ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အသင်း ကနေ ထွက်ခွာတော့မယ့် ဒါဝင် နူညက်ဇ် နေရာမှာ အစားထိုးဖို့ အတွက် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။ ထူးခြားတာက လစ်ဗာပူးလ်ဟာ အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ကြားဖြတ် ကြိုးပမ်းဖို့ ရှိနေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
နူညက်ဇ်ဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ရုန်းကန်နေခဲ့ရသူ ဖြစ်ပြီး လက်ရှိမှာတော့ နာပိုလီကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လစ်ဗာပူးလ်မှာ အနိမ့်အမြင့် အတက်အကျ များခဲ့တဲ့ နူညက်ဇ်ကို နည်းပြ အာနေး ဆလော့တ်က သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းထားခြင်း မရှိတော့ပဲ ဒီနွေရာသီမှာ သေချာပေါက် ရောင်းထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိချိန်မှာ ဂိုးရှေ့မှာဆို တလွဲတွေ အမြဲလုပ်လေ့ ရှိတဲ့ နူညက်ဇ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ကလည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ စီးရီးအေ ကလပ် နာပိုလီက နူညက်ဇ်ကို ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း) ဝန်းကျင်နဲ့ ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး မကြာခင်မှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု စတင်ဖို့လည်း ရှိနေပါတယ်။ နည်းပြ အာနေး ဆလော့တ်နဲ့ လစ်ဗာပူးလ် တာဝန်ရှိသူတွေ ကတော့ နူညက်ဇ် ထွက်ခွာခဲ့ရင် သူ့ရဲ့ နေရာမှာ အမြန်ဆုံး ပြန်လည် အစားထိုးနိုင်ဖို့ စီစဉ်နေပြီး ပေါ်တူဂီက လာတဲ့ သတင်းတွေ အရတော့ လစ်ဗာပူးလ်ဟာ အာဆင်နယ်ရဲ့ ပစ်မှတ် ဗစ်တာ ယိုကီးရက်စ်ကို ကြားဖြတ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ယိုကီးရက်စ် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကိုသာ ပြောင်းရွှေ့ချင်နေသူ ဖြစ်ပြီး တခြားသော ကလပ်တွေကို ဒုတိယဦးစားပေး အဖြစ်သာ သတ်မှတ်ထားကြောင်း သတင်းထွက်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ အတိအကျ တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို စုံစမ်းနေပြီး ကစားသမားရဲ့ စာချုပ်ပါ လျော်ကြေး ကတော့ ယူရို သန်း ၈၀ (ပေါင် ၆၈ သန်း) ရှိနေပါတယ်။ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း စပို့တင်းလစ္စဘွန်း အတွက် သွင်းဂိုး ၁၀၀ နီးပါး သွင်းယူခဲ့သူ ဖြစ်ပြီး ဒီနွေရာသီ မှာတော့ အသင်းကနေ ထွက်ခွာချင်ကြောင်း ပေါ်တူဂီ ကလပ်ကို အသိပေးထားပါတယ်။ လတ်တလော မှာတော့ အာဆင်နယ်က ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေဆဲ ဖြစ်ပြီး လစ်ဗာပူးလ် အနေနဲ့ ဒီအခြေအနေကို ကျော်လွန်ကာ စွမ်းဆောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ယိုကီးရက်စ်ဟာ အသက်အရွယ်အားဖြင့် ၂၇ နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဆုဖလားတွေ အတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ဒါမှမဟုတ် ဆုဖလား အာမခံချက် ရှိနိုင်တဲ့ အသင်းတေါကို အဓိက ဦးစားပေး စဉ်းစားထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အသင်းကို အဓိက ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်မှာ သူ့ရဲ့ စပိုတင်းလစ္စဘွန်း နည်းပြဟောင်း ရူဘင် အမော်ရင်နဲ့ ပြန်လည် ပေါင်းစည်းခွင့် ကိုတောင် ငြင်းပယ်ထားခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ နူညက်ဇ် အပြင် လူးဝစ္စ ဒီးယက်ဇ် ကလည်း အန်ဖီးလ်မှာ အနာဂတ် မသေချာတော့ပါဘူး။ ကိုလံဘီယာသားကို ဘာစီလိုနာက ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ကာ အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဖလော်ရီယန် ဝစ်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာကြောင့် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရှင်းထုတ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.