နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးထွက်အဆင့်မှာ တွေ့ဆုံကြမယ့် အင်တာမီလန်နဲ့ ဖလူမီးနန့်စ်၊ ဒေါ့မန်နဲ့ မွန်တာရေး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားရာမှာတော့ အင်တာမီလန်နဲ့ မွန်တာရေးတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပြီးတော့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။ တခြားသော ပွဲစဉ်တွေ မှာတော့ ဒေါ့မန်က အူလ်ဆန်ဟွန်ဒိုင်းကို အနိုင်ရခဲ့ပြီး မာမယ်လိုဒီဆန်းဒေါင်းစ်နဲ့ ဖလူမီးနန့်စ် တို့ကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

 

အင်တာမီလန် ၂-၀ ရေးဗားပလိတ်

ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်တဲ့ အသင်းက ပြိုင်ပွဲ ကနေ ထွက်ခွာရမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံး အားစိုက်ခဲ့ကြပါတယ်။ အင်တာမီလန်ဟာ ဒီပြိုင်ပွဲမှာ အထနှေးခဲ့ပေမယ့် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ကစားဟန်နဲ့ အတူ ရေးဗားပလိတ်ကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန် အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ အက်စ်ပိုစီတိုနဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ် မှာတော့ ဘက်စတိုနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရေးဗားပလိတ်ဟာ ပွဲချိန် အစောပိုင်းမှာ အင်တာမီလန်ကို ခြေရည်တူနီးပါး ယှဉ်ကစားနိုင်ခဲ့ပေမယ့် ၆၅ မိနစ်မှာ နောက်ခံလူ ကွာတာ အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရချိန်မှာတော့ ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီး မှာလည်း ရေးဗားပလိတ်ရဲ့ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မွန်တီရယ် ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ ပွဲအပြီးမှာ အင်တာမီလန်က ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို အုပ်စု ဗိုလ် အဖြစ်နဲ့ တက်လှမ်းနိုင်ခဲ့ပြီး ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

အူရာဝါရက်ဒ်ဒိုင်းမွန်း ၀-၄ မွန်တာရေး

မက္ကဆီကို ကလပ် မွန်တာရေး ကတော့ အင်တာမီလန်နဲ့ ရေးဗားပလိတ်တို့ တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အူရာဝါရက်ဒ်ဒိုင်းမွန်း ကတော့ ရှေ့နှစ်ပွဲမှာ ရှုံးနိမ့်ထားပြီး ဖြစ်လို့ ဒီပွဲမှာ ဘာမျှော်လင့်ချက်မှ မရှိပဲ ကစားခဲ့ရတာပါ။ မွန်တာရေးဟာ ဂျေလိဂ် ကလပ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီးတော့ ဂိုးပေါက် တည့်မှု ၇ ကြိမ် ကနေ သွင်းဂိုး ၄ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ မွန်တာရေး အတွက် ဂိုးတွေ ကိုတော့ ဒီယိုဆာ၊ ဘာတာရာမီ (၂ ဂိုး) နဲ့ ကိုရိုနာ တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တဲ့ မွန်တာရေးဟာ အင်တာမီလန်နဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးတော့ ဒေါ့မန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

ဒေါ့မန် – အူလ်ဆန်ဟွန်ဒိုင်း

ဒီပွဲ ရလဒ်ကြောင့် ဒေါ့မန်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို အုပ်စု F ရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ တက်လှမ်းသွားခဲ့ပြီး မက္ကဆီကို ကလပ် မွန်တာရေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ် ၂ ပွဲဆက် အနိုင်ရထားတဲ့ ဒေါ့မန်

ဒေါ့မန်ဟာ ရှုံးထွက်တက်ရေး သေချာစေဖို့ ပွဲကို သေချာ အာရုံစိုက်ခဲ့ပေမယ့် ကိုရီးယား ကလပ်ရဲ့ တုန့်ပြန်မှုကြောင့် ဂိုးရဖို့တော့ ခက်ခဲခဲ့ပါတယ်။ ဒေါ့မန်ဟာ အူလ်ဆန်ဟွန်ဒိုင်းကို တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၈ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့တာပါ။ ဒေါ့မန် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဆဗန်ဆန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဒေါ့မန်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို အုပ်စု F ရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ တက်လှမ်းသွားခဲ့ပြီး မက္ကဆီကို ကလပ် မွန်တာရေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

မာမယ်လိုဒီဆန်းဒေါင်းစ် ၀-၀ ဖလူမီးနန့်စ်

ဒီပွဲကတော့ မနေ့က ပွဲစဉ် ၄ ပွဲထဲမှာ ပျင်းရိစရာ အကောင်းဆုံး ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ဘောလုံး အပေးအယူ လုပ်နေတာနဲ့ အချိန်ကုန်နေခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် ဂိုးမရှိ သရေလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီးတော့ ဖလူမီးနန့်စ် ကလည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ တတိယမြောက် ဘရာဇီးလ် ကလပ် ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်