လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂို ကိုတော့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ရိုဒရီဂို ကလည်း လာလီဂါ ကလပ်မှာ အနာဂတ်နဲ့ ပတ်သတ်လို့ ကောလာဟလတွေ ဆက်တိုက် ထွက်ပေါ်နေပြီးတော့ ဒီလို အချိန်မှာပဲ ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၉၀ ဈေးနှုန်း သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
စပိန် သတင်းဌာန တစ်ခု ဖြစ်တဲ့ Cadena Ser ရဲ့ ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ သူတို့ရဲ့ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမားကို ရောင်းထုတ်ဖွယ် ရှိနေကြောင်း အတည်ပြုထားပြီး ဘရာဇီးလ်သားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေကြောင်း ဖော်ပြပါတယ်။ အစောပိုင်း မှာတော့ ရိုဒရီဂိုဟာ နည်းပြသစ် ဖြစ်တဲ့ ဇာဘီ အလွန်ဆိုနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ပြီး ဆန်တီယာဂို ဘာနေဗျူးမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဇာဘီ အလွန်ဆို ကတော့ ရိုဒရီဂိုကို ပြီးခဲ့တဲ့ အဲလ်ဟီလာနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ ပွဲထွက်ကစားသမား အဖြစ် အသုံးပြုခဲ့ပေမယ့်လည်း ပါချူကာနဲ့ ပွဲမှာတော့ အရန်ခုံ ပို့ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရိုဒရီဂိုရဲ့ အသင်း ပြောင်းရွှေ့ဖွယ် ရှိတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြီးတော့ လာလီဂါ ကလပ် ကလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ အလိုရှိနေတယ် ဆိုပြီး ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ရိုဒရီဂိုရဲ့ တာဝန်ရှိသူတွေဟာ သူတို့ ကစားသမား အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့နိုင်ဖို့ အတွက် ရွေးချယ်မှုတွေကို စတင် စဉ်းစားနေပြီလို့လည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ် အပါအဝင် တခြားသော ကလပ်တွေရဲ့ စတင် ချိတ်ဆက်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီး နှစ်ဦးနှစ်ဖက် အကျိုး အတွက် အကောင်းဆုံး ဆွေးနွေး စကားပြောဖို့ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရိုဒရီဂိုကို ခေါ်ယူဖို တိုက်စစ်မှူး ရှာဖွေနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေပြီး မန်စီးတီး ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်စီးတီးဟာ ရိုဒရီဂိုကို ယခင် အပြောင်းအရွှေ့တွေမှာ ကတည်းက ခေါ်ယူချင်ကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးသလို ပပ် ဂွါဒီယိုလာ သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ရိုဒရီဂိုဟာ ၂၀၁၇ ခုနှစ်မှာ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ စီနီယာ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ ၃ ရာသီ အတွင်း ပွဲပေါင်း ၈၀ ကစားပြီး ၁၇ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် ကတ်စတီလာမှာ ၃ ပွဲသာ ကစားခဲ့ရပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အချိန်တိုတွင်းမှာ ရီးရဲလ်မက်ဒရစ် စီနီယာ အသင်းကြီးမှာ နေရာပေးခံခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာတော့ ဘရာဇီးလ်သားက ၆ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၆၈ ပွဲ အထိ ကစားခဲ့ရကာ ၆၈ ဂိုး သွင်းယူပြီး ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိထားခဲ့ပါတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.