ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘယ်တောင်ပံ နေရာ အတွက် ခရစ္စတယ်ပဲလေ့စ်က အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ဟာ ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ် လက်ရွေးစင် ရိုဒရီဂို ဖြစ်ပြီး ဒီကစားသမားကို မရမှသာ Back up အနေနဲ့ အီးဇီးကို ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဒီနွေရာသီမှာ ကစားသမား ၅ ဦး ခေါ်ယူသွားဖို့ ရှိပြီး အထောင်တိုက်စစ်၊ ကွင်းလယ်၊ တောင်ပံ၊ ခံစစ်နဲ့ ဂိုးသမား တစ်ဦးစီ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရာယာရဲ့ အရန် အဖြစ် ချဲလ်ဆီးက ကီပါ အရစ်ဇာဘာလာဂါ၊ ပါတေးရဲ့ နေရာ အတွက် ခရစ္စတီယန် နောဂတ်၊ ကွင်းလယ် အတွက် မာတင် ဇူဘီမန်ဒီ တို့နဲ့ Here We Go ထားခဲ့ကာ အထောင်တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ် အတွက်တော့ ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာ မသိရသေးပါဘူး။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် အာဆင်နယ်က ခံစစ် အတွက် ဗလင်စီယာက မော့စ်ကီရာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး မကြာခင် အပြောင်းအရွှေ့ အထမြောက်ဖို့ နီးစပ်နေလို့လည်း သိရပါတယ်။
ဒါကြောင့် အာဆင်နယ်က တောင်ပံ တိုက်စစ် နေရာ အတွက် တန်ကြေး မြင့်မားတဲ့ ရိုဒရီဂိုကို လိုက်နေသလို ဟေးအန့် အကယ်ဒမီထွက် ကစားသမားဟောင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်က အီဘာရီချီ အီးဇီး ကိုလည်း ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ပဲလေ့စ် ကတော့ အီးဇီး အတွက် ပေါင် ၆၈ သန်း အလိုရှိနေပြီး ဒီပမာဏဟာ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် မခက်ခဲပေမယ့် ငွေပေးချေမှု ပုံစံ ကိုတော့ ညှိနှိုင်းဖို့ လိုအပ်နေပါသေးတယ်။ တချို့သတင်းတွေမှာ အာဆင်နယ်က အီးဇီး အတွက် ပေါင် သန်း ၆၀ ကို ၃ နှစ် အရစ်ကျ+အပိုဆုကြေး ၈ သန်း ပေးချေဖို့ စဉ်းစားထားပြီး ပဲလေ့စ် ဘက်ကလည်း သဘောတူဖို့ ရှိကြောင်း ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း အီးဇီးကို တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း ခေါ်ယူချင်နေတာကြောင့် အာဆင်နယ် အတွက် လက်နှေးလို့မရတဲ့ အပြောင်းအရွှေ့လည်း ဖြစ်ပါတယ်။

အီးဇီးဟာ အဆင့်သတ်မှတ်ချက် မမှီတာကြောင့် ဟေးအန့် အကယ်ဒမီ ကနေ အသက် ၁၃ နှစ် အရွယ်မှာပဲ ထွက်ခွာခဲ့ရသူ ဖြစ်ပေမယ့် အာဆင်နယ်က ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားလာချိန်မှာတော့ ငြင်းဆန်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ အီးဇီးဟာ အာဆင်နယ် ကနေ ထွက်ခွာရချိန်မှာ အခန်းထဲ တစ်ပတ်လောက် ငိုခဲ့ရကြောင်း ဖွင့်ဟခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ် တချို့ ကတော့ ပေါင်သန်း ၈၀ နဲ့ အထက် သုံးမှ ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ ရိုဒရီဂိုထက် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၈ သန်း ပေးချေတာနဲ့ ခေါ်ယူနိုင်မယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသလို ဂန်းနားသွေးလည်း အပြည့် ရှိနေတဲ့ အီးဇီးကို အသေအချာ ကြိုးပမ်းသင့်ကြောင့် သုံးသပ်နေကြပါတယ်။ တစ်ဖက် မှာလည်း ရိုဒရီဂိုက မီခဲလ် အာတေးတား သဘောကျတဲ့ ကစားသမား ဖြစ်နေတာကြောင့် တောင်ပံ အတွက် ဘယ်ကစားသမားကို ဦးစားပေး ရွေးချယ် ခေါ်ယူမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ အထောင် တိုက်စစ်နဲ့ ဘယ်တောင်ပံဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ အရေးကြီးတဲ့ အင်အား ဖြည့်တင်းမှုတွေ ဖြစ်တာကြောင့် နည်းပြ အာတေးတားနဲ့ အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာ တို့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်နေပြီ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား မိုဟာမက် ကူဒုစ် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ စုံစမ်းမေးမြန်းထားပေမယ့် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ပေးချေရမှာ ဖြစ်လို့ အာဆင်နယ်တို့ လက်တွန့်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.