ကြားတွေရဲ့ ပစ်မှတ် ကစားသမား စာရင်းမှာတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ယာအို ပက်ဒရိုနဲ့ အန်တိုနီ အီလန်ဂါ တို့ အပြင် တန်းတက်လာတဲ့ ဘန်လေက ဂျိမ်းစ် ထရက်ဖို့ဒ် တို့ ပါဝင်နေပါတယ်။ ဒီကစားသမား ၃ ဦး အတွက် ကိုတော့ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်း အသုံးပြုသွားဖို့ ရှိနေပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေ စတင်ဖို့လည်း ရှိနေကြောင်း သိရပါတယ်။

The Telegraphရဲ့ ဖော်ပြချက်အရ ဆိုရင် နယူးကာဆယ်ဟာ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရို အတွက် ပေါင် သန်း ၅၀၊ နော့တင်ဟမ်ဖောရက်စ် တောင်ပံ ကစားသမား အန်တိုနီ အီလန်ဂါ အတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် အတွက် ကိုတော့ ကာဆယ်က ပေါင် ၂၅ သန်းသာ အသုံးပြုသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ အင်္ဂလန်က လာတဲ့ သတင်းတွေအရ ဆိုရင်တော့ ဒီကစားသမား ၃ ဦးဟာ ဒီနွေရာသီမှာ စိန့်ဂျိမ်းစ်ပါ့ခ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။

နောက်ဆုံး ဂျိမ်းစ် ထရက်ဖို့ဒ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တချို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပြီး သူတို့ အသုံးပြုမယ့် ပေါင် ၂၅ သန်း ဆိုတဲ့ ပမာဏ ကတော့ နည်းပါးနေပါတယ်။
ရာသီကြို ခြေစမ်းပွဲ မစတင်မီ ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတဲ့ နယူးကာဆယ်

အက်ဒီ ဟောင်းဝ် ကတော့ လာမယ့် ဇူလိုင်လ အစောပိုင်းမှာ စတင်မယ့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ မစတင်ခင် ပစ်မှတ် ကစားသမားတွေ အရ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒီကစားသမား ၃ ဦး ကိုတော့ တခြားသော ကလပ်တွေက စိတ်ဝင်စားနေသေးတာကြောင့် နယူးကာဆယ်တို့ ဒီနွေရာသီမှာ တစ်ပြိုင်နက် ခေါ်ယူဖို့တော့ အခက်အခဲတွေ ရှိနိုင်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု (PSR) စည်းမျဉ်းတွေကြောင့် ဘဏ္ဍာရေး ကန့်သတ်မှုတွေ ရှိနေပြီး နယူးကာဆယ် အနေနဲ့ ဒီအခြေအနေကိုလည်း မဖြစ်မနေ ထည့်တွက်ထားဖို့ လိုအပ်ပါတယ်။ ကစားသမားတွေနဲ့ သူတို့ရဲ့ လက်ရှိ ကလပ်တွေရဲ့ အခြေအနေကို ပြန်ကြည့်မယ် ဆိုရင်လည်း ဘရိုက်တန် ကတော့ သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ ရမယ် ဆိုရင် အဓိက ကစားသမားတွေကို ရောင်းထုတ်ခဲ့တဲ့ အစဉ်အလာ ရှိတာကြောင့် ငှက်ကြားတွေ အနေနဲ့ ယာအို ပက်ဒရိုကို ခေါ်ယူဖို့တော့ မခက်ခဲနိုင်ပါဘူး။ ဒါပေမယ့်လည်း နော့တင်ဟမ်ဖောရက်စ် ကတော့ အီလန်ဂါကို ရောင်းချဖို့ အစီအစဉ် မရှိတာကြောင့် ဒီအပြောင်းအရွှေ့ ကတော့ ငှက်ကြားတွေ အတွက် အခက်ခဲဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။ နောက်ဆုံး ဂျိမ်းစ် ထရက်ဖို့ဒ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တချို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပြီး သူတို့ အသုံးပြုမယ့် ပေါင် ၂၅ သန်း ဆိုတဲ့ ပမာဏ ကတော့ နည်းပါးနေပါတယ်။

တစ်ဖက် မှာလည်း နယူးကာဆယ်ဟာ အသင်းရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို မြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပါသေးတယ်။ ဒါကြောင့် ဒီနွေရာသီဟာ နယူးကာဆယ် အတွက် ကျိန်းသေပေါက် အလုပ်ရှုပ်မယ့် အပြောင်းအရွှေ့ ရာသီ ဖြစ်လာဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်